• Follow Us on

Home အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ထုတ်လုပ်တပ်ဆင်သောလုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းတင်သွင်းခွင့်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း MIC ထုတ်ပြန်

အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ထုတ်လုပ်တပ်ဆင်သောလုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းတင်သွင်းခွင့်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း MIC ထုတ်ပြန်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၅ (People Media)

 

အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ထုတ်လုပ်တပ်ဆင်သောလုပ်ငန်းများ၏ ကုန် ကြမ်းပစ္စည်းတင်သွင်းခြင်းနှင့် လုပ်ငန်းသုံး သကြားတင်သွင်းခွင့်များ တင်ပြလျှောက်ထားရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ ခွင့်ပြုချက်ယူရတော့မည်ဖြစ်ကြောင်း MIC မှ ထုတ်ပြန်လိုက်သည်။

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၀၀ ပုဒ်မခွဲ (ခ)အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကို ကျင်းသုံး၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူ ချောမွေ့စွာဆောင်ရွက်နိုင်စေရေး အတွက် ဤအမိန့် ကြော်ငြာစာကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီများ၏ ခွင့်ပြုမိန့်၊ အတည်ပြု မိန့်များဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများက အခွန်အကောက်ပေးဆောင် တင်သွင်းသည့် ကိစ္စရပ်များ (အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်သော လုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းတင်သွင်းခြင်းနှင့် လုပ်ငန်းသုံးသကြား တင်သွင်းခြင်း ကိစ္စရက်များမှအပ)တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၂၃၀အရ ကော်မရှင်၏ ထောက်ခံချက်ရယူရန် မလိုအပ်ဘဲ ကုန်သွယ် ရေးဦးစီးဌာနနှင့် အကောက်အခွန် ဦးစီးဌာနများသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ တိုက်ရိုက် လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း MIC ထုတ်ပြန်ထားသည်။

 

အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ထုတ်လုပ်တပ်ဆင်သော လုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းတင်သွင်းခြင်းနှင့် လုပ်ငန်းသုံး သကြားတင်သွင်းခွင့်များ တင်ပြလျှောက်ထားရာတွင် နှစ်အလိုက် ကုန်ကြမ်းလိုအပ်ချက်ကို  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)သို့ တစ်နှစ်ချင်း အလိုက် တင်ပြလျှောက်ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း MICမှ ထုတ်ပြန်လိုက်သည်။

 

#PeopleMedia #MiC

 

(unicode)


………………………………………………………………….

 


 


 


 


 


 

#PeopleMedia #MiC


Share this post