• Follow Us on

Home အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ရခိုင္ျပည္နယ္ကိုယ္စားလွယ္ေ လာင္းစာရင္းတြင္ ၀င္မၿပိဳင္သည့္ေနရာ အမ်ိဳးသားလႊတ္ေတာ္ ၅ ေန ရာႏွင့္ ျပည္သူ႔လႊတ္ေတာ္ ၂ ေနရာတို႔ပါ၀င္

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ရခိုင္ျပည္နယ္ကိုယ္စားလွယ္ေ လာင္းစာရင္းတြင္ ၀င္မၿပိဳင္သည့္ေနရာ အမ်ိဳးသားလႊတ္ေတာ္ ၅ ေန ရာႏွင့္ ျပည္သူ႔လႊတ္ေတာ္ ၂ ေနရာတို႔ပါ၀င္

Share this post

ရန္ကုန္၊ ဇူလိုင္ ၂၃

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ရခိုင္ျပည္နယ္ကိုယ္စားလွယ္ေလာင္းစာရင္းတြင္ ၀င္မၿပိဳင္သည့္ေနရာ အမ်ိဳးသားလႊတ္ေတာ္ ၅ ေနရာႏွင့္ ျပည္သူ႔လႊတ္ေတာ္ ၂ ေနရာတို႔ပါ၀င္ေၾကာင္းသိရသည္။

ဇူလိုင္ ၂၃ ရက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေဖ့စ္ဘုတ္ေပ့ခ်္မွ ထုတ္ျပန္႔သည့္ ကိုယ္စားလွယ္ေလာင္းမ်ားစာရင္းအရ ရခိုင္ ျပည္နယ္တြင္ စုစုေပါင္း ၇ ေနရာ ၀င္မၿပိဳင္ေၾကာင္းသိရသည္။

အဆိုပါ၀င္မၿပိဳင္သည့္ေနရာမ်ားမွာ ျပည္သူ႔လႊတ္ေတာ္တြင္ ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္ႏွင့္ ေျမာက္ဦး မဲဆႏၵနယ္တို႔ျဖစ္ၿပီး အမ်ိဳးသားလႊတ္ေတာ္တြင္ မဲဆႏၵနယ္အမွတ္ ၅၊ ၆၊ ၈၊ ၉၊ ၁၀ တို႔ျဖစ္ေၾကာင္းသိရသည္။

၎ရခိုင္ျပည္နယ္ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ပတ္သက္၍ NLD ပါတီေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာေဇာ္ျမင့္ေမာင္က သတင္း မီဒီယာမ်ားသို႔ ယခင္ကေျပာၾကားထားရာတြင္ ရခိုင္ျပည္နယ္အတြက္ ကိုယ္စားလွယ္ေလာင္းရရန္ ခက္ခဲေနေၾကာင္း ေျပာၾကား ထားသည္။

ရခိုင္ျပည္နယ္အတြင္း လႈပ္ရွားေနေသာ AA လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ထြန္းျမတ္ႏိုင္က ေျပာၾကားထားရာတြင္ ရခိုင္ျပည္ နယ္အတြင္း ေရြးေကာက္ပြဲလုပ္ပါက ၎တို႔ႏွင့္ လာေရာက္ၫွိနႈိင္းရန္လိုအပ္ေၾကာင္းေျပာၾကားထားသည္။

ရခိုင္ျပည္နယ္အတြင္း မဲဆႏၵနယ္အားလုံး ေရြးေကာက္ပြဲက်င္းပေပးမည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကလည္း မၾကာေသးမီက မဲဆႏၵနယ္ေနရာမ်ားကိုေၾကညာခဲ့သည္။

#PeopleMedia

(unicode)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရခိုင်ပြည်နယ်ကိုယ်စားလှယ် ေလာင်းစာရင်းတွင် ဝင်မပြိုင်သည့်နေရာ အမျိုးသားလွှတ်တော် ၅ နေ ရာနှင့် ပြည်သူ့လွှတ်တော် ၂ နေရာတို့ပါဝင်
…………………………………………………

ရန်ကုန်၊ ဇူလိုင် ၂၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရခိုင်ပြည်နယ်ကိုယ်စားလှယ်လောင်းစာရင်းတွင် ဝင်မပြိုင်သည့်နေရာ အမျိုးသားလွှတ်တော် ၅ နေရာနှင့် ပြည်သူ့လွှတ်တော် ၂ နေရာတို့ပါဝင်ကြောင်းသိရသည်။

ဇူလိုင် ၂၃ ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖေ့စ်ဘုတ်ပေ့ခ်ျမှ ထုတ်ပြန့်သည့် ကိုယ်စားလှယ်လောင်းများစာရင်းအရ ရခိုင် ပြည်နယ်တွင် စုစုပေါင်း ၇ နေရာ ဝင်မပြိုင်ကြောင်းသိရသည်။

အဆိုပါဝင်မပြိုင်သည့်နေရာများမှာ ပြည်သူ့လွှတ်တော်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်နှင့် မြောက်ဦး မဲဆန္ဒနယ်တို့ဖြစ်ပြီး အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ်အမှတ် ၅၊ ၆၊ ၈၊ ၉၊ ၁၀ တို့ဖြစ်ကြောင်းသိရသည်။

၎င်းရခိုင်ပြည်နယ်ကိုယ်စားလှယ်လောင်းများနှင့်ပတ်သက်၍ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က သတင်း မီဒီယာများသို့ ယခင်ကပြောကြားထားရာတွင် ရခိုင်ပြည်နယ်အတွက် ကိုယ်စားလှယ်လောင်းရရန် ခက်ခဲနေကြောင်း ပြောကြား ထားသည်။

ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားနေသော AA လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ထွန်းမြတ်နိုင်က ပြောကြားထားရာတွင် ရခိုင်ပြည် နယ်အတွင်း ရွေးကောက်ပွဲလုပ်ပါက ၎င်းတို့နှင့် လာရောက်ညှိနှိုင်းရန်လိုအပ်ကြောင်းပြောကြားထားသည်။

ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်အားလုံး ရွေးကောက်ပွဲကျင်းပပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း မကြာသေးမီက မဲဆန္ဒနယ်နေရာများကိုကြေညာခဲ့သည်။

#PeopleMedia


Share this post