• Follow Us on

Home အရက္မူးေနသူက အသက္ ၄ ႏွစ္သားကို အုတ္ခဲျဖင့္ အေသထုသတ္

အရက္မူးေနသူက အသက္ ၄ ႏွစ္သားကို အုတ္ခဲျဖင့္ အေသထုသတ္

Share this post

ဒါကာ၊ ဒီဇင္ဘာ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဘဂၤလားေဒ့႐ွ္ႏိုင္ငံ၊ ဆူနမ္ဂန္႔ၿမိဳ႕တြင္ အရက္မူးေနသူတေယာက္က အသက္ ၄ ႏွစ္သားအ႐ြယ္ကေလး ငယ္ကို အုတ္ခဲျဖင့္ အေသထုသတ္မႈျဖစ္ခဲ့သည္။

ေသာၾကာေန႔ေန႔လည္ပိုင္းတြင္ ထိုျဖစ္ရပ္ျဖစ္ပြားခဲ့ၿပီး ေဒသခံမ်ားက အဗၺဒူ ဟာလင္ဆိုသည့္လူငယ္ကို ရဲလက္အပ္ခဲ့သည္။ ျဖစ္စဥ္ကို အနား႐ွိလံုၿခံဳေရးကင္မရာတြင္ မွတ္တမ္းတင္ထားႏုိင္သည္။

ကေလးငယ္သည္ ကစားကြင္းတြင္ကစားေနျခင္းျဖစ္ေၾကာင္း မိသားစုကေျပာၿပီး အရက္မူးေနသည့္ ဟာလင္က လမ္းေဘးမွျဖတ္သြားစဥ္ ကေလးကိုကန္ခဲ့ၿပီးေနာက္ ေျမေပၚသို႔ကိုင္ေပါက္ကာ ကေလး ေခါင္းကို အုတ္ခဲျဖင့္အနည္းဆံုး ၅ ခ်က္ထုခဲ့သည္။

ကေလးငယ္ေခါင္းကြဲၿပီး ေသြးအလြန္အကၽြံထြက္ေနသျဖင့္ အိမ္နီးခ်င္းမ်ားက ေဆး႐ံုသို႔ပို႔ခဲ့ၿပီး ေဆး႐ံုတြင္ ေသဆံုးေၾကာင္းေၾကညာခဲ့သည္။ ကေလးငယ္ကိုယခုကဲ့သို႔သတ္ျဖတ္ႏိုင္ျခင္းသည္ လက္ခံႏိုင္စရာ ျဖစ္ရပ္မဟုတ္ေၾကာင္း၊ ဟာလင္ကို စစ္ေဆးေမးျမန္းေနေသာ္လည္း ေမးခြန္းထုတ္တိုင္း အေျဖတမ်ိဳးစီ ထြက္ေနေၾကာင္း ဆူနမ္ဂန္႔ၿမိဳ႕မွရဲမွဴး ႐ွဟီဒူ ရာမန္ကေျပာသည္။

Ref : Drunk man beats 4-year-old to death with brick in Sunamganj

#PeopleMedia

(unicode)
အရက်မူးနေသူက အသက် ၄ နှစ်သားကို အုတ်ခဲဖြင့် အသေထုသတ်
……………………………………

ဒါကာ၊ ဒီဇင်ဘာ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဆူနမ်ဂန့်မြို့တွင် အရက်မူးနေသူတယောက်က အသက် ၄ နှစ်သားအရွယ်ကလေး ငယ်ကို အုတ်ခဲဖြင့် အသေထုသတ်မှုဖြစ်ခဲ့သည်။

သောကြာနေ့နေ့လည်ပိုင်းတွင် ထိုဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး ဒေသခံများက အဗ္ဗဒူ ဟာလင်ဆိုသည့်လူငယ်ကို ရဲလက်အပ်ခဲ့သည်။ ဖြစ်စဉ်ကို အနားရှိလုံခြုံရေးကင်မရာတွင် မှတ်တမ်းတင်ထားနိုင်သည်။

ကလေးငယ်သည် ကစားကွင်းတွင်ကစားနေခြင်းဖြစ်ကြောင်း မိသားစုကပြောပြီး အရက်မူးနေသည့် ဟာလင်က လမ်းဘေးမှဖြတ်သွားစဉ် ကလေးကိုကန်ခဲ့ပြီးနောက် မြေပေါ်သို့ကိုင်ပေါက်ကာ ကလေး ခေါင်းကို အုတ်ခဲဖြင့်အနည်းဆုံး ၅ ချက်ထုခဲ့သည်။

ကလေးငယ်ခေါင်းကွဲပြီး သွေးအလွန်အကျွံထွက်နေသဖြင့် အိမ်နီးချင်းများက ဆေးရုံသို့ပို့ခဲ့ပြီး ဆေးရုံတွင် သေဆုံးကြောင်းကြေညာခဲ့သည်။ ကလေးငယ်ကိုယခုကဲ့သို့သတ်ဖြတ်နိုင်ခြင်းသည် လက်ခံနိုင်စရာ ဖြစ်ရပ်မဟုတ်ကြောင်း၊ ဟာလင်ကို စစ်ဆေးမေးမြန်းနေသော်လည်း မေးခွန်းထုတ်တိုင်း အဖြေတမျိုးစီ ထွက်နေကြောင်း ဆူနမ်ဂန့်မြို့မှရဲမှူး ရှဟီဒူ ရာမန်ကပြောသည်။

Ref : Drunk man beats 4-year-old to death with brick in Sunamganj

#PeopleMedia


Share this post