• Follow Us on

Home အသက္(၆၀)ႏွစ္အထက္ ႀကိဳတင္မဲေကာက္ယူမႈ၌ NLD ပါတီတံဆိပ္ပါ အဝတ္အစားမ်ား ဝတ္ဆင္၍ရေၾကာင္း NLD ပါတီ CEC အဖြဲ႕ဝင္ ေဒါက္တာမ်ဳိးညႊန္႔ေျပာဆုိ ႀကိဳတင္မဲေကာက္ယူသည့္ေန႔၌ ပါတီအမွတ္အသားပါ အဝတ္အစားဝတ္ဆင္မႈသည္ ညႊန္ၾကားခ်က္ႏွင့္ ကုိက္ညီ မႈမရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး၊ အေနာက္ပိုင္းခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္ခြဲ-ဥကၠ႒ေျပာဆုိ

အသက္(၆၀)ႏွစ္အထက္ ႀကိဳတင္မဲေကာက္ယူမႈ၌ NLD ပါတီတံဆိပ္ပါ အဝတ္အစားမ်ား ဝတ္ဆင္၍ရေၾကာင္း NLD ပါတီ CEC အဖြဲ႕ဝင္ ေဒါက္တာမ်ဳိးညႊန္႔ေျပာဆုိ ႀကိဳတင္မဲေကာက္ယူသည့္ေန႔၌ ပါတီအမွတ္အသားပါ အဝတ္အစားဝတ္ဆင္မႈသည္ ညႊန္ၾကားခ်က္ႏွင့္ ကုိက္ညီ မႈမရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး၊ အေနာက္ပိုင္းခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္ခြဲ-ဥကၠ႒ေျပာဆုိ

Share this post

ရန္ကုန္တုိင္းေဒသႀကီးအတြင္း၌ အသက္(၆၀)ႏွစ္အထက္ ႀကိဳတင္မဲမ်ား ေကာက္ယူရာ၌ NLD အမွတ္အသား ပါ တံဆိပ္မ်ားဝတ္ဆင္သူမ်ား ပါဝင္လာခဲ့သည္။
အဆုိပါျဖစ္စဥ္သည္ တည္ဆဲဥပေဒႏွင့္ ညီညႊတ္မႈ ရွိ/မရွိႏွင့္ပတ္သက္ၿပီး People Media က NLD ပါတီ CEC အဖြဲ႕ဝင္ ေဒါက္တာမ်ဳိးညႊန္႔၊ ရန္ကုန္တုိင္း အေနာက္ပုိင္းခ႐ိုင္ေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒တုိ႔ႏွင့္ ဆက္သြယ္ေမးျမန္းခဲ့သည္။
ေဒါက္တာမ်ိဳးၫြန႔္ (NLD ပါတီေျပာေရးဆိုခြင့္ရွိသူ၊ CEC အဖြဲ႕၀င္)
People Media ။ ။ အသက္ ၆၀ နဲ႔အထက္ သက္ႀကီး႐ြယ္အိုေတြကို ႀကိဳတင္မဲလိုက္လံေကာက္သည့္အခါမွာ NLD ပါတီအကၤ်ီ၀တ္ၿပီး ေကာက္ခံေနတာေတြ ေတြ႕ရပါတယ္။ အဲဒီလို၀တ္ဆင္လို႔ ရ/မရ သိပါရေစခင္ဗ်။
ေျဖ ။ ။ အဲဒါ ကြၽန္ေတာ္တို႔လည္း ေမးၾကည့္တယ္ဗ်။ သူက မဲမဆြယ္ရတဲ့ေန႔ ႏွစ္ရက္မွာ မဟုတ္တဲ့အတြက္ ၀တ္လို႔ရတယ္လို႔ ေျပာတယ္။ အဲဒါေၾကာင့္လည္း ကြၽန္ေတာ္တို႔က မတားတာ။ မဲမဆြယ္ရတဲ့ေန႔ႏွစ္ရက္မွာပဲ မ၀တ္ရဘူး၊ အသုံးအေဆာင္မလုပ္ရဘူးလို႔ေျပာတယ္။ ဒီရက္ေတြမွာ သူကသုံးစြဲခြင့္ရွိေနတယ္ေလ။ ဒါေပမဲ့ သူတို႔က အရိပ္အေယာင္ျပၿပီးေတာ့ ကိုယ့္ပါတီကို မဲထည့္ဖို႔တို႔ ဘာတို႔ေျပာခြင့္ေတာ့မရွိဘူးေပါ့။ တားျမစ္ခ်က္ မရွိဘူးလို႔ ကြၽန္ေတာ္တို႔သိရပါတယ္။
