• Follow Us on

Home အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဆိုသည့်ရပ်တည်ချက်နှင့်အညီ တပ်မတော်၏လုပ်ငန်းစဉ်များကို NNDP ပါတီမှ အလေးအနက်ထောက်ခံကြောင်း ကြေညာ

အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဆိုသည့်ရပ်တည်ချက်နှင့်အညီ တပ်မတော်၏လုပ်ငန်းစဉ်များကို NNDP ပါတီမှ အလေးအနက်ထောက်ခံကြောင်း ကြေညာ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၇
တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဆိုသည့်ရပ်တည်ချက်နှင့်အညီ တပ်မတော်၏ လုပ်ငန်းစဉ်များကို အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)မှ အလေးအနက်ထောက်ခံကြောင်း ကြေညာ ချက်တစ်စောင် ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များသည် အာဏာသက်ရောက် ပြီး သို့မဟုတ် ညွှန်ကြားချက်သဘောသက်ရောက်ပြီးဟု မှတ်ယူရမည်ဖြစ်သည့် အတွက် နိုင်ငံတော် သမ္မတဦးဝင်းမြင့်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ လူမှုဝန် ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့သည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပါတီ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ပါပြဋ္ဌာန်းချက် ပုဒ်မ ၆၄၊ ပုဒ်မ ၂၃၂ ပုဒ်မခွဲ(ဋ)စသည့် ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည် ထို့အပြင် ခွင့်ပြုခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်လည်း ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်ခြင်းရှိ၊ မရှိဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်းလည်း ဖော်ပြပါရှိသည်။
ဆက်လက်ပြီး ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် လေးပုံတစ်ပုံက တောင်းဆိုလျှင် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး အမြန်ဆုံးခေါ်ယူကျင်းပပေးရ မည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄ ပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သော တည်ဆဲဥပဒေများအားလုံးကို လိုက်နာဆောင်ရွက်ရန် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဟူသော ရပ်တည်ချက်နှင့်အညီ ဆောင်ရွက်မည့်တပ်မတော်၏ လုပ်ငန်းစဉ်များကို အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)ပါတီမှ လေးလေးနက်နက်ထောက်ခံကြောင်း ထုတ်ပြန်ကြေညာသည်။
#PeopleMedia
(unicode)
…………………………………………………………
#PeopleMedia


Share this post