• Follow Us on

Home “အသက္(၅)ႏွစ္အရြယ္ကေလးငယ္ အသက္ခံရမႈသည္ အသတ္ခံရသူ၏ မိဘမ်ားမွ လြန္ခဲ့သည့္ ၃ လခန႔္ က ခင္ဝင္းထံမွ ေငြေခ်းခဲ့သည့္ ကိစၥႏွင့္ပတ္သက္၍ မၾကာခဏ စကားမ်ားခဲ့ၿပီး ထိုကိစၥႏွင့္ ပတ္သက္၍ မေက်နပ္၍ သတ္ခဲ့ျခင္းျဖစ္ေၾကာင္း ပဲခူးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕ ထုတ္ျပန္” ေရႊေတာင္ၿမိဳ႕တြင္ ျဖစ္ပြားခဲ့သည့္ လူသတ္မႈမွ တရားခံအား ေဖာ္ထုတ္ဖမ္းဆီးရမိမႈ

“အသက္(၅)ႏွစ္အရြယ္ကေလးငယ္ အသက္ခံရမႈသည္ အသတ္ခံရသူ၏ မိဘမ်ားမွ လြန္ခဲ့သည့္ ၃ လခန႔္ က ခင္ဝင္းထံမွ ေငြေခ်းခဲ့သည့္ ကိစၥႏွင့္ပတ္သက္၍ မၾကာခဏ စကားမ်ားခဲ့ၿပီး ထိုကိစၥႏွင့္ ပတ္သက္၍ မေက်နပ္၍ သတ္ခဲ့ျခင္းျဖစ္ေၾကာင္း ပဲခူးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕ ထုတ္ျပန္” ေရႊေတာင္ၿမိဳ႕တြင္ ျဖစ္ပြားခဲ့သည့္ လူသတ္မႈမွ တရားခံအား ေဖာ္ထုတ္ဖမ္းဆီးရမိမႈ

