• Follow Us on

Home အမ်ိဳးသားတိုးတက္ေရးပါတီ ပါတီေအာင္ႏုိင္ေရးအတြက္ ကုိယ္တုိင္မဲဆြယ္ေပးမည္ဟု ပါတီဥကၠ႒ ေဒါက္တာ ေနဇင္လတ္ ေျပာဆုိ

အမ်ိဳးသားတိုးတက္ေရးပါတီ ပါတီေအာင္ႏုိင္ေရးအတြက္ ကုိယ္တုိင္မဲဆြယ္ေပးမည္ဟု ပါတီဥကၠ႒ ေဒါက္တာ ေနဇင္လတ္ ေျပာဆုိ

Share this post

ရန္ကုန္၊ ဇူလိုင္၂၉

လာမည့္ေရြးေကာက္ပြဲ၌ ပါတီေအာင္ႏုိင္ေရးအတြက္ ကုိယ္တုိင္မဲဆြယ္ေပးမည္ျဖစ္ေၾကာင္း အမ်ဳိးသားတုိ္းတက္ ေရးပါတီဥကၠ႒ ေဒါက္တာေနဇင္လတ္က ေျပာပါတယ္။

ေရြးေကာက္ပြဲ၌ တုိင္းေဒသႀကီးမ်ား၏ မဲဆႏၵနယ္ (၅ဝ)ခန္႔ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး အမ်ဳိးသမီးကုိယ္စား လွယ္ေလာင္း (၄၅) ရာခုိင္ႏႈန္းအထိ ပါဝင္ေၾကာင္း ေဒါက္တာေနဇင္လတ္က ဆုိပါတယ္။

“ကိုယ္ကေတာ့ ကိုယ္တိုင္ေတာ့ မ၀င္ဘူး။ ဒါေပမဲ့ မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းစဥ္ေတြမွာ ကိုယ္တိုင္လိုက္ပါ ေဆာင္႐ြက္မယ္။ ေ႐ြးေကာက္ပြဲ၀င္ဖို႔က ကိုယ္စားလွယ္ေလာင္း ပထမကအၾကမ္းအားျဖင့္ ၁၀၀ ေလာက္ လုပ္ထားတယ္။ ေနာက္ပိုင္းၾကေတာ့ မဲျပန္႔မွာစိုးလို႔ ၅၀ ေလာက္လုပ္တယ္။ ၀င္မွာက တိုင္းေဒသႀကီးပါပဲ။ အုပ္စုသုံးခုလုပ္ထားတယ္။ အနားနီးလို႔ ၅၀ လုံး ၀င္ခ်င္လည္း၀င္မယ္ေပါ့။ အမ်ိဳးသမီးက ၂၅ ေလာက္ ရွိပါ တယ္။ ၄၅ ရာခိုင္ႏႈန္းေပါ့” ဟု ၎ကေျပာသည္။

ေဒါက္တာေနဇင္လတ္သည္ ယခင္ႏုိင္ငံေတာ္သမၼတၿငိမ္း ဦးသိန္းစိန္၏ စီးပြားေရးအႀကံေပးေဟာင္းလည္း ျဖစ္ၿပီး စီးပြားေရးလုပ္ငန္းရွင္တစ္ဦးလည္းျဖစ္ကာ ႏုိင္ငံေရးသင္တန္းမ်ားကို ပို႔ခ်သူတစ္ဦးလည္းျဖစ္သည္။

“ကြၽန္ေတာ္တို႔ပါတီကို လူထုကဘာေၾကာင့္ မဲေပးသင့္လဲဆိုေတာ့ ၂၀၁၅ တည္းက ေျပာထားတယ္။ အေျပာင္း အလဲမွာ အစစ္အမွန္ျဖစ္ရမယ္။ ဒါေၾကာင့္ စစ္မွန္ေသာအေျပာင္းအလဲဆိုၿပီး စလိုဂမ္အေနနဲ႔ ျပထားပါတယ္။ အခုၾကေတာ့ ဒါပိုၿပီးထင္ရွားလာတာေပါ့ ၂၀၂၀ ၾကေတာ့။ အခုက ေျပာင္းေတာ့ ေျပာင္းလဲတယ္။ အစစ္အမွန္ မဟုတ္ဘူး။ အတုအေယာင္ေျပာင္းလဲျခင္းေတြျဖစ္ေနတယ္ေပါ့။ အတုအေယာင္ေျပာင္းလဲျခင္းေတြျဖစ္ေနေတာ့ စစ္မွန္တဲ့ေျပာင္းလဲျခင္းဆိုၿပီးလုပ္ထားတယ္။ ေ႐ြးေကာက္ပြဲကေတာ့ႏုိင္မွာပါ။ အားေကာင္းတယ္လို႔လည္း ေျပာ လို႔ရပါတယ္’’ဟု အမ်ိဳးသားတိုးတက္ေရးပါတီဥကၠ႒ ေဒါက္တာေနဇင္လတ္က ထပ္မံေျပာသည္။

