• Follow Us on

Home အသင္းအဖြဲ႕မွတ္ပုံတင္ ခြင့္ျပဳခ်က္ ရရွိျပီးမွသာလွ်င္ PACE အဖြဲ႔ကုိ ေရြးေကာက္ပြဲ ေစာင့္ၾကည့္ခြင့္ ခြင့္ျပဳရန္ UEC စီစဥ္

အသင္းအဖြဲ႕မွတ္ပုံတင္ ခြင့္ျပဳခ်က္ ရရွိျပီးမွသာလွ်င္ PACE အဖြဲ႔ကုိ ေရြးေကာက္ပြဲ ေစာင့္ၾကည့္ခြင့္ ခြင့္ျပဳရန္ UEC စီစဥ္

Share this post

ရန္ကုန္၊ ၾသဂုတ္-၂၄

PACE အဖြဲ႔ကုိ အသင္းအဖြဲ႔မွတ္ပုံတင္ ခြင့္ျပဳခ်က္ ရရွိမွသာလွ်င္ ေရြးေကာက္ပြဲ ေစာင့္ၾကည့္ခြင့္ အသိအမွတ္ျပဳလႊာကုိ ထုတ္ေပးရန္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္(UEC)က စီစဥ္ထားသည္။

ျမန္မာႏုိင္ငံ၌ က်င္းပခဲ့သည့္ ေရြးေကာက္ပြဲ၌ PACE အဖြဲ႔သည္ လူဦးေရအမ်ားဆုံးျဖင့္ ေစာင့္ၾကည့္ႏုိင္ခဲ့သည့္ အဖြဲ႔တစ္ခုျဖစ္သလုိ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ အားနည္းခ်က္မ်ားကုိ ေထာက္ျပေနသည့္ အဖြဲ႔အစည္းတစ္ခုလည္းျဖစ္သည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က PACE အဖြဲ႔သည္ ၂၀၂၀ေရြးေကာက္ပြဲအတြက္ ေစာင့္ၾကည့္ေလ့လာခြင့္၌ အသင္းအဖြဲ႔မွတ္ပုံတင္မရွိဟုဆိုကာ ေစာင့္ၾကည့္ခြင့္အားပယ္ခ်ခဲ့သည္။

PACE အဖြဲ႔သည္ ၂၀၁၄ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး ၂၀၁၅ခုႏွစ္အေထြေထြေရြးေကာက္ပြဲတြင္ ေစာင့္ၾကည့္သူလူဦးေရ၂၅၀၀ေက်ာ္၊ ၂၀၁၇ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ေစာင့္ၾကည့္သူဦးေရ၇၀၀ေက်ာ္၊ ၂၀၁၈ခုႏွစ္ၾကားျဖတ္ေရြးေကာက္ပြဲတြင္ေစာင့္ၾကည့္သူ၇၀၀ေက်ာ္ကို အသုံးျပဳကာေစာင့္ၾကည့္ေလ့လာမႈတို႔ျပဳလုပ္ခဲ့သည္။

ၾသဂုတ္လ(၂၄)ရက္ေန႔၌ PACE အဖြဲ႔၏ ထုတ္ျပန္ခ်က္၌ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က PACE အဖြဲ႔ကုိ မွတ္ပုံတင္ ခြင့္ျပဳခ်က္ ရရွိျပီးမွသာ ေစာင့္ၾကည့္ေလ့လာခြင့္ အသိအမွတ္ျပဳလႊာ ထုတ္ေပးရန္ အေၾကာင္းျပန္ထားေၾကာင္း ေဖာ္ျပထားသည္။

#PeopleMedia #PACE #UEC #2020election

(unicode)
အသင်းအဖွဲ့မှတ်ပုံတင် ခွင့်ပြုချက် ရရှိပြီးမှသာလျှင် PACE အဖွဲ့ကို ရွေးကောက်ပွဲ စောင့်ကြည့်ခွင့် ခွင့်ပြုရန် UEC စီစဉ်
……………………………………………………

ရန်ကုန်၊ ဩဂုတ်-၂၄

PACE အဖွဲ့ကို အသင်းအဖွဲ့မှတ်ပုံတင် ခွင့်ပြုချက် ရရှိမှသာလျှင် ရွေးကောက်ပွဲ စောင့်ကြည့်ခွင့် အသိအမှတ်ပြုလွှာကို ထုတ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က စီစဉ်ထားသည်။

မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ PACE အဖွဲ့သည် လူဦးရေအများဆုံးဖြင့် စောင့်ကြည့်နိုင်ခဲ့သည့် အဖွဲ့တစ်ခုဖြစ်သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အားနည်းချက်များကို ထောက်ပြနေသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က PACE အဖွဲ့သည် ၂၀၂၀ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာခွင့်၌ အသင်းအဖွဲ့မှတ်ပုံတင်မရှိဟုဆိုကာ စောင့်ကြည့်ခွင့်အားပယ်ချခဲ့သည်။

PACE အဖွဲ့သည် ၂၀၁၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်သူလူဦးရေ၂၅၀၀ကျော်၊ ၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲတွင် စောင့်ကြည့်သူဦးရေ၇၀၀ကျော်၊ ၂၀၁၈ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင်စောင့်ကြည့်သူ၇၀၀ကျော်ကို အသုံးပြုကာစောင့်ကြည့်လေ့လာမှုတို့ပြုလုပ်ခဲ့သည်။

ဩဂုတ်လ(၂၄)ရက်နေ့၌ PACE အဖွဲ့၏ ထုတ်ပြန်ချက်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က PACE အဖွဲ့ကို မှတ်ပုံတင် ခွင့်ပြုချက် ရရှိပြီးမှသာ စောင့်ကြည့်လေ့လာခွင့် အသိအမှတ်ပြုလွှာ ထုတ်ပေးရန် အကြောင်းပြန်ထားကြောင်း ဖော်ပြထားသည်။

#PeopleMedia #PACE #UEC #2020election


Share this post