Share this post

ေအာက္တိုဘာလ ( ၂၈ ) ရက္

၁၈-၁၀-၂၀၂၀ ရက္ေန႔တြင္ ေရႊေတာင္ၿမိဳ႕နယ္၊ မက်ီးေပါက္ကုန္း အုပ္စု၊ ေက်ာက္ဖူးေက်းရြာေန မ—–၊အသက္ (၅)ႏွစ္ခန္႔သည္ တစ္ရြာတည္းေန ကေလး အေဖာ္မ်ားႏွင့္ ကစားရာမွ ေရေသာက္ သြားစဥ္ ျပန္လည္ေရာက္ရွိလာျခင္းမရွိဘဲ ေပ်ာက္ဆုံးသြားသျဖင့္ ၁၉-၁၀-၂၀၂၀ ရက္ေန႔တြင္ ေရႊေတာင္ၿမိဳ႕မရဲစခန္း လူေပ်ာက္အမွတ္စဥ္ (၄/၂၀၂၀)ျဖင့္ ေရးဖြင့္ခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္မ်ား၊ ပရဟိတအဖြဲ႕ မ်ား၊ ေက်းရြာေနျပည္သူမ်ားမွ ပူးေပါင္း၍ လိုက္လံရွာေဖြခဲ့ ပါသည္။
ထိုသို႔ရွာေဖြစဥ္ ၂၆-၁၀-၂၀၂၀ ရက္ေန႔ ၁၃း၄၀ အခ်ိန္ ေရႊေတာင္ၿမိဳ႕၊ ေက်ာက္ဖူး ေက်းရြာႏွင့္ ကံသုံးဆင့္ေက်းရြာအၾကား၊ ရြာခ်င္းဆက္ ေဒသဖြံ့ၿဖိဳးေရး လမ္းနေဘး၊ လယ္ကြင္း အတြင္းရွိ စပါးပင္မ်ားေပၚ၌ ေပ်ာက္ဆုံးသူအား ေမွာက္လ်က္ ေသဆုံးေနေၾကာင္း သတင္းအရ သြားေရာက္ၾကည့္ရႈရာ နဖူးရိုးကြဲေၾက ခ်ိဳင့္ဝင္ ဒဏ္ရာျဖင့္ ေသဆုံးေန သည္ကို ေတြ႕ရွိရသျဖင့္ ေရႊေတာင္ၿမိဳ႕မရဲစခန္း (ပ)၃၇၁/၂ဝ၂ဝ၊ ရာဇသတ္ႀကီးပုဒ္မ ၃ဝ၂ ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ခဲ့ပါသည္။
အမႈမွတရားခံအားအျမန္ဖမ္းဆီးရမိေရးအတြက္ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး၏ ညႊန္ၾကားခ်က္ ႏွင့္အညီေဆာင္ရြက္ခဲ့ၿပီး ၂၆-၁၀-၂၀၂၀ ရက္ေန႔တြင္ အမႈမွ မသကၤာတရားခံ ေက်ာက္ဖူး ကုန္းေက်းရြာ ေန ခင္ဝင္း (၅၅)ႏွစ္အား ခ်ဳပ္ရီမာန္ယူ၍ အမႈျဖင့္ စစ္ေဆးသည့္အခါ ၁၈-၁၀-၂၀၂၀ ရက္ေန႔ ၁၆၃၀ အခ်ိန္ခန႔္တြင္ ခင္ဝင္းသည္ ၎၏ ေနအိမ္တန္းလ်ားတြင္ တစ္ဦးတည္း ဖုန္းၾကည့္ေနစဥ္ အမႈမွ ေသဆုံးသူအား ၎၏ေနအိမ္ၿခံဝန္းအတြင္း အိမ္ေနာက္ေဖးဘက္သို႔ ဝင္ေရာက္သြားသည္ကို ေတြ႕ရွိရ ေၾကာင္း၊ ခင္ဝင္းမွကေလးအား သတ္ခ်င္စိတ္မ်ားျဖစ္ေပၚလာသျဖင့္ ေနာက္မွလိုက္၍ အိမ္အေနာက္ ဘက္ရွိ တလင္းတြင္ ကေလးအား ေနာက္မွ လည္ပင္းကို ညႇစ္ၿပီး တလင္းေျမျပင္ႏွင့္ ဦးေခါင္းအား (၃/၄)ခ်က္ခန႔္ေစာင့္ခဲ့ရာ ကေလးမွာ အသက္မရွိေတာ့သည္ကို သိရွိရ၍ ေသဆုံးသူအား ေတြ႕ရွိခဲ့သည့္ ေနရာသို႔သြားေရာက္ခ်ထားခဲ့ၿပီး ေနအိမ္သို႔ျပန္လာခဲ့ေၾကာင္း၊ ရြာတြင္ကေလးေပ်ာက္၍ ရြာသူ/သား မ်ားမွ လိုက္ရွာေနသည္ကို သိရသျဖင့္ ခင္ဝင္းမွာ ရြာမွ လူမ်ားႏွင့္အတူ လိုက္လံရွာေဖြေပးခဲ့သည္မွာ ကေလးအေလာင္း ေတြ႕သည့္ေန႔အထိ ျဖစ္ေၾကာင္း၊ အသတ္ခံရသူ၏ မိဘမ်ားမွ လြန္ခဲ့သည့္ ၃ လခန႔္ က ခင္ဝင္းထံမွ ေငြေခ်းခဲ့သည့္ ကိစၥႏွင့္ပတ္သက္၍ မၾကာခဏ စကားမ်ားခဲ့ၿပီး ထိုကိစၥႏွင့္ ပတ္သက္၍ မေက်နပ္၍ သတ္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သျဖင့္ ဥပေဒႏွင့္အညီ အျမန္တရားစြဲ တင္ပို႔နိုင္ေရး ဆက္လက္ေဆာင္ရြက္လ်က္ရွိေၾကာင္း ပဲခူးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
#PeopleMedia #ပဲခူးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕
(unicode)
