• Follow Us on

Home အလုပ်သမားများကို တောင်းပန်ကြောင်း BYMA ကုမ္ပဏီ ထုတ်ပြန်

အလုပ်သမားများကို တောင်းပန်ကြောင်း BYMA ကုမ္ပဏီ ထုတ်ပြန်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
လုပ်ခလစာနှင့် လူမှုဖူလုံရေးကြေး အပြည့်အဝရရှိရန် ဆောက်လုပ်ရေးအလုပ်သမားကယမန်နေ့က ဆန္ဒပြမှု အပေါ် BYMA ကုမ္ပဏီက တောင်းပန်ကြောင်း ယနေ့တွင်ထုတ်ပြန်ကြေညာထားသည်။
ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးရှိ Yoma Central လုပ်ငန်းခွင်မှ ဆောက်လုပ်ရေးဝန်ထမ်းများဆန္ဒပြမှုနှင့် ပတ်သက်ပြီး လာမည့်ရက်ပိုင်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဟု ၎င်းဆောက်လုပ် ရေး၏ကုမ္ပဏီဖြစ်သော BYMA ကုမ္ပဏီက ထုတ်ပြန်ကြေငြာချက်တွင်ပါဝင်သည်။
BYMA သည် အလုပ်သမားများ၏ ကောင်းကျိုးကို အစဉ်ဦးစားပေးပြီး သူတို့၏ လိုအပ်ချက်နှင့် စိုးရိမ်ပူပန်မှု များကိုလည်းကြားသိခဲ့ရပြီးဖြစ်သည်။
အလုပ်သမားများနှင့် သဘောတူညီချက်ရရှိခဲ့ပြီး ပြဿနာအတွက်ဖြေရှင်းပေးနိုင်မည့်နည်းလမ်းများကို လာမည့်ရက်ပိုင်းအတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
သက်ဆိုင်ရာ အာဏာပိုင်များ၏ကူညီပံံ့ပိုးမှုများကို အထူးကျေးဇူးတင်ရှိပြီး အဆင်မပြေမှုများဖြစ်စေခဲ့သည့် အတွက် ထပ်မံတောင်းပန်အပ်ပါသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
BYMA ကုမ္ပဏီ ဆောက်လုပ်ရေးလုပ်ငန်းကို ပြည်တွင်းမှ FMI ကုမ္ပဏီနှင့် ဟောင်ကောင်အခြေစိုက် Peninsula တို့မှ အကျိုးတူပူးပေါင်းဆောင်ရွက်ကြောင်းသိရသည်။
#PeopleMedia #BYMA
(unicode)
…………………………………….

Share this post