• Follow Us on

Home အသက္ႀကီးသူမ်ားေက်ာင္းပို႔၊ ေက်ာင္းႀကဳိမျပဳလုပ္ၾကရန္ ေမတၱာရပ္ခံ ထားေၾကာင္း ပညာေရး၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီး ေျပာၾကား

အသက္ႀကီးသူမ်ားေက်ာင္းပို႔၊ ေက်ာင္းႀကဳိမျပဳလုပ္ၾကရန္ ေမတၱာရပ္ခံ ထားေၾကာင္း ပညာေရး၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီး ေျပာၾကား

Share this post

အသက္ႀကီးသူမ်ားေက်ာင္းပို႔၊ ေက်ာင္းႀကဳိမျပဳလုပ္ၾကရန္ ေမတၱာရပ္ခံထားေၾကာင္း ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးေျပာၾကားလိုက္သည္။

ေနျပည္ေတာ္တြင္ ဇူလိုင္ ၁၃ ရက္က အမွတ္ ၅ အေျခခံပညာအထက္တန္းေက်ာင္း ပညာရတနာခန္းမတြင္က်င္းပသည့္ ေက်ာင္းအပ္ႏွံေရးသီတင္းပတ္အခမ္းအနားတြင္ ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာၾကားခဲ့သည္။

“အသက္ႀကီးသူမ်ား ေက်ာင္းပို႔၊ ေက်ာင္းႀကဳိ မျပဳလုပ္ရန္ေမတၱာရပ္ခံထားပါတယ္။ ေက်ာင္းပို႔ၾကဳိသူတစ္ဦးသာခြင့္ျပဳမွာျဖစ္ၿပီး ေနရပ္လိပ္စာ၊ တယ္လီဖုန္းမွတ္တမ္းထားရွိမွာျဖစ္လို႔ ပူးေပါင္းေဆာင္ရြက္ဖို႔လည္းအေရးႀကီးပါတယ္’’ဟု ၎ကေျပာသည္။

COVID-19 ေရာဂါေၾကာင့္ အေျခခံပညာေက်ာင္းမ်ား ေက်ာင္းအပ္လက္ခံခ်ိန္ေရႊ႕ဆိုင္းခဲ့ၿပီး ျမန္မာႏိုင္ငံတြင္ ျပည္ပမွျပန္လာသူ အခ်ိဳ႔ထံမွ ဗိုင္းရပ္စ္ပိုးကူးစက္ခံထားရမႈတို႔ကိုမၾကာခဏစစ္ေဆးေတြ႕ရွိခဲ့သည္။

လက္ရွိတြင္အထက္တန္းအဆင့္ေက်ာင္းအပ္ႏွံေရးကိုဇူလိုင္ ၁၃ ရက္မွ ၁၇ ရက္အထိ၊ အလတန္းအဆင့္ေက်ာင္းအပ္ႏွံေရးကို ဇူလိုင္ ၂၇ ရက္မွ ၃၁ ရက္အထိ၊ မူလတန္းအဆင့္ေက်ာင္းအပ္ႏွံေရးကို ၾသဂုတ္လ ၄ ရက္မွ ၇ ရက္အထိ လက္ခံသြားမည္ ျဖစ္ေၾကာင္း ပညာေရး၀န္ႀကီးဌာနမွသိရသည္။

“ေက်ာင္းကိုေက်ာင္းသူ၊ ေက်ာင္းသားေတြေရာက္ရွိလာရင္ ၆ ေပစီျခားၿပီး ကိုယ္ပူခ်ိန္တိုင္းမွာျဖစ္ပါတယ္။ ကိုယ္ပူခ်ိန္မ်ားေနရင္ ေခတၱခဏအနားယူေစၿပီးေတာ့ ကိုယ္ပူခ်ိန္ျပန္တိုင္းပါမယ္။ တကယ္ပဲ ကိုယ္ပူခ်ိန္ျမင့္မားေနတယ္ဆိုရင္ေတာ့ ေဆး႐ုံကိုဆက္ သြယ္ၿပီး ေဆးကုသမႈခံယူေစမွာျဖစ္ပါတယ္’’ဟု ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးကေျပာသည္။