People Media ။ ။ အဲဒါဆိုရင္ ဒီလိုအခ်ိန္မွာေတာ့ ၀တ္လို႔ရတယ္ေပါ့ေနာ္။
ေျဖ ။ ။ ဟုတ္ကဲ့ပါခင္ဗ်။ ၇ ရက္နဲ႔ ၈ ရက္ေန႔မွာ လုံး၀၀တ္လို႔မရေတာ့ပါဘူး။
People Media ။ ။ အခုလိုပါတီတံဆိပ္နဲ႔ အကၤ်ီေတြ၀တ္ဆင္ၿပီး ႀကိဳတင္မဲေကာက္ခံေနမႈအေပၚမွာ ေဝဖန္မႈေတြ ျမင့္တက္ေနပါတယ္။ အဲဒီအေပၚမွာ ဘာမ်ားေျပာခ်င္ပါသလဲ။
ေျဖ ။ ။ ကြၽန္ေတာ္တို႔က ဒီဟာ၀တ္လို႔မရဘူးဆိုရင္ေတာ့ ၀တ္လို႔မရဘူးဆိုတဲ့ တားျမစ္ခ်က္အပိုဒ္ကို ထင္ထင္ရွားရွား ကြၽန္ေတာ္တို႔ျပဖို႔လိုတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ဥပေဒနဲ႔အညီ လုပ္ေနတာပါပဲ။
People Media ။ ။ ဒီကိစၥေတြနဲ႔ပတ္သက္ၿပီး ဘာမ်ားျဖည့္စြက္ေျပာၾကားခ်င္ပါေသးလဲ။
ေျဖ ။ ။ ကြၽန္ေတာ္တို႔ကေတာ့ ဒီေ႐ြးေကာက္ပြဲကို နိုင္႐ုံသက္သက္မဟုတ္ပါဘူး။ တရားမွ်တတဲ့နည္းနဲ႔ပဲ နိုင္ခ်င္ပါတယ္လို႔ ေျပာခ်င္ပါတယ္။
ဦးခင္ေမာင္၀င္း (ရန္ကုန္တိုင္းေဒသႀကီး၊ အေနာက္ပိုင္းခရိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္ခြဲ-ဥကၠ႒)
People Media ။ ။ အခုလူမႈကြန္ရက္စာမ်က္ႏွာေတြမွာ NLD ပါတီ၀င္ေတြကိုယ္တိုင္ ပါတီအကၤ်ီေတြ၀တ္ၿပီး အလံေတြတပ္ၿပီး ႀကိဳတင္မဲေကာက္ခံေနတဲ့အေပၚမွာ ဆရာတို႔အေနနဲ႔ ဘယ္လိုၫႊန္ၾကားထားလဲ။
ေျဖ ။ ။ အဲဒါေတြကဗ်ာ ကြၽန္ေတာ္တို႔ၫႊန္ၾကားထားတာနဲ႔ မညီၫြတ္တာေတြေပါ့။ ခက္ေနတာက တိုင္းျပည္မွာ က သိတဲ့အတိုင္းပဲ တကယ္လုပ္တဲ့လူေတြကလုပ္တာ။ ၀န္းရံတယ္၊ ၀န္းရံတယ္ဆိုၿပီးေတာ့ လုပ္ေနတဲ့ဟာေတြ ကလည္း အမ်ားႀကီး။
People Media ။ ။ ဆရာတို႔ကေရာ လိုက္လံေကာက္ခံတဲ့အခါမွာ ဘာေတြသတ္မွတ္ထားတာရွိပါသလဲ။
ေျဖ ။ ။ သတ္မွတ္ၿပီးသားပါ။ မဲ႐ုံမွဴးတစ္ေယာက္မဟုတ္ တစ္ေယာက္ပါရမယ္။ ရပ္ေက်းကိုယ္စားလွယ္ပါမယ္။ ၿပီးေတာ့ ပါတီက ကိုယ္စားလွယ္ေတြ လိုက္လို႔ရတယ္။ ေနာက္ Voluteer ေတြပါမယ္။ ရာအိမ္မွဴး၊ ဆယ္ အိမ္မွဴးေတြပါမယ္။ အဲ့လို သတ္မွတ္ေပးထားပါတယ္။
People Media ။ ။ အခုလို ပါတီတံဆိပ္ပါ အဝတ္အစား ဝတ္ခြင့္ရွိ/မရွိ သိပါရေစ။
