• Follow Us on

Home အမျိုးသားရေးလှုပ်ရှားသူ ဒေါ်ခင်ဝိုင်းကြည် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်


Share this post

ရန်ကုန်၊ ဇွန် – ၁၈








(unicode)
အမျိုးသားရေးလှုပ်ရှားသူ ဒေါ်ခင်ဝိုင်းကြည် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်
….…………………………………………………

ရန်ကုန်၊ ဇွန် – ၁၈

အမျိုးသားရေးလှုပ်ရှားသူ ဒေါ်ခင်ဝိုင်းကြည် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း အမျိုးသားရေး တက်ကြွလှုပ်ရှားသူအချို့က အတည်ပြုပြောဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ၌ ဒေါ်ခင်ဝိုင်းကြည်သည် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ရန် စီစဉ် ထားတယ်လို့် အမျိုးသားရေးလှုပ်ရှားသူအချို့က ဆိုပါတယ်။

အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီကို မိုက်ကယ်ကျော်မြင့်မှ တည်ထောင်ခဲ့ပြီး အဆိုပါ ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိပါတယ်။

ဒေါ်ခင်ဝိုင်းကြည်သည် ယခင် လွှတ်တော်၌ NDF ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

လက်ရှိအချိန်၌ အမျိုးသားရေးလှုပ်ရှားမှုများ၌ ဦးဆောင်သူအဖြစ် ပါဝင်လျက်ရှိပါတယ်။

ထိုကဲ့သို့ အမျိုးသားရေးလှုပ်ရှားသူ ဒေါ်ခင်ဝိုင်းကြည်မှ ၂၀၂၀ ရွေးကောက်ပွဲ၌ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ကိုယ်စား ပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားမှုအပေါ် People Media မှ မေးမြန်းရာတွင် သူမအနေဖြင့် လက်တလော မစဉ်းစား သေးကြောင်း ဆိုပါတယ်။

#PeopleMedia #2020Election


Share this post