• Follow Us on

Home အမ်ိဳးသားေရးအတြက္ဖြဲ႕စည္းပုံအေျခခံဥပေဒတည္ဆဲဥပေဒတို႔ႏွင့္မကိုက္ညီေသာ မည္သည့္အဖြဲ႕အစည္း၏ လုပ္ ေဆာင္ခ်က္မဆို အသိေပးေျပာၾကားရန္တာ၀န္ရွိေၾကာင္း တပ္မေတာ္ထုတ္ျပန္

အမ်ိဳးသားေရးအတြက္ဖြဲ႕စည္းပုံအေျခခံဥပေဒတည္ဆဲဥပေဒတို႔ႏွင့္မကိုက္ညီေသာ မည္သည့္အဖြဲ႕အစည္း၏ လုပ္ ေဆာင္ခ်က္မဆို အသိေပးေျပာၾကားရန္တာ၀န္ရွိေၾကာင္း တပ္မေတာ္ထုတ္ျပန္

Share this post

ရန္ကုန္၊ နို၀င္ဘာ ၅
အမ်ိဳးသားေရးအတြက္ ဖြဲ႕စည္းပုံအေျခခံဥပေဒ တည္ဆဲဥပေဒတို႔ႏွင့္ မကိုက္ညီေသာ ဒို႔တာ၀န္အေရးသုံးပါးကို ထိခိုက္ေစနိုင္ေသာ မည္သည့္အဖြဲ႕အစည္း၏ လုပ္ေဆာင္ခ်က္မဆို အသိေပးေျပာၾကားရန္ တာ၀န္ရွိေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ သတင္းထုတ္ျပန္ထားသည္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ေပၚျပဴလာမဂၢဇင္းတို႔သည္ ၿပီးခဲ့သည့္ နို၀င္ဘာလ ၃ ရက္ေန႔က ေတြ႕ဆုံေမးျမန္း ခန္းျပဳလုပ္ခဲ့သည္။
အဆိုပါ ေတြ႕ဆုံေမးျမန္းခန္း၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ေျပာၾကားခ်က္မ်ားႏွင့္ပတ္သက္၍ နို၀င္ဘာလ ၄ ရက္ေန႔က နိုင္ငံေတာ္သမၼတ႐ုံး၏ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့သည္။
အဆိုပါ သမၼတ႐ုံးသတင္းစာရွင္းလင္းပြဲ၌ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက တပ္မေတာ္၏ ထုတ္ျပန္ခ်က္နဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ေျပာဆိုခ်က္သည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ နိုင္ငံ့ဥပေဒမ်ားရဲ့ အႏွစ္သာရနဲ႔ ကိုက္ညီမႈမရွိေၾကာင္း ေျပာဆိုခဲ့သည္။
တပ္မေတာ္က နိုင္ငံေတာ္သမၼတ႐ုံး၏ သတင္းစာရွင္းလင္းပြဲႏွင့္ပတ္သက္၍ သတင္းဌာနမ်ား၏ေမးျမန္းခ်က္မ်ားအေပၚ တပ္မေတာ္က နို၀င္ဘာလ (၅)ရက္ေန႔ ၌ စုစည္းေျဖၾကားခ်က္ကို ထုတ္ျပန္ခဲ့သည္။
တပ္မေတာ္၏ ထုတ္ျပန္ခ်က္တြင္ အေျခခံဥပေဒပုဒ္မ ၂၀(ဃ)၊ (င)၊ (စ)တို႔တြင္ တပ္မေတာ္သည္ နိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ကာကြယ္ေရးတြင္း ျပည္သူတစ္ရပ္လုံးပါ၀င္ေရး စီမံခန႔္ခြဲခြင့္ရွိၿပီး၊ ဒို႔တာ၀န္အေရးသုံးပါးကို ကာကြယ္ေစာင့္ေရွာက္ရန္ တပ္မေတာ္တြင္ အဓိကတာ၀န္ရွိေၾကာင္း၊ တပ္မေတာ္သည္ နိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒကို ကာကြယ္ေစာင့္ေရွာက္ရန္ အဓိကတာ၀န္ရွိသည္ဟု ျပဠာန္းထားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
သို႔ျဖစ္၍ တပ္မေတာ္အေနျဖင့္ အမ်ိဳးသားေရးအတြက္ ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ တည္ဆဲဥပေဒတို႔ႏွင့္ မကိုက္ညီေသာ ဒို႔တာ၀န္အေရးသုံးပါးကို ထိခိုက္ေစနိုင္ေစသာ မည္သည့္အဖြဲ႕အစည္း၏ လုပ္ေဆာင္ခ်က္ကိုမဆို အသိေပးေျပာၾကားရန္ တာ၀န္ရွိေၾကာင္း တပ္မေတာ္ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။
ထပ္မံ၍ ေရြးေကာက္ပြဲႏွင့္ မဲဆြယ္စည္း႐ုံးမႈမ်ားေၾကာင့္ ျဖစ္ေပၚေနေသာ ပဋိပကၡမ်ား အျငင္းပြားမႈမ်ားမွတဆင့္ တည္ၿငိမ္ေရးႏွင့္ ျပည္သူလူထု၏ လူမႈစီးပြားေရးဘ၀လုံၿခဳံေရးကို ထိခိုက္ေစလာနိုင္ေသာအခါတြင္ တပ္မေတာ္က ျပည္သူလူထုႏွင့္ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားကို အသိေပးရမည္ျဖစ္ေၾကာင္း တပ္မေတာ္ထုတ္ျပန္ခ်က္တြင္ ေရးသားသည္။
ထိုေၾကာင့္ တပ္မေတာ္၏ ထုတ္ျပန္ခ်က္မ်ား၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ေျပာၾကားခ်က္မ်ားသည္ အေျခခံဥပေဒႏွင့္ ကိုက္ညီစြာေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ထုတ္ျပန္ထားသည္။
