• Follow Us on

Home အသင္းအဖြဲ႔မွတ္ပုံတင္ျခင္းဆုိင္ရာ ဥပေဒပါ စည္းကမ္းခ်က္မ်ားကုိ ေဖာက္ဖ်က္ျခင္းေၾကာင့္ မႈခင္းသတင္း ေထာက္မ်ားအသင္း(MCRA)ကုိ အသင္းအဖြဲ႕မွ အစုိးရ ပယ္ဖ်က္၊ ပယ္ဖ်က္မႈကုိ ျမန္မာနိုင္ငံသတင္းမီဒီယာ ေကာင္စီအဖြဲ႕ႀကိဳဆုိ

အသင္းအဖြဲ႔မွတ္ပုံတင္ျခင္းဆုိင္ရာ ဥပေဒပါ စည္းကမ္းခ်က္မ်ားကုိ ေဖာက္ဖ်က္ျခင္းေၾကာင့္ မႈခင္းသတင္း ေထာက္မ်ားအသင္း(MCRA)ကုိ အသင္းအဖြဲ႕မွ အစုိးရ ပယ္ဖ်က္၊ ပယ္ဖ်က္မႈကုိ ျမန္မာနိုင္ငံသတင္းမီဒီယာ ေကာင္စီအဖြဲ႕ႀကိဳဆုိ

Share this post

ရန္ကုန္ ၊ဇူလုိင္ – ၁၅

အသင္းအဖြဲ႕မွတ္ပုံတင္ျခင္းဆုိင္ရာ ဥပေဒပါ စည္းကမ္းခ်က္မ်ားကုိ ေဖာက္ဖ်က္ျခင္းေၾကာင့္ မႈခင္းသတင္း ေထာက္မ်ားအသင္း(MCRA)ကုိ အသင္းအဖြဲ႔မွ ျပည္ေထာင္စုမွတ္ပုံတင္ေရးအဖြဲ႔က ပယ္ဖ်က္လုိက္သည္။

မႈခင္းသတင္းေထာက္မ်ားအသင္း(MCRA) သည္ ျပည္ေထာင္စုမွတ္ပုံတင္ေရးအဖြဲ႔၌ မွတ္ပုံတင္လက္မွတ္ အမွတ္(၁/ျပည္တြင္း/၀၂၇၆)ျဖင့္ ၂၀၁၇ ခုႏွစ္၊ဇန္နဝါရီ၂၅ရက္မွ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ၃၁ ရက္ထိ ခြင့္ျပဳ ေပးထားခဲ့သည္။

သုိ႔ေသာ္ မႈခင္းသတင္းေထာက္မ်ားအသင္း(MCRA)သည္ အသင္းအဖြဲ႔မွတ္ပုံတင္ျခင္းဆုိင္ရာ ဥပေဒအရ လုိက္နာရမည့္ စည္းကမ္းခ်က္မ်ားကုိ ေဖာက္ဖ်က္မႈေၾကာင့္ ၂၀၂၀ ခုႏွစ္ ဇြန္လ(၁၂)ရက္ေန႔၌ ျပဳလုပ္ခဲ့သည့္ အစည္းအေဝးအရ ဇြန္လ(၁၆)ရက္၌ အသင္းအဖြဲ႔စာရင္းမွ ႏုိင္ငံေတာ္က ပယ္ဖ်က္လုိက္တာလည္း ျဖစ္ပါတယ္။

“အခုလိုသူတို႔အသင္းကိုပယ္ဖ်က္လိုက္တာေကာင္းတယ္လို႔ေျပာလို႔ရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီလိုဟာ မ်ိဳးလုပ္ေနတာကို အစိုးရက တရား၀င္ေျပာဖို႔လိုတယ္ေလ။ ဟိုးအရင္အရင္လက္ထက္ကတည္းက ျပည္ထဲ ေရး၀န္ႀကီး ဒုဗိုလ္မႉးႀကီး ရန္နိုင္လက္ထက္ကစၿပီး သူတို႔ေတြေထာင္လာခဲ့ၾကတာဆိုေတာ့ အဲဒီတုန္းကေတာ့ အသုံးခ်ခဲ့ၾကတာေပါ့ေလ။သူတို႔လိုအပ္တဲ့ေနရာမွာမႈခင္းသတင္းေထာက္နာမည္ခံၿပီးေတာ့ သတင္းေပးသေဘာ မ်ိဳးနဲ႔ အသုံးခ်ခဲ့ၾကတယ္။ ဆိုေတာ့ အခုလိုမ်ိဳးဒီလိုအဖြဲ႕အစည္းမ်ိဳးကိုပယ္ဖ်က္လိုက္တယ္ဆိုတာတျခားေသာ ေနာက္ေနာင္အဲဒီလို လိုက္လုပ္ထားတဲ့ေထာင္ထားတဲ့လူေတြလည္းရွိတယ္။ အဲဒါမ်ိဳးေတြကိုပါ သတင္းစကား ေရာက္ေစတယ္။ အဲဒါမ်ိဳးေတြကိုပါ ေျပာတဲ့သေဘာမ်ိဳးသက္ေရာက္တယ္။ ကြၽန္ေတာ္ေတာ့ အဲဒီလို နားလည္ တယ္’’လို႔ ျမန္မာနိုင္ငံ သတင္းမီဒီယာေကာင္စီအဖြဲ႕၀င္ ဦးျမင့္ေက်ာ္က ေျပာပါတယ္။

