• Follow Us on

Home အရပ္ဖက္၀န္ေဆာင္မႈလုပ္ငန္းေတြမွာ ဘဂၤါလီလူငယ္ ၆၀၀၀၀ ကို ဘဂၤလားေဒ့႐ွ္အစိုးရခန္႔ထားမည္

အရပ္ဖက္၀န္ေဆာင္မႈလုပ္ငန္းေတြမွာ ဘဂၤါလီလူငယ္ ၆၀၀၀၀ ကို ဘဂၤလားေဒ့႐ွ္အစိုးရခန္႔ထားမည္

Share this post

ဒါကာ၊ ဇန္နဝါရီ – ၂၇

ဘဂၤလားေဒ့႐ွ္ႏိုင္ငံ၊ ေကာ့က္စ္ဘဇားခ႐ိုင္မွာ အေျခခံ၀န္ေဆာင္မႈေတြရ႐ွိႏိုင္မႈ တိုးျမွင့္ေပးဖို႔နဲ႔ လူမႈေရးကိစၥေတြ ခံႏိုင္ရည္႐ွ္ိဖို႔ အနည္းဆံုးဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား) လူငယ္ ၆၀၀၀၀ ကို ခန္႔ထားေတာ့မွာပါ။

အဲဒီလူငယ္ေတြကို “အေရးေပၚက႑စံု႐ိုဟင္ဂ်ာအၾကပ္အတည္းတံု႔ျပန္ေရးစီမံကိန္း”အရ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ မွာ ပါ၀င္ခိုင္းေနတယ္လို႔ ဘဂၤလားေဒ့႐ွ္သဘာ၀ေဘးစီမံခန္႔ခြဲေရးႏွင့္ ကယ္ဆယ္ေရး၀န္ႀကီးဌာနမွာ႐ွိတဲ့ သတင္းရင္းျမစ္ေတြက ေျပာပါတယ္။

စိတ္ခ်ရတဲ့ေသာက္ေရရဖို႔၊ သန္႔႐ွင္းေရးသံုးအေဆာက္အအံုေတြ တိုးျမွင့္ ေပးဖို႔နဲ႔ က်န္းမာေရးနဲ႔ ကိုက္ညီမႈေတြ တိုးျမွင့္ေပး႐ံုသာမက အႏၲရာယ္႐ွိတဲ့လူေတြအတြက္ ရာသီဥတုဒဏ္ခံႏိုင္ တဲ့အေဆာက္အအံုေတြအတြက္ လည္း စီမံကိန္းက အာမခံေပးမွာပါ။ ကမာၻ႔ဘဏ္အုပ္စု၀င္ ႏိုင္ငံတကာဖြံ႕ၿဖိဳးတိုး တက္မႈဆိုင္ရာအသင္း(IDA)က စီမံကိန္းအတြက္ ဘဂၤလားေဒ့႐ွ္တာကာ ၂၉၁.၁၅ သိန္းေပးသြားမွာပါ။

ကမာၻ႔စားနပ္ရိကၡာအစီအစဥ္(WFP)ကလည္း ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား) လူငယ္ ၆၀၀၀၀ ကို ေလ့က်င့္ေပးၿပီးေနာက္ လိုအပ္ခ်က္အေျခခံၿပီး ကုလသမဂၢေအဂ်င္စီေတြမွာ တိုက္႐ိုက္ခန္႔ထားဖို႔ အဆိုတင္ သြင္းထားတယ္လို႔ ဘဂၤလားေဒ့႐ွ္သဘာ၀ေဘးစီမံခန္႔ခြဲေရးႏွင့္ ကယ္ဆယ္ေရး၀န္ႀကီးဌာနအႀကီးတန္းအတြင္း ၀န္အမ္ဒီ ႐ွာကာမယ္ကေျပာပါတယ္။

အဲဒီလူငယ္ေတြဟာ ၆ ကီလိုမီတာ႐ွည္တဲ့လမ္းေဖာက္ဖို႔၊ စတုရန္းမီတာ ၆၀၀၀၀ ႐ွိတဲ့ ေတာင္ေစာင္းကာကြယ္ ေရးလုပ္ဖို႔၊ ၂.၄ ကီလိုမီတာ႐ွည္တဲ့ေလွ်ာက္လမ္းနဲ႔ ဝါးေရကန္ေတြေဆာက္ဖို႔အျပင္ သူတို႔စခန္းေတြမွာ ျပန္ လည္တည္ေဆာက္ေရးလိုအပ္တဲ့လုပ္ငန္းေတြလုပ္ရမွာလို႔လည္း အသိေပးပါတယ္။ ဒီလိုလုပ္ငန္းေတြမွာ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား)လူငယ္ေတြပါ၀င္လာရင္ ယာဘေမွာင္ခိုကူးတာနဲ႔ အသက္မျပည့္ ေသးခင္လက္ထပ္တာတို႔လို မႈခင္းေတြေလွ်ာ့ခ်ႏိုင္လိမ့္မယ္လို႔လည္း ေျပာပါတယ္။ လက္႐ွိမွာေတာ့ ေကာ့က္စ္ ဘဇားကစခန္း ၃၄ ခုမွာ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား) ၇၄၅၀၀၀ ေက်ာ္ ၾကပ္ၾကပ္သိပ္သိပ္ ေနထိုင္ေနၾကပါတယ္။

