• Follow Us on

Home အမှုတစ်သီတစ်တန်းကြီးရှိသည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်လာဘ်စားမှုဖြင့် ထပ်မံတရား စွဲဆို

အမှုတစ်သီတစ်တန်းကြီးရှိသည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်လာဘ်စားမှုဖြင့် ထပ်မံတရား စွဲဆို

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၄ (People Media)

 

အရပ်ဘက်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား လာဘ်စားမှုဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထပ်မံတ ရားစွဲဆိုလိုက်သည်ဟု မြန်မာစစ်အစိုးရက ကြေညာလိုက်ကြောင်း အစိုးရပိုင်ရုပ်သံဌာနက ထုတ်လွှင့်ကြေညာ သွားခဲ့သည်။

 

အသက် ၇၆ နှစ်ရှိပြီဖြစ်သော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အမှုပေါင်း တစ်ဒါဇင်နီးပါးဖြင့်တရား စွဲဆိုခံထားရပြီး ယင်းအမှုအားလုံးပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှစ်ပေါင်း ၁၅၀ ထက်မနည်းကျခံရမည်ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အခြားအမှုများအတွက် ထောင်ဒဏ်ခြောက်နှစ် ပြစ်ဒဏ်ချမှတ်ခံထား ရပြီးဖြစ်သည်။

 

မြန်မာ့တပ်မတော်၏ ပြောခွင့်ရပုဂ္ဂိုလ်ထံ မေးမြန်းရန်ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသလို ဒေါ်  အောင်ဆန်းစုကြည်အမှုှနှင့်ပတ်သက်၍ ပြင်ပသို့ထုတ်ဖော်ပြောဆိုခြင်းမပြုရန် ပိတ်ပင်ခံထားရသည့် ၎င်း၏ ရှေ့  နေများနှင့်လည်း ဆက်သွယ်၍မရပါ။

 

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် နှစ်နှစ်၊ COVID-19 ကပ်ရောဂါဘေးနှင့် ဆက်နွယ်သည့် သဘာဝဘေးအန္တရာယ်ဥပဒေ ချိုး ဖောက်မှုဖြင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့သည်။

 

နောက်ပိုင်းတွင် အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (ဒေါ်အောင်ဆန်းစုကြည်ကို  ချမှတ်ခဲ့သည့်ထောင်ဒဏ် လေးနှစ်ထဲမှ) ထောင်ဒဏ်နှစ်နှစ်အား ပြစ်ဒဏ်မှလွတ်ငြိမ်း ခွင့်ပေးခဲ့ကြောင်း အစိုးရ ပိုင်ရုပ်သံဌာနက ထုတ်လွှင့်ကြေညာခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည်အား လမ်းလျှောက်စကာပြောစက်များ တရားမဝင်တင် သွင်းခြင်း/ လက်ဝယ်ပိုင်ဆိုင်  ထားခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းစည်းကမ်းများချိုးဖောက်ခြင်း စွဲချက်နှစ်ခုဖြင့်စွဲဆိုထားသည့် တရားစွဲဆိုမှု  တွင် ပြစ်မှုထင်ရှားကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့တွင် (တရားရုံးက) တွေ့ရှိခဲ့သည်။

 

လမ်းလျှောက်စကားပြောစက် တရားမဝင်ဝယ်ယူ/ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်သည့်အမှုများမှာ စစ်အာဏာသိမ်း သည့်နေတွင် စစ်သားများက ဒေါ်အောင်ဆန်းစုကြည်အိမ်ကိုဝင်ရောက်စီးနင်းရာ၌ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုများအားလုံးအတွက် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်လေးနှစ်ချမှတ်ခံရခြင်းဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် တစ်မှုလျှင် ထောင်ဒဏ် ၁၅ နှစ် ကျခံရနိုင်သည့် အဂတိလိုက်စားမှုအများအပြား နှင့် ရင်ဆိုင်နေရသည့်အပြင် မြန်မာအစိုးရလျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်သည့်အမှုနှင့်လည်း ရင်ဆိုင် နေရသည်။

 

စစ်အာဏာသိမ်းပြီးသည့်အချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီဝင်တစ်ဦးဖြစ်သူသည် အကြမ်းဖက် မှုများကျူးလွန်သည့်အတွက် သေဒဏ်ချမှတ်ခံခဲ့ရသလို နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်အများအပြားမှာလည်း ဖမ်း ဆီးခံခဲ့ရသည်။

 

Ref: Myanmar’s Aung San Suu Kyi faces new bribery charge in string of cases: State TV

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Myanmar’s Aung San Suu Kyi faces new bribery charge in string of cases: State TV

 

#PeopleMedia


Share this post