“အသက်(၅)နှစ်အရွယ်ကလေးငယ် အသက်ခံရမှုသည် အသတ်ခံရသူ၏ မိဘများမှ လွန်ခဲ့သည့် ၃ လခန့် က ခင်ဝင်းထံမှ ငွေချေးခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ မကြာခဏ စကားများခဲ့ပြီး ထိုကိစ္စနှင့် ပတ်သက်၍ မကျေနပ်၍ သတ်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ထုတ်ပြန်”
ရွှေတောင်မြို့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိမှု
အောက်တိုဘာလ ( ၂၈ ) ရက်
*******************
၁၈-၁၀-၂၀၂၀ ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ မကျီးပေါက်ကုန်း အုပ်စု၊ ကျောက်ဖူးကျေးရွာနေ မ—–၊အသက် (၅)နှစ်ခန့်သည် တစ်ရွာတည်းနေ ကလေး အဖော်များနှင့် ကစားရာမှ ရေသောက် သွားစဉ် ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးသွားသဖြင့် ၁၉-၁၀-၂၀၂၀ ရက်နေ့တွင် ရွှေတောင်မြို့မရဲစခန်း လူပျောက်အမှတ်စဉ် (၄/၂၀၂၀)ဖြင့် ရေးဖွင့်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ များ၊ ကျေးရွာနေပြည်သူများမှ ပူးပေါင်း၍ လိုက်လံရှာဖွေခဲ့ ပါသည်။
ထိုသို့ရှာဖွေစဉ် ၂၆-၁၀-၂၀၂၀ ရက်နေ့ ၁၃း၄၀ အချိန် ရွှေတောင်မြို့၊ ကျောက်ဖူး ကျေးရွာနှင့် ကံသုံးဆင့်ကျေးရွာအကြား၊ ရွာချင်းဆက် ဒေသဖွံ့ဖြိုးရေး လမ်းနဘေး၊ လယ်ကွင်း အတွင်းရှိ စပါးပင်များပေါ်၌ ပျောက်ဆုံးသူအား မှောက်လျက် သေဆုံးနေကြောင်း သတင်းအရ သွားရောက်ကြည့်ရှုရာ နဖူးရိုးကွဲကြေ ချိုင့်ဝင် ဒဏ်ရာဖြင့် သေဆုံးနေ သည်ကို တွေ့ရှိရသဖြင့် ရွှေတောင်မြို့မရဲစခန်း (ပ)၃၇၁/၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ပါသည်။
အမှုမှတရားခံအားအမြန်ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက် နှင့်အညီဆောင်ရွက်ခဲ့ပြီး ၂၆-၁၀-၂၀၂၀ ရက်နေ့တွင် အမှုမှ မသင်္ကာတရားခံ ကျောက်ဖူး ကုန်းကျေးရွာ နေ ခင်ဝင်း (၅၅)နှစ်အား ချုပ်ရီမာန်ယူ၍ အမှုဖြင့် စစ်ဆေးသည့်အခါ ၁၈-၁၀-၂၀၂၀ ရက်နေ့ ၁၆၃၀ အချိန်ခန့်တွင် ခင်ဝင်းသည် ၎င်း၏ နေအိမ်တန်းလျားတွင် တစ်ဦးတည်း ဖုန်းကြည့်နေစဉ် အမှုမှ သေဆုံးသူအား ၎င်း၏နေအိမ်ခြံဝန်းအတွင်း အိမ်နောက်ဖေးဘက်သို့ ဝင်ရောက်သွားသည်ကို တွေ့ရှိရ ကြောင်း၊ ခင်ဝင်းမှကလေးအား သတ်ချင်စိတ်များဖြစ်ပေါ်လာသဖြင့် နောက်မှလိုက်၍ အိမ်အနောက် ဘက်ရှိ တလင်းတွင် ကလေးအား နောက်မှ လည်ပင်းကို ညှစ်ပြီး တလင်းမြေပြင်နှင့် ဦးခေါင်းအား (၃/၄)ချက်ခန့်စောင့်ခဲ့ရာ ကလေးမှာ အသက်မရှိတော့သည်ကို သိရှိရ၍ သေဆုံးသူအား တွေ့ရှိခဲ့သည့် နေရာသို့သွားရောက်ချထားခဲ့ပြီး နေအိမ်သို့ပြန်လာခဲ့ကြောင်း၊ ရွာတွင်ကလေးပျောက်၍ ရွာသူ/သား များမှ လိုက်ရှာနေသည်ကို သိရသဖြင့် ခင်ဝင်းမှာ ရွာမှ လူများနှင့်အတူ လိုက်လံရှာဖွေပေးခဲ့သည်မှာ ကလေးအလောင်း တွေ့သည့်နေ့အထိ ဖြစ်ကြောင်း၊ အသတ်ခံရသူ၏ မိဘများမှ လွန်ခဲ့သည့် ၃ လခန့် က ခင်ဝင်းထံမှ ငွေချေးခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ မကြာခဏ စကားများခဲ့ပြီး ထိုကိစ္စနှင့် ပတ်သက်၍ မကျေနပ်၍ သတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
#PeopleMedia #ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့


Share this post