• Follow Us on
Latest News

Home အသက်(၁၃)နှစ်အရွယ် ရှစ်တန်းကျောင်းသူကို ခိုးယူသည့် ကျောင်းထိုင်ဘုန်းကြီး ဖမ်းမိ

အသက်(၁၃)နှစ်အရွယ် ရှစ်တန်းကျောင်းသူကို ခိုးယူသည့် ကျောင်းထိုင်ဘုန်းကြီး ဖမ်းမိ

Share this post

ရန်ကုန်၊ အောက်တိုဘာ-၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၌ အသက်(၁၃)နှစ်အရွယ် ရှစ်တန်းကျောင်းသူကို ခိုးယူသည့် ကျောင်းထိုင်ဆရာတော်ကို ဖမ်းဆီးနိုင်ကြောင်း ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက အတည်ပြုပြောဆိုသည်။

ဦးအဂ္ဂဓမ္မဆရာတော်သည် စမ္မာစရိယ၊ ကမ္မဌာနာဏရိယဘွဲ့တော်များရရှိထားပြီး ညောင် ကုန်းရွာ ရှမ်းကန်ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်ဖြစ်သည်။ ဆရာတော်သည် ရှစ်တန်းကျောင်းသူကို စက်တင်ဘာ ၃၀ ရက်နေ့၌ ကျောင်းပိုင်ကားဖြင့် ထွက်ပြေးခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်သည်။

“ဖမ်းမိတဲ့အချိန်မှာ လူဝတ်နဲ့ ဖမ်းမိထားတာပါ။ ဥပဒေအရ ဆက်လက်ဆောင်ရွက်မှာပါ”ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆက်လက်ဖော်ပြမည်။

photo – Credit


Share this post