#PeopleMedia #2020election #political #အမ်ဳိးသားတုိးတက္ေရးပါတီ

(unicode)
အမျိုးသားတိုးတက်ရေးပါတီ ပါတီအောင်နိုင်ရေးအတွက် ကိုယ်တိုင်မဲဆွယ်ပေးမည်ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ် ပြောဆို
………………………………………………………………….

ရန်ကုန်၊ ဇူလိုင်၂၉

လာမည့်ရွေးကောက်ပွဲ၌ ပါတီအောင်နိုင်ရေးအတွက် ကိုယ်တိုင်မဲဆွယ်ပေးမည်ဖြစ်ကြောင်း အမျိုးသားတို်းတက် ရေးပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်က ပြောပါတယ်။

ရွေးကောက်ပွဲ၌ တိုင်းဒေသကြီးများ၏ မဲဆန္ဒနယ် (၅ဝ)ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီးကိုယ်စား လှယ်လောင်း (၄၅) ရာခိုင်နှုန်းအထိ ပါဝင်ကြောင်း ဒေါက်တာနေဇင်လတ်က ဆိုပါတယ်။

“ကိုယ်ကတော့ ကိုယ်တိုင်တော့ မဝင်ဘူး။ ဒါပေမဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေမှာ ကိုယ်တိုင်လိုက်ပါ ဆောင်ရွက်မယ်။ ရွေးကောက်ပွဲဝင်ဖို့က ကိုယ်စားလှယ်လောင်း ပထမကအကြမ်းအားဖြင့် ၁၀၀ လောက် လုပ်ထားတယ်။ နောက်ပိုင်းကြတော့ မဲပြန့်မှာစိုးလို့ ၅၀ လောက်လုပ်တယ်။ ဝင်မှာက တိုင်းဒေသကြီးပါပဲ။ အုပ်စုသုံးခုလုပ်ထားတယ်။ အနားနီးလို့ ၅၀ လုံး ဝင်ချင်လည်းဝင်မယ်ပေါ့။ အမျိုးသမီးက ၂၅ လောက် ရှိပါ တယ်။ ၄၅ ရာခိုင်နှုန်းပေါ့” ဟု ၎င်းကပြောသည်။

ဒေါက်တာနေဇင်လတ်သည် ယခင်နိုင်ငံတော်သမ္မတငြိမ်း ဦးသိန်းစိန်၏ စီးပွားရေးအကြံပေးဟောင်းလည်း ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ကာ နိုင်ငံရေးသင်တန်းများကို ပို့ချသူတစ်ဦးလည်းဖြစ်သည်။

“ကျွန်တော်တို့ပါတီကို လူထုကဘာကြောင့် မဲပေးသင့်လဲဆိုတော့ ၂၀၁၅ တည်းက ပြောထားတယ်။ အပြောင်း အလဲမှာ အစစ်အမှန်ဖြစ်ရမယ်။ ဒါကြောင့် စစ်မှန်သောအပြောင်းအလဲဆိုပြီး စလိုဂမ်အနေနဲ့ ပြထားပါတယ်။ အခုကြတော့ ဒါပိုပြီးထင်ရှားလာတာပေါ့ ၂၀၂၀ ကြတော့။ အခုက ပြောင်းတော့ ပြောင်းလဲတယ်။ အစစ်အမှန် မဟုတ်ဘူး။ အတုအယောင်ပြောင်းလဲခြင်းတွေဖြစ်နေတယ်ပေါ့။ အတုအယောင်ပြောင်းလဲခြင်းတွေဖြစ်နေတော့ စစ်မှန်တဲ့ပြောင်းလဲခြင်းဆိုပြီးလုပ်ထားတယ်။ ရွေးကောက်ပွဲကတော့နိုင်မှာပါ။ အားကောင်းတယ်လို့လည်း ပြော လို့ရပါတယ်’’ဟု အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်က ထပ်မံပြောသည်။

#PeopleMedia #2020election #political #အမျိုးသားတိုးတက်ရေးပါတီ


Share this post