#PeopleMedia #မႈခင္းသတင္းေထာက္မ်ားအသင္း(MCRA) #ဦးျမင့္ေက်ာ္

(unicode)
အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါ စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းကြောင့် မှုခင်းသတင်း ထောက်များအသင်း(MCRA)ကို အသင်းအဖွဲ့မှ အစိုးရ ပယ်ဖျက်၊ ပယ်ဖျက်မှုကို မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအဖွဲ့ကြိုဆို
………………………………………………………

ရန်ကုန် ၊ဇူလိုင် – ၁၅

အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါ စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းကြောင့် မှုခင်းသတင်း ထောက်များအသင်း(MCRA)ကို အသင်းအဖွဲ့မှ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့က ပယ်ဖျက်လိုက်သည်။

မှုခင်းသတင်းထောက်များအသင်း(MCRA) သည် ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့၌ မှတ်ပုံတင်လက်မှတ် အမှတ်(၁/ပြည်တွင်း/၀၂၇၆)ဖြင့် ၂၀၁၇ ခုနှစ်၊ဇန်နဝါရီ၂၅ရက်မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ၃၁ ရက်ထိ ခွင့်ပြု ပေးထားခဲ့သည်။

သို့သော် မှုခင်းသတင်းထောက်များအသင်း(MCRA)သည် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ လိုက်နာရမည့် စည်းကမ်းချက်များကို ဖောက်ဖျက်မှုကြောင့် ၂၀၂၀ ခုနှစ် ဇွန်လ(၁၂)ရက်နေ့၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးအရ ဇွန်လ(၁၆)ရက်၌ အသင်းအဖွဲ့စာရင်းမှ နိုင်ငံတော်က ပယ်ဖျက်လိုက်တာလည်း ဖြစ်ပါတယ်။

“အခုလိုသူတို့အသင်းကိုပယ်ဖျက်လိုက်တာကောင်းတယ်လို့ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဟာ မျိုးလုပ်နေတာကို အစိုးရက တရားဝင်ပြောဖို့လိုတယ်လေ။ ဟိုးအရင်အရင်လက်ထက်ကတည်းက ပြည်ထဲ ရေးဝန်ကြီး ဒုဗိုလ်မှူးကြီး ရန်နိုင်လက်ထက်ကစပြီး သူတို့တွေထောင်လာခဲ့ကြတာဆိုတော့ အဲဒီတုန်းကတော့ အသုံးချခဲ့ကြတာပေါ့လေ။သူတို့လိုအပ်တဲ့နေရာမှာမှုခင်းသတင်းထောက်နာမည်ခံပြီးတော့ သတင်းပေးသဘော မျိုးနဲ့ အသုံးချခဲ့ကြတယ်။ ဆိုတော့ အခုလိုမျိုးဒီလိုအဖွဲ့အစည်းမျိုးကိုပယ်ဖျက်လိုက်တယ်ဆိုတာတခြားသော နောက်နောင်အဲဒီလို လိုက်လုပ်ထားတဲ့ထောင်ထားတဲ့လူတွေလည်းရှိတယ်။ အဲဒါမျိုးတွေကိုပါ သတင်းစကား ရောက်စေတယ်။ အဲဒါမျိုးတွေကိုပါ ပြောတဲ့သဘောမျိုးသက်ရောက်တယ်။ ကျွန်တော်တော့ အဲဒီလို နားလည် တယ်’’လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

#PeopleMedia #မှုခင်းသတင်းထောက်များအသင်း(MCRA) #ဦးမြင့်ကျော်


Share this post