• Follow Us on

Home အရပ္သား(ဘြဲ႕ရ)အမ်ိဳးသားမ်ားကို တပ္မေတာ္မွ ဗိုလ္ေလာင္းအျဖစ္ ေခၚယူမည္

အရပ္သား(ဘြဲ႕ရ)အမ်ိဳးသားမ်ားကို တပ္မေတာ္မွ ဗိုလ္ေလာင္းအျဖစ္ ေခၚယူမည္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၂၃

တကၠသိုလ္ဘြဲ႕ရအမ်ိဳးသားမ်ားကို တပ္မေတာ္မွ ဗိုလ္ေလာင္းအျဖစ္ေခၚယူသြားမည္ ျဖစ္ေၾကာင္း ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ၫႊန္ၾကားစာ ထုတ္ျပန္ထားသည္။

တပ္မေတာ္မွ အရပ္သားဘြဲရမ်ားကို ဗိုလ္ေလာင္း ေလွ်ာက္လႊာေခၚယူရာတြင္ ပညာ ေရးဝန္ႀကီးဌာနရွိ တကၠသိုလ္မ်ားမွ ဥပေဒဘြဲ႕၊ဝိဇၨာဘြဲ႕(စိတ္ပညာ)၊ သိပၸံဘြဲ႕ (ကုန္ထုတ္ ဓာတု)၊သိပံၸဘြဲ႕(အားကစား)စသည့္တို႔ ေလွ်ာက္ထားနိုင္သည္။ အဆိုပါ ေလွ်ာက္ထား သူမ်ားသည္ သတ္မွတ္ခ်က္မ်ားႏွင့္ညီၫႊတ္မႈရွိလွ်င္ တပ္မေတာ္(ၾကည္း)၊ ဗိုလ္ေလာင္း သင္တန္းေက်ာင္း(ဗထူး)၊ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၁၂၄)တက္ရမည္ျဖစ္သည္။

ေလွ်ာက္ထားလိုသူမ်ားသည္တိုင္းေဒသႀကီး/ျပည္နယ္မ်ားရွိ ကာကြယ္ေရးဦးစီးခ်ဳပ္ ႐ုံး(ၾကည္း)၊ စစ္ရာထူးခန့္ခ်ဳပ္႐ုံးႏွင့္ တိုင္းစစ္ဌာနခ်ဳပ္မ်ားသို႔ေလွ်ာက္ထားနိုင္သည္။

“အေရးအခင္းေနာက္ပိုင္းမွာ အင္ဂ်င္နီယာေတြကို အုပ္စုလိုက္ေခၚသြားတယ္။ အဲ့ဒီေနာက္ ပိုင္း ေခၚတာမရွိေတာ့ဘူး။ လြန္ခဲ့တဲ့ ငါးႏွစ္အတြင္း ဘြဲ႕ရအခ်ိဳ႕ကို တိုးတိုးတိတ္တိတ္ ေခၚသြားတာရွိတယ္။ ဒီေနာက္ပိုင္း မၾကားဘူး”ဟု ေဒါက္မတာေအာင္မ်ိဳး (တပ္မေတာ္ အရာရွိေဟာင္း) ကဆိုသည္။

အရပ္သား တကၠသိုလ္ဘြဲ႕ရမ်ားကို တပ္မေတာ္မွ ဗိုလ္ေလာင္းအျဖစ္ ေခၚယူမႈအေပၚ People Media မွ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းထံ ဆက္သြယ္ ေသာ္လည္း ဆက္သြယ္၍ မရခဲ့ပါ။

#PeopleMedia #Army

[Unicode]
အရပ်သား(ဘွဲ့ရ)အမျိုးသားများကို တပ်မတော်မှ ဗိုလ်လောင်းအဖြစ် ခေါ်ယူမည်
…………………………………………………………………………………………..

ရန်ကုန်၊ အောက်တိုဘာ – ၂၃

တက္ကသိုလ်ဘွဲ့ရအမျိုးသားများကို တပ်မတော်မှ ဗိုလ်လောင်းအဖြစ်ခေါ်ယူသွားမည် ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ညွှန်ကြားစာ ထုတ်ပြန်ထားသည်။

တပ်မတော်မှ အရပ်သားဘွဲရများကို ဗိုလ်လောင်း လျှောက်လွှာခေါ်ယူရာတွင် ပညာ ရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များမှ ဥပဒေဘွဲ့၊ဝိဇ္ဇာဘွဲ့(စိတ်ပညာ)၊ သိပ္ပံဘွဲ့ (ကုန်ထုတ် ဓာတု)၊သိပ္ပံဘွဲ့(အားကစား)စသည့်တို့ လျှောက်ထားနိုင်သည်။ အဆိုပါ လျှောက်ထား သူများသည် သတ်မှတ်ချက်များနှင့်ညီညွှတ်မှုရှိလျှင် တပ်မတော်(ကြည်း)၊ ဗိုလ်လောင်း သင်တန်းကျောင်း(ဗထူး)၊ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၄)တက်ရမည်ဖြစ်သည်။

လျှောက်ထားလိုသူများသည်တိုင်းဒေသကြီး/ပြည်နယ်များရှိ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံးနှင့် တိုင်းစစ်ဌာနချုပ်များသို့လျှောက်ထားနိုင်သည်။

“အရေးအခင်းနောက်ပိုင်းမှာ အင်ဂျင်နီယာတွေကို အုပ်စုလိုက်ခေါ်သွားတယ်။ အဲ့ဒီနောက် ပိုင်း ခေါ်တာမရှိတော့ဘူး။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ဘွဲ့ရအချို့ကို တိုးတိုးတိတ်တိတ် ခေါ်သွားတာရှိတယ်။ ဒီနောက်ပိုင်း မကြားဘူး”ဟု ဒေါက်မတာအောင်မျိုး (တပ်မတော် အရာရှိဟောင်း) ကဆိုသည်။

အရပ်သား တက္ကသိုလ်ဘွဲ့ရများကို တပ်မတော်မှ ဗိုလ်လောင်းအဖြစ် ခေါ်ယူမှုအပေါ် People Media မှ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံ ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

#PeopleMedia #Army


Share this post