#PeopleMedia #UEC #2020election
(unicode)
အမျိုးသားရေးအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆဲဥပဒေတို့နှင့်မကိုက်ညီသော မည်သည့်အဖွဲ့အစည်း၏ လုပ် ဆောင်ချက်မဆို အသိပေးပြောကြားရန်တာဝန်ရှိကြောင်း တပ်မတော်ထုတ်ပြန်
………………………………………………………….
ရန်ကုန်၊ နိုဝင်ဘာ ၅
အမျိုးသားရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆဲဥပဒေတို့နှင့် မကိုက်ညီသော ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေနိုင်သော မည်သည့်အဖွဲ့အစည်း၏ လုပ်ဆောင်ချက်မဆို အသိပေးပြောကြားရန် တာဝန်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းထုတ်ပြန်ထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ပေါ်ပြူလာမဂ္ဂဇင်းတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က တွေ့ဆုံမေးမြန်း ခန်းပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံမေးမြန်းခန်း၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်များနှင့်ပတ်သက်၍ နိုဝင်ဘာလ ၄ ရက်နေ့က နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
အဆိုပါ သမ္မတရုံးသတင်းစာရှင်းလင်းပွဲ၌ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တပ်မတော်၏ ထုတ်ပြန်ချက်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ပြောဆိုချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံ့ဥပဒေများရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုမရှိကြောင်း ပြောဆိုခဲ့သည်။
တပ်မတော်က နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်၍ သတင်းဌာနများ၏မေးမြန်းချက်များအပေါ် တပ်မတော်က နိုဝင်ဘာလ (၅)ရက်နေ့ ၌ စုစည်းဖြေကြားချက်ကို ထုတ်ပြန်ခဲ့သည်။
တပ်မတော်၏ ထုတ်ပြန်ချက်တွင် အခြေခံဥပဒေပုဒ်မ ၂၀(ဃ)၊ (င)၊ (စ)တို့တွင် တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင်း ပြည်သူတစ်ရပ်လုံးပါဝင်ရေး စီမံခန့်ခွဲခွင့်ရှိပြီး၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်ဟု ပြဠာန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်၍ တပ်မတော်အနေဖြင့် အမျိုးသားရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေတို့နှင့် မကိုက်ညီသော ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေနိုင်စေသာ မည်သည့်အဖွဲ့အစည်း၏ လုပ်ဆောင်ချက်ကိုမဆို အသိပေးပြောကြားရန် တာဝန်ရှိကြောင်း တပ်မတော်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထပ်မံ၍ ရွေးကောက်ပွဲနှင့် မဲဆွယ်စည်းရုံးမှုများကြောင့် ဖြစ်ပေါ်နေသော ပဋိပက္ခများ အငြင်းပွားမှုများမှတဆင့် တည်ငြိမ်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားရေးဘဝလုံခြုံရေးကို ထိခိုက်စေလာနိုင်သောအခါတွင် တပ်မတော်က ပြည်သူလူထုနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများကို အသိပေးရမည်ဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်ချက်တွင် ရေးသားသည်။
ထိုကြောင့် တပ်မတော်၏ ထုတ်ပြန်ချက်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်များသည် အခြေခံဥပဒေနှင့် ကိုက်ညီစွာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထုတ်ပြန်ထားသည်။
#PeopleMedia #UEC #2020election


Share this post