• Follow Us on

Home အလုံမြို့နယ်၊ ကွင်းကျောင်းလမ်းရှိ Mytel အရောင်းဆိုင် ဗုံးခွဲခံရ၊ မိမိတို့ လက်ချက်ဖြစ်ကြောင်း STA အဖွဲ့ ထုတ်ပြန်

အလုံမြို့နယ်၊ ကွင်းကျောင်းလမ်းရှိ Mytel အရောင်းဆိုင် ဗုံးခွဲခံရ၊ မိမိတို့ လက်ချက်ဖြစ်ကြောင်း STA အဖွဲ့ ထုတ်ပြန်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်းလမ်းရှိ Mytel အရောင်းဆိုင် ယနေ့ နံနက် ၄ နာရီ ၅၉ မိနစ် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ပေါက်ကွဲမှုသည် မိမိတို့လက်ချက်ဖြစ်ကြောင်း (STA) က ထုတ်ပြန်ထားသည်။

 

Special Task Agency of Burma (STA) သည် အလုံမြို့နယ် ကွမ်းချောင်းလမ်းရှိ Mytel ရုံးနှင့် One Stop Mart ကို အဝေးထိန်းဗုံး ၂ လုံးဖြင့် ယနေ့ နံနက်အစောပိုင်းက ဖောက်ခွဲခဲ့ရာ Mytel ရုံး မီးလောင်သွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့တွင်လည်း အလုံမြို့နယ်၊ ထောက်လီကွေ့မှတ်တိုင်အနီးရှိ ထူးဓာတ်ဆီဆိုင် ၁ ဆိုင်ကို ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း Special Task Agency of Burma – STA အဖွဲ့က ထုတ်ပြန်ထား သည်။

 

#PeopleMedia #MyTel

 

(unicode)


………………………………………………………

 


 


 


 


 

#PeopleMedia #MyTel


Share this post