• Follow Us on
Latest News

Home အလုပ္ရပ္နားခံရသည့္ကာလတြင္ အေဆာင္ႏွင့္ ေနအိမ္ငွားရမ္းခမ်ားကို ေစာင့္ဆိုင္းေပးရန္ ရပ္/ေက်းအုပ္ခ်ဳပ္ ေရးႏွင့္ ေထြအုပ္မ်ား ပူးေပါင္းေဆာင္ရြက္မည္

အလုပ္ရပ္နားခံရသည့္ကာလတြင္ အေဆာင္ႏွင့္ ေနအိမ္ငွားရမ္းခမ်ားကို ေစာင့္ဆိုင္းေပးရန္ ရပ္/ေက်းအုပ္ခ်ဳပ္ ေရးႏွင့္ ေထြအုပ္မ်ား ပူးေပါင္းေဆာင္ရြက္မည္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၉
 
ကိုဗစ္ႏုိင္တီးေၾကာင့္ စက္႐ုံအလုပ္႐ုံမ်ား ရပ္ဆိုင္းထားသည့္ကာလတြင္ အေဆာင္ပိုင္ရွင္၊ အိမ္ပိုင္ရွင္မ်ား အေနျဖင့္ အေဆာင္ငွားခ၊ အိမ္ငွားခကို ေစာင့္ဆိုင္းေပးရန္အတြက္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ႏွင့္ ဌာနဆိုင္ရာမ်ားက ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္း အလုပ္သမား၊ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြမွ ေျပာပါတယ္။
 
စက္တင္ဘာ ၈ ရက္ေန႔က အလုပ္သမားအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား၊ ျမန္မာနိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္တို႔မွ တာဝန္ရွိသူမ်ားႏွင့္ ျမန္မာနိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ (CTUM) အဖြဲ႕မ်ားႏွင့္ ညႇိႏွိုင္းေဆြးေႏြးစဥ္ ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြမွ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း (CTUM)က ထုတ္ျပန္ပါတယ္။
 
အထက္ပါ ထုတ္ျပန္ခ်က္တြင္အလုပ္သမားမ်ားစိုးရိမ္ပူပန္ေနသည့္ လုပ္ခလစာအခ်ိန္မီရရွိေရး ေဆာင္ ရြက္ေနေၾကာင္းႏွင့္ လူမႈဖူလုံေရးတြင္အက်ဳံးမဝင္သည့္ ေန႔စား၊ ယာယီ၊ ပုပ္ျပတ္၊ ေဆာက္လုပ္ေရး၊ အေႏွးယာဥ္၊ ကုန္တင္ကုန္ခ်၊ ေမာ္ေတာ္ဆိုက္ကယ္တကၠစီ အလုပ္သမားမ်ားကို နိုင္ငံေတာ္ရန္ပုံေငြမွ တစ္ဦးလၽွင္ေငြက်ပ္သုံးေသာင္း ေထာက္ပံ့ေပးသြားမည္ဟု ေျပာၾကားခဲ့ေၾကာင္း ေဖာ္ျပပါရွိသည္။
 
ထို႔အျပင္ လူမႈဖူလုံေရးအဖြဲ႕မွ ေထာက္ပံ့ေပးသည့္ ၄၀ ရာခိုင္ႏႈန္းသည္ အလုပ္သမားမ်ား၏ ေန ထိုင္စားေသာက္မႈအတြက္ မလုံေလာက္တာေၾကာင့္ အလုပ္ရွင္ေတြဘက္မွ ထပ္ေဆာင္းေပးႏုိင္မည့္ ကိစၥႏွင့္ပတ္သက္ၿပီးညႇိႏွိုင္းေဆြးေႏြးသြားမည္ဟုဆိုသည္။
 
#PeopleMedia
 
(Unicode)
အလုပ်ရပ်နားခံရသည့်ကာလတွင် အဆောင်နှင့် နေအိမ်ငှားရမ်းခများကို စောင့်ဆိုင်းပေးရန် ရပ်/ကျေးအုပ်ချုပ် ရေးနှင့် ထွေအုပ်များ ပူးပေါင်းဆောင်ရွက်မည်
……………………………………………….
 
ရန်ကုန်၊ အောက်တိုဘာ – ၉
 
ကိုဗစ်နိုင်တီးကြောင့် စက်ရုံအလုပ်ရုံများ ရပ်ဆိုင်းထားသည့်ကာလတွင် အဆောင်ပိုင်ရှင်၊ အိမ်ပိုင်ရှင်များ အနေဖြင့် အဆောင်ငှားခ၊ အိမ်ငှားခကို စောင့်ဆိုင်းပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ ပြောပါတယ်။
 
စက်တင်ဘာ ၈ ရက်နေ့က အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း (CTUM)က ထုတ်ပြန်ပါတယ်။
 
အထက်ပါ ထုတ်ပြန်ချက်တွင်အလုပ်သမားများစိုးရိမ်ပူပန်နေသည့် လုပ်ခလစာအချိန်မီရရှိရေး ဆောင် ရွက်နေကြောင်းနှင့် လူမှုဖူလုံရေးတွင်အကျုံးမဝင်သည့် နေ့စား၊ ယာယီ၊ ပုပ်ပြတ်၊ ဆောက်လုပ်ရေး၊ အနှေးယာဉ်၊ ကုန်တင်ကုန်ချ၊ မော်တော်ဆိုက်ကယ်တက္ကစီ အလုပ်သမားများကို နိုင်ငံတော်ရန်ပုံငွေမှ တစ်ဦးလျှင်ငွေကျပ်သုံးသောင်း ထောက်ပံ့ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြပါရှိသည်။
 
ထို့အပြင် လူမှုဖူလုံရေးအဖွဲ့မှ ထောက်ပံ့ပေးသည့် ၄၀ ရာခိုင်နှုန်းသည် အလုပ်သမားများ၏ နေ ထိုင်စားသောက်မှုအတွက် မလုံလောက်တာကြောင့် အလုပ်ရှင်တွေဘက်မှ ထပ်ဆောင်းပေးနိုင်မည့် ကိစ္စနှင့်ပတ်သက်ပြီးညှိနှိုင်းဆွေးနွေးသွားမည်ဟုဆိုသည်။
 
#PeopleMedia

Share this post