ပညာေရး၀န္ႀကီးဌာန အေျခခံပညာဦးစီးဌာနလက္ေအာက္တြင္ အေျခခံပညာေက်ာင္းေပါင္းေလးေသာင္းေက်ာ္ ရန္ကုန္တိုင္း ေဒသႀကီးတြင္ အေျခခံပညာေက်ာင္းေပါင္းႏွစ္ေထာင္ေက်ာ္ရွိေၾကာင္းသိရသည္။

#PeopleMedia

(unicode)
အသက်ကြီးသူများကျောင်းပို့၊ ကျောင်းကြိုမပြုလုပ်ကြရန် မေတ္တာရပ်ခံ ထားကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပြောကြား
…………………………………………………

အသက်ကြီးသူများကျောင်းပို့၊ ကျောင်းကြိုမပြုလုပ်ကြရန် မေတ္တာရပ်ခံထားကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးပြောကြားလိုက်သည်။

နေပြည်တော်တွင် ဇူလိုင် ၁၃ ရက်က အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင်ကျင်းပသည့် ကျောင်းအပ်နှံရေးသီတင်းပတ်အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့သည်။

“အသက်ကြီးသူများ ကျောင်းပို့၊ ကျောင်းကြို မပြုလုပ်ရန်မေတ္တာရပ်ခံထားပါတယ်။ ကျောင်းပို့ကြိုသူတစ်ဦးသာခွင့်ပြုမှာဖြစ်ပြီး နေရပ်လိပ်စာ၊ တယ်လီဖုန်းမှတ်တမ်းထားရှိမှာဖြစ်လို့ ပူးပေါင်းဆောင်ရွက်ဖို့လည်းအရေးကြီးပါတယ်’’ဟု ၎င်းကပြောသည်။

COVID-19 ရောဂါကြောင့် အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံချိန်ရွှေ့ဆိုင်းခဲ့ပြီး မြန်မာနိုင်ငံတွင် ပြည်ပမှပြန်လာသူ အချို့ထံမှ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရမှုတို့ကိုမကြာခဏစစ်ဆေးတွေ့ရှိခဲ့သည်။

လက်ရှိတွင်အထက်တန်းအဆင့်ကျောင်းအပ်နှံရေးကိုဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ၊ အလတန်းအဆင့်ကျောင်းအပ်နှံရေးကို ဇူလိုင် ၂၇ ရက်မှ ၃၁ ရက်အထိ၊ မူလတန်းအဆင့်ကျောင်းအပ်နှံရေးကို ဩဂုတ်လ ၄ ရက်မှ ၇ ရက်အထိ လက်ခံသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။

“ကျောင်းကိုကျောင်းသူ၊ ကျောင်းသားတွေရောက်ရှိလာရင် ၆ ပေစီခြားပြီး ကိုယ်ပူချိန်တိုင်းမှာဖြစ်ပါတယ်။ ကိုယ်ပူချိန်များနေရင် ခေတ္တခဏအနားယူစေပြီးတော့ ကိုယ်ပူချိန်ပြန်တိုင်းပါမယ်။ တကယ်ပဲ ကိုယ်ပူချိန်မြင့်မားနေတယ်ဆိုရင်တော့ ဆေးရုံကိုဆက် သွယ်ပြီး ဆေးကုသမှုခံယူစေမှာဖြစ်ပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောသည်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနလက်အောက်တွင် အခြေခံပညာကျောင်းပေါင်းလေးသောင်းကျော် ရန်ကုန်တိုင်း ဒေသကြီးတွင် အခြေခံပညာကျောင်းပေါင်းနှစ်ထောင်ကျော်ရှိကြောင်းသိရသည်။

#PeopleMedia


Share this post