• Follow Us on

Home အလံုပိတ္ကန္႔သတ္မႈမ်ား ပထမဆံုးျပဳလုပ္ခဲ့သည့္တ႐ုတ္ႏိုင္ငံတြင္ စီး ပြားေရးျပန္လာတိုးတက္လာ

အလံုပိတ္ကန္႔သတ္မႈမ်ား ပထမဆံုးျပဳလုပ္ခဲ့သည့္တ႐ုတ္ႏိုင္ငံတြင္ စီး ပြားေရးျပန္လာတိုးတက္လာ

Share this post

ေဘက်င္း၊ ဇူလိုင္ ၁၆

စံခ်ိန္တင္က်ဆင္းၿပီးေနာက္ပိုင္း ယခုႏွစ္ဒုတိယ ၃ လပတ္တြင္ တ႐ုတ္ႏိုင္ငံ၏စီးပြားေရး ၃.၂ ရာခိုင္ႏႈန္းျပန္လည္ တိုးတက္ ခဲ့သည္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အလံုပိတ္ကန္႔သတ္မႈမ်ားလုပ္ၿပီးေနာက္ ယခုႏွစ္ ပထမ ၃ လပတ္တြင္ ကမာၻ႔ဒုတိယစီးပြားေရး အင္ အားအႀကီးဆံုးႏိုင္ငံ၌ သိသာထင္႐ွားသည့္ စီးပြားေရးက်ဆင္းမႈျမင္ေတြ႕ခဲ့ရသည္။

ဗုဒၶဟူးေန႔တြင္ထုတ္ျပန္ေသာအခ်က္အလက္မ်ားအရ တ႐ုတ္ႏိုင္ငံ၏စုေပါင္းျပည္တြင္းထုတ္ကုန္(GDP)သည္ ဧၿပီမွ ဇြန္အထိ ၃ လပတ္အတြင္း တိုးတက္မႈ႐ွိေနေၾကာင္းသိရသည္။

စီးပြားေရးက႑တစ္ခုလံုးျပန္လည္စတင္ခ်ိန္တြင္ ထိုကိန္းဂဏန္းမ်ားကို အေသအခ်ာေစာင့္ၾကည့္ေနၾကသည္။

ကိန္းဂဏန္းမ်ားသည္ ကၽြမ္းက်င္သူမ်ားခန္႔မွန္းထားသည္ထက္ ပိုျမင့္မားေနၿပီး သိသိသာသာက်ဆင္းၿပီးေနာက္ ျမန္ျမန္ဆန္ဆန္ ျပန္သက္သာလာသည့္ V ပံုစံသက္သာမႈျဖစ္ေနသည္။

တိုးတက္မႈအႏုတ္ဘက္ ၂ ႀကိမ္ဆက္တိုက္ျပသည့္ကာလကို တ႐ုတ္ႏိုင္ငံေက်ာ္လႊားႏိုင္ခဲ့ၿပီဟုလည္း အဓိပၸာယ္ရသည္။

ယခုႏွစ္ပထမ ၃ လပတ္တြင္ ၆.၈ ရာခိုင္ႏႈန္းက်ဆင္းခဲ့ၿပီး ၃ လပတ္ (GDP) တန္ဖိုးမွတ္တမ္းမ်ားစတင္ယူၿပီးေနာက္ပိုင္း အႀကီးဆံုးက်ဆင္းမႈျဖစ္ခဲ့သည္။

ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကိုရပ္တန္႔ရန္ တင္းၾကပ္သည့္အစီအမံမ်ားျပဳလုပ္ထားသျဖင့္ ထိုကာလတြင္ တ႐ုတ္စက္႐ံုႏွင့္ စီးပြားေရးလုပ္ငန္းမ်ားလုပ္ငန္းလည္ပတ္မႈရပ္ဆိုင္းထားရသည္။

စီးပြားေရးျပန္လည္ႁမွင့္တင္ရန္ အစိုးရက အခြန္ကင္းလြတ္ခြင့္ျပဳျခင္းမ်ားအပါအ၀င္ အစီအမံမ်ားစြာျပဳလုပ္ေနသည္။

Ref : Coronavirus: Chinese economy bounces back into growth

#PeopleMedia

(unicode)
အလုံပိတ်ကန့်သတ်မှုများ ပထမဆုံးပြုလုပ်ခဲ့သည့်တရုတ်နိုင်ငံတွင် စီး ပွားရေးပြန်လာတိုးတက်လာ
…………………………………………………

ဘေကျင်း၊ ဇူလိုင် ၁၆

စံချိန်တင်ကျဆင်းပြီးနောက်ပိုင်း ယခုနှစ်ဒုတိယ ၃ လပတ်တွင် တရုတ်နိုင်ငံ၏စီးပွားရေး ၃.၂ ရာခိုင်နှုန်းပြန်လည် တိုးတက် ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုံပိတ်ကန့်သတ်မှုများလုပ်ပြီးနောက် ယခုနှစ် ပထမ ၃ လပတ်တွင် ကမ္ဘာ့ဒုတိယစီးပွားရေး အင် အားအကြီးဆုံးနိုင်ငံ၌ သိသာထင်ရှားသည့် စီးပွားရေးကျဆင်းမှုမြင်တွေ့ခဲ့ရသည်။

ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်သောအချက်အလက်များအရ တရုတ်နိုင်ငံ၏စုပေါင်းပြည်တွင်းထုတ်ကုန်(GDP)သည် ဧပြီမှ ဇွန်အထိ ၃ လပတ်အတွင်း တိုးတက်မှုရှိနေကြောင်းသိရသည်။

စီးပွားရေးကဏ္ဍတစ်ခုလုံးပြန်လည်စတင်ချိန်တွင် ထိုကိန်းဂဏန်းများကို အသေအချာစောင့်ကြည့်နေကြသည်။

ကိန်းဂဏန်းများသည် ကျွမ်းကျင်သူများခန့်မှန်းထားသည်ထက် ပိုမြင့်မားနေပြီး သိသိသာသာကျဆင်းပြီးနောက် မြန်မြန်ဆန်ဆန် ပြန်သက်သာလာသည့် V ပုံစံသက်သာမှုဖြစ်နေသည်။

တိုးတက်မှုအနုတ်ဘက် ၂ ကြိမ်ဆက်တိုက်ပြသည့်ကာလကို တရုတ်နိုင်ငံကျော်လွှားနိုင်ခဲ့ပြီဟုလည်း အဓိပ္ပာယ်ရသည်။

ယခုနှစ်ပထမ ၃ လပတ်တွင် ၆.၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၃ လပတ် (GDP) တန်ဖိုးမှတ်တမ်းများစတင်ယူပြီးနောက်ပိုင်း အကြီးဆုံးကျဆင်းမှုဖြစ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကိုရပ်တန့်ရန် တင်းကြပ်သည့်အစီအမံများပြုလုပ်ထားသဖြင့် ထိုကာလတွင် တရုတ်စက်ရုံနှင့် စီးပွားရေးလုပ်ငန်းများလုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းထားရသည်။

စီးပွားရေးပြန်လည်မြှင့်တင်ရန် အစိုးရက အခွန်ကင်းလွတ်ခွင့်ပြုခြင်းများအပါအဝင် အစီအမံများစွာပြုလုပ်နေသည်။

Ref : Coronavirus: Chinese economy bounces back into growth

#PeopleMedia


Share this post