ေျဖ ။ ။ မ၀တ္ရဘူးလို႔ ကြၽန္ေတာ္တို႔ ေျပာထားတယ္။ မ၀တ္ပါနဲ႔လို႔ ေျပာထားတယ္။ လူေတြက ဂ်စ္ကန္ကန္ ေတြဗ်။ မလာပါနဲ႔ဆိုလည္း လာေတာ့ ဘာျဖစ္လဲဆိုတဲ့ လူေတြလည္းရွိတယ္။ ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔ ေ႐ြးေကာက္ပြဲေႏွာင့္ယွက္တယ္ဆိုရင္ေတာ့ အထူးရဲလည္းပါတယ္။ လိုအပ္ရင္ အေရးယူဖို႔ ကြၽန္ေတာ္တို႔ ေျပာထားတယ္။
(unicode)
အသက်(၆၀)နှစ်အထက် ကြိုတင်မဲကောက်ယူမှု၌ NLD ပါတီတံဆိပ်ပါ အဝတ်အစားများ ဝတ်ဆင်၍ရကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်ပြောဆို
ကြိုတင်မဲကောက်ယူသည့်နေ့၌ ပါတီအမှတ်အသားပါ အဝတ်အစားဝတ်ဆင်မှုသည် ညွှန်ကြားချက်နှင့် ကိုက်ညီ မှုမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ခွဲ-ဥက္ကဋ္ဌပြောဆို
…………………………………………………………….
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အသက်(၆၀)နှစ်အထက် ကြိုတင်မဲများ ကောက်ယူရာ၌ NLD အမှတ်အသား ပါ တံဆိပ်များဝတ်ဆင်သူများ ပါဝင်လာခဲ့သည်။
အဆိုပါဖြစ်စဉ်သည် တည်ဆဲဥပဒေနှင့် ညီညွှတ်မှု ရှိ/မရှိနှင့်ပတ်သက်ပြီး People Media က NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်၊ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့နှင့် ဆက်သွယ်မေးမြန်းခဲ့သည်။
ဒေါက်တာမျိုးညွန့် (NLD ပါတီပြောရေးဆိုခွင့်ရှိသူ၊ CEC အဖွဲ့ဝင်)
People Media ။ ။ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုတွေကို ကြိုတင်မဲလိုက်လံကောက်သည့်အခါမှာ NLD ပါတီအင်္ကျီဝတ်ပြီး ကောက်ခံနေတာတွေ တွေ့ရပါတယ်။ အဲဒီလိုဝတ်ဆင်လို့ ရ/မရ သိပါရစေခင်ဗျ။
ဖြေ ။ ။ အဲဒါ ကျွန်တော်တို့လည်း မေးကြည့်တယ်ဗျ။ သူက မဲမဆွယ်ရတဲ့နေ့ နှစ်ရက်မှာ မဟုတ်တဲ့အတွက် ဝတ်လို့ရတယ်လို့ ပြောတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့က မတားတာ။ မဲမဆွယ်ရတဲ့နေ့နှစ်ရက်မှာပဲ မဝတ်ရဘူး၊ အသုံးအဆောင်မလုပ်ရဘူးလို့ပြောတယ်။ ဒီရက်တွေမှာ သူကသုံးစွဲခွင့်ရှိနေတယ်လေ။ ဒါပေမဲ့ သူတို့က အရိပ်အယောင်ပြပြီးတော့ ကိုယ့်ပါတီကို မဲထည့်ဖို့တို့ ဘာတို့ပြောခွင့်တော့မရှိဘူးပေါ့။ တားမြစ်ချက် မရှိဘူးလို့ ကျွန်တော်တို့သိရပါတယ်။
People Media ။ ။ အဲဒါဆိုရင် ဒီလိုအချိန်မှာတော့ ဝတ်လို့ရတယ်ပေါ့နော်။
ဖြေ ။ ။ ဟုတ်ကဲ့ပါခင်ဗျ။ ၇ ရက်နဲ့ ၈ ရက်နေ့မှာ လုံးဝဝတ်လို့မရတော့ပါဘူး။
