• Follow Us on
Latest News

Home အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများ မ (၃) ဦး၊ ကျား (၁) ဦးတို့အား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများ မ (၃) ဦး၊ ကျား (၁) ဦးတို့အား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

Share this post

စစ်ကိုင်း၊ မတ် ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မင်းကွန်းတိုက်နယ်၊ ကင်းကျေးရွာနေ မစန်းစန်းမူသည် ၎င်း၏ တူမဖြစ်သူ မ xxx ၊ ၁၄ နှစ်ကို အိမ်ဖော် (သို့မဟုတ်) အထည်ဆိုင်တွင် အလုပ်ရမည်ဟုဆိုကာ တရုတ်နိုင်ငံသို့ ပို့ဆောင် ရောင်းစားခဲ့သည်။

 

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်နေ မစန်းစန်းမူ၊ ချမ်းမြသာစည်မြို့နယ်နေ မထက်ထက် (ခ)ညိုပြာအေး၊ (လိပ်စာတူ) မသီတာအေး(ခ) သဲသဲ (ခ) အေးစိတိုးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်နေ နိုင်လင်းကိုတို့က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ နယ်၊ မင်းကွန်းတိုက်နယ်၊ ကင်း ကျေးရွာနေ မစန်းစန်းမူ၏ တူမဖြစ်သူ မ xxx ၊ ၁၄ နှစ်ကို အိမ်ဖော် (သို့မဟုတ်) အထည်ဆိုင်တွင် အလုပ်ရ မည်၊ တစ်လလျှင် ငွေ (၁၂၀၀၀၀) ကျပ်ရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်နိုင်ငံ၊ တုံကွမ်းမြို့သို့ ခေါ်ဆောင် သွားခဲ့ပြီး တရုတ်ယောကျ်ားထံ ပို့ဆောင်ရောင်းစားခဲ့သည်။

 

မတ် ၄ ရက်နေ့က ထိုကဲ့သို့ အမျိုးသမီးငယ်ကို တရုတ်ပြည်သို့ ပို့ဆောင်ဆောင်စားခဲ့သူများဖြစ်သည့် တရားခံ မစန်းစန်းမူ၊ မထက်ထက် (ခ) ညိုပြာအေး၊ မသီတာအေး (ခ) သဲသဲ (ခ) အေးစိတိုးနှင့် နိုင်လင်းကိုတို့အား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချ မှတ်ခဲ့သည်။

 

(unicode)


……………………………………

 


 


 


 



Share this post