• Follow Us on

Home အရာတော်မြို့နယ်၌ စစ်မှုထမ်းဟောင်းနှင့်အတူ အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံရ

အရာတော်မြို့နယ်၌ စစ်မှုထမ်းဟောင်းနှင့်အတူ အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၇ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၌ စစ်မှုထမ်းဟောင်းနှင့်အတူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ် ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

 

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ နောင်ကြီးအိုင်ရွာနှင့် ရေယိုရွာကြားတွင် စက်တင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းအချိန်တွင် စစ်မှုထမ်းဟောင်းဆိုသူမှာ ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး အရပ်သားဖြစ်သူမှာ လိန်မလှမူးဘောင်ပေါ်၌ နေ့လည်ပိုင်းအချိန်တွင် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။

 

၎င်းတို့ကိုမူ မည်သည့်အဖွဲ့မှ မည်သည့်အကြောင်းကြောင့် လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ကြောင်းကိုမူ မသိရှိရသေး ပေ။

 

ထို့အပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်လည်း ဘင်တဲကုန်းကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် သတင်းပေး သူ အမျိုးသားတစ်ဦးကို စက်တင်ဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဖောင်းဒိုင်းဖောင်းဒိုင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ယင်းသေဆုံးသူမှာ ဘင်တဲကုန်းကျေးရွာသား အောင်ကျော်ဆန်းဖြစ်ပြီး ဟံလင်းနှင့် စခန်းသာရွာကြား၌ လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။

 

အလားတူ ဖောင်းဒိုင်းဖောင်းဒိုင်းအဖွဲ့မှ ဒလန်နှင့် ပျူစောထီး ၅ ဦး သုတ်သင်ထားပြီး မိုင်တဲတာဝါတိုင် ၅ တိုင် ကိုလည်း ဖောက်ခွဲဖျက်ဆီးပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #စစ်ကိုင်း #အရာတော်

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 



Share this post