• Follow Us on
Latest News

Home အမျိုး၊ ဘာသာ၊ သာသနာတော်ကို ယခုထက်ပိုပြီး ထိန်းသိမ်းစောင့်ရှောက်ရန် ရွာမဆရာတော်ကြီးမှ န-စ-က ဥက္ကဋ္ဌကို မိန့်ကြားခဲ့

အမျိုး၊ ဘာသာ၊ သာသနာတော်ကို ယခုထက်ပိုပြီး ထိန်းသိမ်းစောင့်ရှောက်ရန် ရွာမဆရာတော်ကြီးမှ န-စ-က ဥက္ကဋ္ဌကို မိန့်ကြားခဲ့

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၆ (People Media)

 

နိုဝင်ဘာ ၅ ရက်နေ့ န-စ-ကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်သြဝါဒါစရိယ၊ အင်းစိန်ရွာမဆရာတော် ဘုရားကြီးအား သွားရောက်ဖူးမျော်ကြည်ညိုရာ၌ ဆရာတော်ဘုရားကြီးမှ အမျိုး၊ ဘာသာ၊ သာသနာတော်ကို ယခုထက်ပိုပြီး ထိန်းသိမ်းစောင့်ရှောက်ရန် မိန့်ကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြထားချက်အရ သိရ ပါတယ်။

 

န-စ-ကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်သြဝါဒါစရိယ၊ အင်းစိန်ရွာမဆရာတော်ဘုရားကြီးအား သွား ရောက် ဖူးမျှော်ကြည်ညိုရာ၌ န-စ-ကဥက္ကဋ္ဌမှ ဆရာတော်ကြီးထံ ”နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် “မာရဝိဇယ” ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ များကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒများ၊ သာသနာတော်ထုံး၊ ရုပ်ပွား ဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများနှင့်အညီ ထုဆစ်ပူဇော်လျက်ရှိသည့်အခြေအနေများ၊ ထို့ပြင် မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဘုရားဖူးလာ မိဘပြည်သူများဖူးမြော်ရာ၌ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌက ထာ ဋီကာ ကျမ်းစာမြတ်ကိုပါ တစ်ပါတည်း ဖူးမြော်ကြည်ညို ပူဇော်နိုင်ရေး၊ ဗုဒ္ဓသာသနာတော် ထွန်းကား ပြန့်ပွားရေး၊ ခေတ်အဆက်ဆက် မှတ်တမ်းကျန်ရှိစေရေးတို့အတွက် ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာ ကျမ်းစာများကို စကျင်ကျောက်တော်များ၌ ထွင်းထုပူဇော်၍ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စိုက်ထူနိုင်ရေးအတွက် လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ အဆိုပါ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်း စာများကို ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်ကာ ပါဠိဘာသာနှင့် Romanize Language ယှဉ်တွဲ၍ စာအုပ်ရိုက်နှိပ်ထုတ်ဝေပြီး နိုင်ငံတကာရှိ ဗုဒ္ဓတက္ကသိုလ်များ၊ စာသင်တိုက်များ၊ ကျောင်းတော်ကြီး များသို့ အခမဲ့ဖြန့်ချိပေးသွားမည့်အခြေအနေများ၊ ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများတွင်လည်း ဗုဒ္ဓသာသနာ တော် ထွန်းကားပြန့်ပွားရေးဆိုင်ရာများကို ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ဦးစွာတင်ပြ လျှောက်ထားခဲ့ကြောင်း” နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ သိရပါတယ်။

 

ထိုနောက် နိုင်ငံတော်သြဝါဒါစရိယ၊ အင်းစိန်ရွာမဆရာတော်ဘုရားကြီးက “တိုင်းပြည်နှင့် လူမျိုးဖွံ့ဖြိုးတိုး တက်ရေး၊ ဘာသာသာသနာတော် ထွန်းကားပြန့်ပွားရေးများကို လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် ဝမ်း မြောက်မိကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာတော်ကို ယခုထက်ပိုပြီး ထိန်းသိမ်းစောင့်ရှောက်ရန်” မိန့်ကြားခဲ့ ကြောင်း နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြထားပါတယ်။

 

#PeopleMedia #ရွာမဆရာတော်ဘုရားကြီး #နစက

 

(unicode)


………………………………………………

 


 


 


 


 



Share this post