People Media ။ ။ အခုလိုပါတီတံဆိပ်နဲ့ အင်္ကျီတွေဝတ်ဆင်ပြီး ကြိုတင်မဲကောက်ခံနေမှုအပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ အဲဒီအပေါ်မှာ ဘာများပြောချင်ပါသလဲ။
ဖြေ ။ ။ ကျွန်တော်တို့က ဒီဟာဝတ်လို့မရဘူးဆိုရင်တော့ ဝတ်လို့မရဘူးဆိုတဲ့ တားမြစ်ချက်အပိုဒ်ကို ထင်ထင်ရှားရှား ကျွန်တော်တို့ပြဖို့လိုတယ်။ ကျွန်တော်တို့ကတော့ ဥပဒေနဲ့အညီ လုပ်နေတာပါပဲ။
People Media ။ ။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောကြားချင်ပါသေးလဲ။
ဖြေ ။ ။ ကျွန်တော်တို့ကတော့ ဒီရွေးကောက်ပွဲကို နိုင်ရုံသက်သက်မဟုတ်ပါဘူး။ တရားမျှတတဲ့နည်းနဲ့ပဲ နိုင်ချင်ပါတယ်လို့ ပြောချင်ပါတယ်။
ဦးခင်မောင်ဝင်း (ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ခွဲ-ဥက္ကဋ္ဌ)
People Media ။ ။ အခုလူမှုကွန်ရက်စာမျက်နှာတွေမှာ NLD ပါတီဝင်တွေကိုယ်တိုင် ပါတီအင်္ကျီတွေဝတ်ပြီး အလံတွေတပ်ပြီး ကြိုတင်မဲကောက်ခံနေတဲ့အပေါ်မှာ ဆရာတို့အနေနဲ့ ဘယ်လိုညွှန်ကြားထားလဲ။
ဖြေ ။ ။ အဲဒါတွေကဗျာ ကျွန်တော်တို့ညွှန်ကြားထားတာနဲ့ မညီညွတ်တာတွေပေါ့။ ခက်နေတာက တိုင်းပြည်မှာ က သိတဲ့အတိုင်းပဲ တကယ်လုပ်တဲ့လူတွေကလုပ်တာ။ ဝန်းရံတယ်၊ ဝန်းရံတယ်ဆိုပြီးတော့ လုပ်နေတဲ့ဟာတွေ ကလည်း အများကြီး။
People Media ။ ။ ဆရာတို့ကရော လိုက်လံကောက်ခံတဲ့အခါမှာ ဘာတွေသတ်မှတ်ထားတာရှိပါသလဲ။
ဖြေ ။ ။ သတ်မှတ်ပြီးသားပါ။ မဲရုံမှူးတစ်ယောက်မဟုတ် တစ်ယောက်ပါရမယ်။ ရပ်ကျေးကိုယ်စားလှယ်ပါမယ်။ ပြီးတော့ ပါတီက ကိုယ်စားလှယ်တွေ လိုက်လို့ရတယ်။ နောက် Voluteer တွေပါမယ်။ ရာအိမ်မှူး၊ ဆယ် အိမ်မှူးတွေပါမယ်။ အဲ့လို သတ်မှတ်ပေးထားပါတယ်။
People Media ။ ။ အခုလို ပါတီတံဆိပ်ပါ အဝတ်အစား ဝတ်ခွင့်ရှိ/မရှိ သိပါရစေ။
ဖြေ ။ ။ မဝတ်ရဘူးလို့ ကျွန်တော်တို့ ပြောထားတယ်။ မဝတ်ပါနဲ့လို့ ပြောထားတယ်။ လူတွေက ဂျစ်ကန်ကန် တွေဗျ။ မလာပါနဲ့ဆိုလည်း လာတော့ ဘာဖြစ်လဲဆိုတဲ့ လူတွေလည်းရှိတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ ရွေးကောက်ပွဲနှောင့်ယှက်တယ်ဆိုရင်တော့ အထူးရဲလည်းပါတယ်။ လိုအပ်ရင် အရေးယူဖို့ ကျွန်တော်တို့ ပြောထားတယ်။

Share this post