• Follow Us on

Home အလုပ္မရွိ၍ မိဘကို မေထာက္ပံ့နိုင္ျခင္းေၾကာင့္ အမ်ိဳးသမီးငယ္တစ္ဦး မိမိကိုယ္ အဆုံးစီရင္

အလုပ္မရွိ၍ မိဘကို မေထာက္ပံ့နိုင္ျခင္းေၾကာင့္ အမ်ိဳးသမီးငယ္တစ္ဦး မိမိကိုယ္ အဆုံးစီရင္

Share this post

မေကြး၊ ဒီဇင္ဘာ – ၂၀

မေကြးတိုင္းေဒသႀကီး၊ေတာင္တြင္းႀကီးၿမိဳ႕နယ္၌ အလုပ္မရွိ၍ မိဘကို မေထာက္ပံ့နိုင္ျခင္းေၾကာင့္ အမ်ိဳးသမီးငယ္တစ္ဦး မိမိကိုယ္ အဆုံးစီရင္မႈ ျဖစ္စဥ္ ေပၚေပါက္ခဲ့သည္။

ျဖစ္စဥ္မွာ ေသဆုံးသူ အမ်ိဳးသမီးသည္ အသက္(၂၂)ႏွစ္ အ႐ြယ္ရွိသူျဖစ္ၿပီး ၎သည္ ရန္ကုန္တိုင္းေဒသႀကီး၊လသာၿမိဳ႕နယ္ရွိ ၾကက္ေၾကာ္အေရာင္းဆိုင္၌ ဝန္ထမ္းအျဖစ္ အလုပ္လုပ္ကိုင္ခဲ့သည္။သို႔ေသာ္ အဆိုပါ ဆိုင္သည္ ဆိုင္ပိတ္သိမ္းခဲ့ျခင္းေၾကာင့္ ဒီဇင္ဘာ(၁၇)ရက္ေန႕ ၎ေနထိုင္ရာ ေက်း႐ြာသို႔ ေရာက္ရွိခဲ့သည္။

ထိုသို႔ မိမိေနအိမ္သို႔ ေရာက္ရွိၿပီးေနာက္ ၎၏ မိဘမ်ားသည္ လယ္ထဲသို႔ သြားေရာက္စဥ္ အမ်ိဳးသမီးငယ္သည္ ၎၏ လက္ေကာက္ဝတ္၊လည္ပင္းတို႔၌ ပလိတ္ဓါးျဖင့္ မႊန္းခဲ့သည္။အဆိုပါ ဒဏ္ရာမ်ားေၾကာင့္ အမ်ိဳးသမီးငယ္သည္ သတိလစ္လဲက်ေနသည့္ ျဖစ္စဥ္ေၾကာင့္ က်န္းမာေရး ေဆးခန္းသို႔ ပို႔ေဆာင္ခဲ့ေသာ္လည္း ေသဆုံးခဲ့သည္။

ေသဆုံးခဲ့သည့္ အမ်ိဳးသမီးငယ္၏ ေနအိမ္၌ ေသြးစြန္းေနေသာ ဘလိတ္ဓါးတစ္ေခ်ာင္းႏွင့္အတူ CB Bank စာအုပ္၏ ေက်ာဘက္တြင္ “ဒီမွာ ပိုက္ဆုံ တစ္သိန္းသုံးေသာင္းရွိတယ္။ဒို႔႐ြာမွာရွိတဲ့ ဘုန္းႀကီးကို သကၤန္းလႉ”စသည့္တို႔ကို ေရးသားထားေၾကာင္း ရဲမွတ္တမ္း၌ ေဖာ္ျပထားသည္။

မိခင္ျဖစ္သူက ၎၏ သမီးျဖစ္သူသည္ ၾကက္ေၾကာ္ဆိုင္၌ အလုပ္လုပ္ၿပီး ရရွိလာသည့္ လုပ္ခေငြမ်ားကို မိဘထံ ေထာက္ပံ့ေပးသူျဖစ္ေၾကာင္း၊ဆိုင္ပိတ္သိမ္းလိုက္ျခင္းေၾကာင့္ ယခုကဲ့သို႔ ျပဳ႕လုပ္ျခင္းျဖစ္ေၾကာင္း သက္ဆိုင္ရာရဲတပ္ဖြဲ႕၌ ထြက္ခ်က္ေပးခဲ့သည္။

#PeopleMedia #Magway

[Unicode]
အလုပ်မရှိ၍ မိဘကို မထောက်ပံ့နိုင်ခြင်းကြောင့် အမျိုးသမီးငယ်တစ်ဦး မိမိကိုယ် အဆုံးစီရင်
……………………………………………………………………………………

မကွေး၊ဒီဇင်ဘာ-၂၀

မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ်၌ အလုပ်မရှိ၍ မိဘကို မထောက်ပံ့နိုင်ခြင်းကြောင့် အမျိုးသမီးငယ်တစ်ဦး မိမိကိုယ် အဆုံးစီရင်မှု ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်မှာ သေဆုံးသူ အမျိုးသမီးသည် အသက်(၂၂)နှစ် အရွယ်ရှိသူဖြစ်ပြီး ၎င်းသည် ရန်ကုန်တိုင်းဒေသကြီး၊လသာမြို့နယ်ရှိ ကြက်ကြော်အရောင်းဆိုင်၌ ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။သို့သော် အဆိုပါ ဆိုင်သည် ဆိုင်ပိတ်သိမ်းခဲ့ခြင်းကြောင့် ဒီဇင်ဘာ(၁၇)ရက်နေ့ ၎င်းနေထိုင်ရာ ကျေးရွာသို့ ရောက်ရှိခဲ့သည်။

ထိုသို့ မိမိနေအိမ်သို့ ရောက်ရှိပြီးနောက် ၎င်း၏ မိဘများသည် လယ်ထဲသို့ သွားရောက်စဉ် အမျိုးသမီးငယ်သည် ၎င်း၏ လက်ကောက်ဝတ်၊လည်ပင်းတို့၌ ပလိတ်ဓါးဖြင့် မွှန်းခဲ့သည်။အဆိုပါ ဒဏ်ရာများကြောင့် အမျိုးသမီးငယ်သည် သတိလစ်လဲကျနေသည့် ဖြစ်စဉ်ကြောင့် ကျန်းမာရေး ဆေးခန်းသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့သည်။

သေဆုံးခဲ့သည့် အမျိုးသမီးငယ်၏ နေအိမ်၌ သွေးစွန်းနေသော ဘလိတ်ဓါးတစ်ချောင်းနှင့်အတူ CB Bank စာအုပ်၏ ကျောဘက်တွင် “ဒီမှာ ပိုက်ဆုံ တစ်သိန်းသုံးသောင်းရှိတယ်။ဒို့ရွာမှာရှိတဲ့ ဘုန်းကြီးကို သင်္ကန်းလှူ”စသည့်တို့ကို ရေးသားထားကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

မိခင်ဖြစ်သူက ၎င်း၏ သမီးဖြစ်သူသည် ကြက်ကြော်ဆိုင်၌ အလုပ်လုပ်ပြီး ရရှိလာသည့် လုပ်ခငွေများကို မိဘထံ ထောက်ပံ့ပေးသူဖြစ်ကြောင်း၊ဆိုင်ပိတ်သိမ်းလိုက်ခြင်းကြောင့် ယခုကဲ့သို့ ပြု့လုပ်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာရဲတပ်ဖွဲ့၌ ထွက်ချက်ပေးခဲ့သည်။

သက်နောင်

#PeopleMedia #Magway


Share this post