• Follow Us on

Home အလုပ္သမားအခြင့္အေရးႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းမႈေလ်ာ့က်လာႏိုင္သည့္ အင္ဒိုနီး႐ွား အလုပ္အကိုင္ဥပေဒသစ္ကို လူေထာင္ခ်ီဆက္လက္ဆႏၵျပ

အလုပ္သမားအခြင့္အေရးႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းမႈေလ်ာ့က်လာႏိုင္သည့္ အင္ဒိုနီး႐ွား အလုပ္အကိုင္ဥပေဒသစ္ကို လူေထာင္ခ်ီဆက္လက္ဆႏၵျပ

Share this post

ဂ်ာကာတာ၊ ႏို၀င္ဘာ ၂

အလုပ္သမားအခြင့္အေရးမ်ားယုတ္ေလ်ာ့လာၿပီး သဘာ၀ပတ္၀န္းက်င္ကာကြယ္မႈအားနည္းသည္ဟု ေ၀ဖန္သူမ်ားကေျပာေသာအလုပ္သမားဥပေဒသစ္ကို ဆန္႔က်င္ေသာအားျဖင့္ အင္ဒိုနီး႐ွားႏိုင္ငံတြင္ တနလၤာေန႔၌ အလုပ္သမားေထာင္ခ်ီဆက္လက္ဆႏၵျပေနသည္။

အေနာက္ႏွင့္အေ႐ွ႕ဂ်ာဗားျပည္နယ္မ်ားမွအလုပ္သမားေထာင္ခ်ီက သမၼတအိမ္ေတာ္ႏွင့္ ဖြဲ႔စည္းပံုအေျခခံဥပေဒဆိုင္ရာခံု႐ံုးအနီးတြင္ အႀကီးအက်ယ္ဆႏၵထုတ္ေဖာ္ေနေၾကာင္း အင္ဒိုနီး႐ွားအလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ကေျပာသည္။

ယိုဂ်ာကာတာ၊ ဘန္ဒါေအ့ဂ်္၊ မီဒန္ႏွင့္ မာကတ္ဆာၿမိဳ႕တို႔တြင္လည္း ဆႏၵျပမႈမ်ားရွိေနသည္။

ဆႏၵျပမႈမ်ားသည္ အလုပ္အကိုင္ဖန္တီးေပးေရးဥပေဒကိုဖ်က္သိမ္းရန္ႏွင့္ ၂၀၂၁ ခုႏွစ္တြင္ အနည္းဆံုး လုပ္ခလစာဆက္လက္တိုးႁမွင့္ေပးရန္တို႔ကို ရည္႐ြယ္ေၾကာင္း အဖြဲ႔ခ်ဳပ္ဥကၠ႒ ဆာအစ္ အစၥဘယ္က တနဂၤေႏြေန႔တြင္ေျပာသည္။

ဥပေဒသစ္ကို ဥပေဒေဘာင္အတြင္းမွျပန္လည္သံုးသပ္ရန္လည္း ဖြဲ႔စည္းပံုအေျခခံဥပေဒခံု႐ံုးကို အလုပ္သမား သမဂၢမ်ားက ေတာင္းဆိုမည္ဟုဆိုသည္။

ေအာက္တိုဘာ ၅ ရက္တြင္ အင္ဒိုနီး႐ွားလႊတ္ေတာ္ကအတည္ျပဳလိုက္သည့္ဥပေဒသည္ ႏိုင္ငံ၏အလုပ္သ မားဆိုင္ရာစနစ္မ်ားႏွင့္ သဘာ၀ရင္းျမစ္စီမံခန္႔ခြဲမႈမ်ားကို ေျပာင္းလဲမည္ဟု ခန္႔မွန္းရသည္။

ယခင္ဥပေဒ ၇၉ ခုကိုျပင္ဆင္ထားၿပီး ႏိုင္ငံအတြင္းရင္းႏွီးႁမွဳပ္ႏွံမႈမ်ားပိုမို၀င္ေရာက္လာေစရန္ သမၼတ ဂ်ိဳကို ဝီဒိုဒိုအစိုးရ၏ႀကိဳးစားမႈတစိတ္တပိုင္းအေနျဖင့္ ဗ်ဴ႐ိုကရတ္ယႏၲရားစြမ္းရည္ႁမွင့္တင္ရန္လည္း ရည္႐ြယ္ထားသည္။

Ref : Thousands continue protests against Indonesia’s new jobs law

#PeopleMedia

(unicode)
အလုပ်သမားအခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုလျော့ကျလာနိုင်သည့် အင်ဒိုနီးရှား အလုပ်အကိုင်ဥပဒေသစ်ကို လူထောင်ချီဆက်လက်ဆန္ဒပြ
………………………………………………..

ဂျာကာတာ၊ နိုဝင်ဘာ ၂

အလုပ်သမားအခွင့်အရေးများယုတ်လျော့လာပြီး သဘာဝပတ်ဝန်းကျင်ကာကွယ်မှုအားနည်းသည်ဟု ဝေဖန်သူများကပြောသောအလုပ်သမားဥပဒေသစ်ကို ဆန့်ကျင်သောအားဖြင့် အင်ဒိုနီးရှားနိုင်ငံတွင် တနင်္လာနေ့၌ အလုပ်သမားထောင်ချီဆက်လက်ဆန္ဒပြနေသည်။

အနောက်နှင့်အရှေ့ဂျာဗားပြည်နယ်များမှအလုပ်သမားထောင်ချီက သမ္မတအိမ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနီးတွင် အကြီးအကျယ်ဆန္ဒထုတ်ဖော်နေကြောင်း အင်ဒိုနီးရှားအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကပြောသည်။

ယိုဂျာကာတာ၊ ဘန်ဒါအေ့ဂျ်၊ မီဒန်နှင့် မာကတ်ဆာမြို့တို့တွင်လည်း ဆန္ဒပြမှုများရှိနေသည်။

ဆန္ဒပြမှုများသည် အလုပ်အကိုင်ဖန်တီးပေးရေးဥပဒေကိုဖျက်သိမ်းရန်နှင့် ၂၀၂၁ ခုနှစ်တွင် အနည်းဆုံး လုပ်ခလစာဆက်လက်တိုးမြှင့်ပေးရန်တို့ကို ရည်ရွယ်ကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆာအစ် အစ္စဘယ်က တနင်္ဂနွေနေ့တွင်ပြောသည်။

ဥပဒေသစ်ကို ဥပဒေဘောင်အတွင်းမှပြန်လည်သုံးသပ်ရန်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို အလုပ်သမား သမဂ္ဂများက တောင်းဆိုမည်ဟုဆိုသည်။

အောက်တိုဘာ ၅ ရက်တွင် အင်ဒိုနီးရှားလွှတ်တော်ကအတည်ပြုလိုက်သည့်ဥပဒေသည် နိုင်ငံ၏အလုပ်သ မားဆိုင်ရာစနစ်များနှင့် သဘာဝရင်းမြစ်စီမံခန့်ခွဲမှုများကို ပြောင်းလဲမည်ဟု ခန့်မှန်းရသည်။

ယခင်ဥပဒေ ၇၉ ခုကိုပြင်ဆင်ထားပြီး နိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်လာစေရန် သမ္မတ ဂျိုကို ဝီဒိုဒိုအစိုးရ၏ကြိုးစားမှုတစိတ်တပိုင်းအနေဖြင့် ဗျူရိုကရတ်ယန္တရားစွမ်းရည်မြှင့်တင်ရန်လည်း ရည်ရွယ်ထားသည်။

Ref : Thousands continue protests against Indonesia’s new jobs law

#PeopleMedia


Share this post