• Follow Us on
Latest News

Home အရာတော်မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီဝင် လင်မယားနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သည့်အပြင် ဓားဖြင့် ဝိုင်း ခုတ်သဖြင့် လင်ဖြစ်သူ သေဆုံး

အရာတော်မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီဝင် လင်မယားနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သည့်အပြင် ဓားဖြင့် ဝိုင်း ခုတ်သဖြင့် လင်ဖြစ်သူ သေဆုံး

Share this post

စစ်ကိုင်း၊ စက်တင်ဘာ ၂၄ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီဝင် လင်မယားနှစ်ဦးသည် သေနတ်ဖြင့် ပစ်ခတ်ခံ ရသည့်အပြင် ဓားဖြင့်ဝိုင်းခုတ်သဖြင့် လင် သေဆုံးခဲ့ပြီး မယားဖြစ်သူ ဓါးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများမှ People Media သို့ အတည်ပြုပြောဆိုချက်အရ သိရှိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ပြည်ခိုင်ဖြိုးပါတီဝင် ဦးသိန်းဌေးတို့လင်မယားသည် ရွာ၏တောင်ဘက်၌ ဈေးဝယ်ပြီးအပြန်လမ်း၌ မျက်နှာပုဆိုးစည်းထားသည့် လူ ၁၅ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ပြီး ဓားဖြင့် ဝိုင်းခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

၎င်းတို့နှစ်ဦးတွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဓားဖြင့်ပါဝိုင်းခုတ်သဖြင့် ဦးသိန်းဌေး အသက် ၅၁ နှစ်သည် သေ ဆုံးခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ခင်မိုးရွှေမှ ခြေထောက်၌ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရ သည်။

 

အလားတူ စစ်ကိုင်းတိုင်း၌ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ်မတော်ထောက်ခံသူများ၊ အစိုးရဝန်ထမ်းများအပါအဝင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ကြံသတ်ဖြတ်ခံရမှု ဖြစ်ပေါ်လျက်ရှိသည်။

 

အလားတူ စစ်ကိုင်းတိုင်းရှိ သံဃာတော်အချို့လည်း လုပ်ကြံခံရလျှက်ရှိသည်။

 

#PeopleMedia #စစ်ကိုင်း #အရာတော် #USDP

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 



Share this post