• Follow Us on

Home အမျိုးသားလုံခြုံရေးအတွက် မြန်မာ့တပ်မတော်၏ ဥပဒေနှင့်အညီ ဆောင်ရွက်မှုများကို အပြည့်အဝထောက်ခံ လျက်တစ်သားတည်းရပ်တည်ကြောင်း နိုင်ငံရေးပါတီ (၂၁) ပါတီ ပူးတွဲထုတ်ပြန်

အမျိုးသားလုံခြုံရေးအတွက် မြန်မာ့တပ်မတော်၏ ဥပဒေနှင့်အညီ ဆောင်ရွက်မှုများကို အပြည့်အဝထောက်ခံ လျက်တစ်သားတည်းရပ်တည်ကြောင်း နိုင်ငံရေးပါတီ (၂၁) ပါတီ ပူးတွဲထုတ်ပြန်

Share this post

နေပြည်တော်၊ မတ် ၂၅

 

အမျိုးသားလုံခြုံရေးအတွက် မြန်မာ့တပ်မတော်၏ ဥပဒေနှင့်အညီဆောင်ရွက်မှုများကို အပြည့်အဝထောက်ခံ လျက် တစ်သားတည်းရပ်တည်ကြောင်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ (၂၁) ပါတီက ပူးတွဲသဘော ထား ထုတ်ပြန်လိုက်သည်။

 

မတ်လ ၂၁ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီဘလင်ကင်က မြန်မာ့တပ်မတော် အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီအသိုင်းအဝိုင်းအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်မှုကို ထုတ်ပြန်ကြေညာခဲ့ကြောင်း ထုတ် ပြန်ထားသည်။

 

၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ မိမိတို့ တိုင်းရင်းသားများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုအပါအဝင် ဘင်္ဂါလီများနှင့် ARSA သောင်းကျန်သူများ၏ မြန်မာတိုင်းရင်းသားများအပေါ် ကျူးလွန်သည့် နှိပ်စက်သတ်ဖြတ်မှုများအားလုံးတွင် မည်သည့်ထုတ်ပြန်ကြေညာချက်မျှ ဆောင်ရွက်ခဲ့ခြင်း မရှိသည်ကိုလည်း မှတ်သားမိကြောင်း ထုတ်ပြန်ထားသည်။

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ပြောချက်သည် ပကတိအခြေအနေမှန်များနှင့် များစွာကွဲလွဲလျက်ရှိပြီး၊ မမှန်မကန်လုပ်ကြံသတင်းများ၊ အတည်မပြုနိုင်သော အချက်အလက်များကို ရည်ညွန်းကိုးကားထားကြောင်း တွေ့ရှိရခြင်း၊ အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းအား ကျွန်ုပ်တို့ နိုင်ငံရေးပါတီများက ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ထားသည်။

 

အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ တပ်မတော်တစ်ရက်အနေဖြင့် အမျိုးသားလုံခြုံရေးအတွက် မြန်မာ့ တပ်မတော်၏ ဥပဒေနှင့်အညီဆောင်ရွက်မှုများကို အပြည့်အဝထောက်ခံလျက် တစ်သားတည်းရပ်တည် ကြောင်း နိုင်ငံရေးပါတီ (၂၁) ပါတီက ပူးတွဲသဘောထား ထုတ်လိုက်သည်။

 

(unicode)


…………………………………………

 


 


 


 


 


 



Share this post