• Follow Us on

Home အရပ်သား ၃၀ ဒဏ်ရာရခဲ့တဲ့ ဒွန်းဘက်စ်လေကြောင်းတိုက်ခိုက်မှုမှာ ရုရှားနိုင်ငံက ဓာတုဗုံးသုံးစွဲခဲ့ တယ်လို့ ယူကရိန်းအရာရှိတွေက စွပ်စွဲပြောဆို

အရပ်သား ၃၀ ဒဏ်ရာရခဲ့တဲ့ ဒွန်းဘက်စ်လေကြောင်းတိုက်ခိုက်မှုမှာ ရုရှားနိုင်ငံက ဓာတုဗုံးသုံးစွဲခဲ့ တယ်လို့ ယူကရိန်းအရာရှိတွေက စွပ်စွဲပြောဆို

Share this post

နိုင်ငံတကာ၊ မတ် ၁၄

 

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်းဘက်စ်ဒေသမှာ ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီး ကျောင်းတစ် ကျောင်းမှာ စစ်ဘေးဒဏ်ခိုလှုံနေတဲ့ အရပ်သား ၃၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး အဲဒီလို တိုက် ခိုက်ရာမှာ ရုရှားနိုင်ငံက ဖောစပရပ်ဓာတုဗုံးတွေကို အသုံးပြုခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

 

နိုင်ငံတကာဥပဒေအရ လူဦးရေထူထပ်တဲ့အရပ်သားတွေနေထိုင်တဲ့နယ်မြေတွေမှာ အဖြူရောင် ဖော့ စပရပ်ကျည် တွေကို သုံးစွဲခွင့်ပိတ်ပင်ထားပေမဲ့လည်း သာမန်စစ်မြေပြင်မှာတော့ တပ်ဖွဲ့ဝင်တွေ အကာအကွယ်ရဖို့အတွက် သုံးစွဲခွင့်ပြုထားပါတယ်။

 

ရုရှားတပ်ဖွဲ့ဝင်တွေက အဲဒီဓာတုလက်နက်တွေကို သူတို့နယ်မြေမှာ အသုံးပြုခဲ့တယ်လို့ လူးဂန့်စ်ခ် မြို့တော်ရဲ့ အနောက်ဘက် မိုင် ၆၀ လောက်ကွာဝေးတဲ့နေရာက ပိုပက်စ်နာမြို့က ရဲတပ်ဖွဲ့အကြီး အကဲ အိုလက်ဆီဘိုင်လို ရှက်စကီးက တနင်္ဂနွေနေ့ ညနေပိုင်းက ပြောကြားလိုက်ပါတယ်။

 

“နာဇီတွေက အဲဒီဗုံးမျိုးကို မီးတောက်နေတဲ့ကြက်သွန်လို့ခေါ်တယ်။ ရုရှားဖက်ဆစ်ဝါဒီတွေက အဲဒီ ဗုံးမျိုးတွေကို ကျွန်တော်တို့ မြို့တွေပေါ် ကြဲချခဲ့တာပါ။ မဖော်ပြိနိုင်လောက်အောင် ခံစားရပြီး လောင် ကျွမ်းခဲ့ပါတယ်။” လို့ ၎င်းက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

 

ယူကရိန်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Sviatoguirsk ဘုန်းကြီးကျောင်းပေါ်ကိုလည်း ဗုံးတွေကြဲချခဲ့ပါတယ်။

 

အဲဒီ ဘုန်းကြီးကျောင်းမှာ လူဦးရေ ၁၀၀၀ လောက် စစ်ဘေးရှောင် ခိုလှုံနေပြီး ဗုံးဒဏ်ကြောင့် လူဦးရေ ၃၀ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းအရာရှိတစ်ဦးက ပြောပါတယ်။

 

စနေနေ့ညက စစ်ဘေးရှောင်ပြည်သူတွေ စီးနင်းလာတဲ့ရထားတစ်စီးဟာ ဒွန်းဘက်စ်ကနေ ယူကရိန်း နိုင်ငံ အနောက်ပိုင်း လဗီးမြို့ကို ခုတ်မောင်းသွားစဉ် အမြောက်ကျည်ထိမှန်ခဲ့တယ်လို့ ဒွန်းညက်စစ် ခေါင်းဆောင် ပါဗလို ကီရီလန်ကိုက ပြောပါတယ်။

 

အဲဒီဖြစ်စဉ်မှာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းကပြောပါတယ်။

 

ဒွန်းဘက်စ်ဒေသလို့ သိထားကြတဲ့ ယူကရိန်းအရှေ့ပိုင်းက လူးဂန့်စ်ခ်နဲ့ ဒွန်းညက်ဒေသတွေကို ယူက ရိန်းနိုင်ငံ ရုရှားတပ်တွေ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ကျူုးကျော်တိုက်ခိုက်မှုမလုပ်ခင်ကတည်းက ရုရှားလိုလားတဲ့ ခွဲ ထွက်ရေးဝါဒီတွေက တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတာဖြစ်ပါတယ်။

 

Ref: Strike in Donbas Wounds 30, Russia Accused of Chemical Attacks

 

(unicode)


……………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Strike in Donbas Wounds 30, Russia Accused of Chemical Attacks


Share this post