• Follow Us on

Home အမှုသုံးခုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်

အမှုသုံးခုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်

Share this post

မြစ်ကြီးနား၊ ဇန်နဝါရီ ၁၀ (People Media)

 

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ပြုလုပ်သည့် ရုံးချိန်းအတွင်း၌ အမှုသုံးမှုအတွက် ထောင်ဒဏ် ၅ နှစ်ထပ်မံချမှတ်ခံခဲ့ရကြောင်း သိရသည်။

 

ယနေ့ ချမှတ်ခဲ့သည့်အမှုများမှာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မအတွက် ထောင်ဒဏ် ၂ နှစ်၊ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း နေပြည်တော် ရွှေကြာပင်ရပ်ကွက်တွင် ကိုဗစ်စည်းကမ်းဖောက်ဖျက်ခဲ့သည့် စွဲဆိုချက်ဖြင့် သဘာဝဘေးစီမံဥပဒေပုဒ်မအတွက် ထောင်ဒဏ် ၂ နှစ်နှင့် ဆက်သွယ်ရေးဥပဒေပပုဒ်မအတွက် ထောင်ဒဏ် ၁ နှစ် စုစုပေါင်း ၅ နှစ် တစ်ပေါင်းတည်းကျခံရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တရားရုံးက ချမှတ်လိုက်သည့်အမှု ၃ ခုအတွက် ထောင်ဒဏ် ၅ နှစ်ဖြစ်သော်လည်း တပေါင်းတည်းကျခံရန် ဆုံးဖြတ်ခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထောင်ဒဏ် ၄ နှစ် ကျခံရနိုင်ဖွယ်ရှိကြောင်း တရား ရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းများထံမှ သိရသည်။

 

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခင်က ထောင်ဒဏ် ၂ နှစ်ချခံရန် ချမှတ်ခံထားရပြီး ယခုတစ်ကြိမ် အမိန့်ချ မှတ်မှုအပါအဝင် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ရှိလာပြီဖြစ်သည်။

 

ယင်းအပြင် ထပ်မံစွဲဆိုထားသည့် အဂတိအမှု၊ ရွေးကောက်ပွဲဆိုင်ရာအမှုများကိုလည်း ဆက်လက်ရင်ဆိုင်ရန်ရှိ နေသေးကြောင်း သိရသည်။

 

ကေကေ(EPN)

 

#PeopleMedia #EPN

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 

#PeopleMedia #EPN


Share this post