• Follow Us on
Latest News

Home အမှိုက်ပုံးအတွင်းသို့ အမှိုက်ထုတ် သွားပစ်သည့် အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မိုင်းပေါက်ကွဲ ၍ ကွယ်လွန်

အမှိုက်ပုံးအတွင်းသို့ အမှိုက်ထုတ် သွားပစ်သည့် အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မိုင်းပေါက်ကွဲ ၍ ကွယ်လွန်

Share this post

မော်လမြိုင်၊ ဇန်နဝါရီ ၁၉ (People Media)

 

ယနေ့နံနက်ပိုင်း(၆း၃၀)အချိန်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ပင်လုံလမ်းထောင့်ရှိ အမှိုက်ပုံးအတွင်းသို့ အမှိုက်သွားပစ်သည့် အသက် (၈) နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးသည် မိုင်းပေါက်ကွဲပြီး ရရှိဒဏ်ရာများဖြင့် မော်လမြိုင်ဆေးရုံ၌ ဆေးဝါးကုသခဲ့သော်လည်း ကွယ်လွန်ခဲ့သည်။

 

“ဒဏ်ရာကပြင်းတော့ ကျိုက်မရောဆေးရုံက မရလို့ မော်လမြိုင်ဆေးရုံကို သွားတာ။ ဖြစ်တာက ၆ နာရီ ခွဲ ကျော်မှာ အမှိုက်ပုံးထဲကနေ မိုင်းကွဲတာ။ ၁၁ နာရီမှာ ဆုံးသွားတယ်” လို့ မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

အမှိုက်ပုံးထဲရှိ မိုင်းပေါက်ကွဲမှုကြောင့် မိန်းကလေးငယ်၏ မျက်နှာတစ်ခြမ်း ထိခိုက်ပျက်စီးခဲ့သလို လက်ချောင်း များလည်း ပြတ်တောက်ခဲ့သည်။

 

ရရှိဒဏ်ရာများကို တာဝန်ရှိသူများက ကျိုက်မရောဆေးရုံမှတစ်ဆင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော် လည်း ဆေးဝါးကုသနေစဉ် မော်လမြိုင်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

 

“မေးချင်တာက စစ်တပ်ကို မကျေနပ်ရင် စစ်တပ်ကို သတ္တိရှိရှိရင်ဆိုင်ကြပါ။ ရဲကို မကျေနပ်ရင် ရဲကို သတ္တိရှိရှိ ရင်ဆိုင်ကြပါ။ အခုက အရပ်ဘက် ပစ်မှတ်တွေကို လုပ်နေတာ ဘာတော်လှန်ရေးလည်းဗျာ။ တော်လှန်ရေး ဆိုတာ ဘာလည်း သူတို့ကိုယ်တိုင် နားလည်ကြရဲ့လား။ မကျေနပ်ရင် ပြည်နယ်အစိုးရအဖွဲ့ရုံးရှိတယ်။ သတ္တိရှိရှိ လူပီသစွာ ရင်ဆိုင်ကြပါ” လို့ မြို့ခံတစ်ဦးက ပြောသည်။

 

အလားတူ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များတွင် အမှိုက်ပုံးအတွင်း၌ လက်လုပ်ဗုံးများ၊ မိုင်းများ ထောင်ထားမှုကြောင့် သန့်ရှင်းရေးဝန်ထမ်းများအပါအဝင် ပြည်သူများ သေဆုံးခဲ့သည်။

 

Photo – စောလင်းထွန်း

 

#PeopleMedia # ကျိုက်မရောမြို့

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 



Share this post