Source- The Independent

Photo- The Independent

#PeopleMedia

(Unicode)
အရပ်ဖက်ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဘင်္ဂါလီလူငယ် ၆၀၀၀၀ ကို ဘင်္ဂလားဒေ့ရှ်အစိုးရခန့်ထားမည်
…………………………………………………………

ဒါကာ၊ ဇန်နဝါရီ – ၂၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့က်စ်ဘဇားခရိုင်မှာ အခြေခံဝန်ဆောင်မှုတွေရရှိနိုင်မှု တိုးမြှင့်ပေးဖို့နဲ့ လူမှုရေးကိစ္စတွေ ခံနိုင်ရည်ရှ်ိဖို့ အနည်းဆုံးဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) လူငယ် ၆၀၀၀၀ ကို ခန့်ထားတော့မှာပါ။

အဲဒီလူငယ်တွေကို “အရေးပေါ်ကဏ္ဍစုံရိုဟင်ဂျာအကြပ်အတည်းတုံ့ပြန်ရေးစီမံကိန်း”အရ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ မှာ ပါဝင်ခိုင်းနေတယ်လို့ ဘင်္ဂလားဒေ့ရှ်သဘာဝဘေးစီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာနမှာရှိတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စိတ်ချရတဲ့သောက်ရေရဖို့၊ သန့်ရှင်းရေးသုံးအဆောက်အအုံတွေ တိုးမြှင့် ပေးဖို့နဲ့ ကျန်းမာရေးနဲ့ ကိုက်ညီမှုတွေ တိုးမြှင့်ပေးရုံသာမက အန္တရာယ်ရှိတဲ့လူတွေအတွက် ရာသီဥတုဒဏ်ခံနိုင် တဲ့အဆောက်အအုံတွေအတွက် လည်း စီမံကိန်းက အာမခံပေးမှာပါ။ ကမ္ဘာ့ဘဏ်အုပ်စုဝင် နိုင်ငံတကာဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာအသင်း(IDA)က စီမံကိန်းအတွက် ဘင်္ဂလားဒေ့ရှ်တာကာ ၂၉၁.၁၅ သိန်းပေးသွားမှာပါ။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကလည်း ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) လူငယ် ၆၀၀၀၀ ကို လေ့ကျင့်ပေးပြီးနောက် လိုအပ်ချက်အခြေခံပြီး ကုလသမဂ္ဂအေဂျင်စီတွေမှာ တိုက်ရိုက်ခန့်ထားဖို့ အဆိုတင် သွင်းထားတယ်လို့ ဘင်္ဂလားဒေ့ရှ်သဘာဝဘေးစီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာနအကြီးတန်းအတွင်း ဝန်အမ်ဒီ ရှာကာမယ်ကပြောပါတယ်။

အဲဒီလူငယ်တွေဟာ ၆ ကီလိုမီတာရှည်တဲ့လမ်းဖောက်ဖို့၊ စတုရန်းမီတာ ၆၀၀၀၀ ရှိတဲ့ တောင်စောင်းကာကွယ် ရေးလုပ်ဖို့၊ ၂.၄ ကီလိုမီတာရှည်တဲ့လျှောက်လမ်းနဲ့ ဝါးရေကန်တွေဆောက်ဖို့အပြင် သူတို့စခန်းတွေမှာ ပြန် လည်တည်ဆောက်ရေးလိုအပ်တဲ့လုပ်ငန်းတွေလုပ်ရမှာလို့လည်း အသိပေးပါတယ်။ ဒီလိုလုပ်ငန်းတွေမှာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)လူငယ်တွေပါဝင်လာရင် ယာဘမှောင်ခိုကူးတာနဲ့ အသက်မပြည့် သေးခင်လက်ထပ်တာတို့လို မှုခင်းတွေလျှော့ချနိုင်လိမ့်မယ်လို့လည်း ပြောပါတယ်။ လက်ရှိမှာတော့ ကော့က်စ် ဘဇားကစခန်း ၃၄ ခုမှာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) ၇၄၅၀၀၀ ကျော် ကြပ်ကြပ်သိပ်သိပ် နေထိုင်နေကြပါတယ်။

Source- The Independent

Photo- The Independent

#PeopleMedia


Share this post