• Follow Us on

Home အသစ်ဝင်ရောက်ရင်းနှီးမြှုပ်နှံသူများကို ရင်းနှီးမြှုပ်နှံမှုမပြုလုပ်နိုင်ရေးအတွက် ခြိမ်းခြောက်ဟန့်တားနေမှုများကို လည်း ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်ရန် န.စ.ကဥက္ကဋ္ဌ ပြောကြား

အသစ်ဝင်ရောက်ရင်းနှီးမြှုပ်နှံသူများကို ရင်းနှီးမြှုပ်နှံမှုမပြုလုပ်နိုင်ရေးအတွက် ခြိမ်းခြောက်ဟန့်တားနေမှုများကို လည်း ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်ရန် န.စ.ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ မတ်  ၁၆

 

အသစ်ဝင်ရောက်ရင်းနှီးမြှုပ်နှံသူများကို ရင်းနှီးမြှုပ်နှံမှုမပြုလုပ်နိုင်ရေးအတွက် ခြိမ်းခြောက်ဟန့်တားနေမှုများကို  ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

 

အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက် အမှာစကားပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့သည်။

 

“နိုင်ငံအတွင်း အမှန်တကယ်ရင်းနှီးမြှုပ်နှံလိုသူတွေ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေဖို့အတွက် အားပေးကူညီ ပေးရမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုပြုထားတဲ့လုပ်ငန်းတွေအတွက် လုံခြုံမှုနဲ့ အခက်အခဲများရှိရင် ဌာနတွေက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမယ့်ကိစ္စရပ်တွေကို အချိန်တိုအတွင်း ဖြေရှင်းဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ အသစ်ဝင်ရောက် ရင်းနှီးမြှုပ်နှံသူတွေကို ရင်းနှီးမြှုပ်နှံမှုမပြုလုပ်နိုင်ဖို့အတွက် ခြိမ်းခြောက်ဟန့်တားနေမှုတွေကို လည်း ဥပဒေနဲ့အညီ ဖော်ထုတ်အရေးယူနိုင်ဖို့ကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

လာမည့်နှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် ကုန်ထုတ်လုပ်မှုနှင့် ဝန် ဆောင်မှုလုပ်ငန်းများ၊ ပြည်သူလူထု၏ စားဝတ်နေမှုဖူလုံစေရေးများကို အလေးထား ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းပြည်အတွက် စေတနာထားဆောင်ရွက်ကြရန် လိုကြောင်း၊ လုပ်ငန်းများပြီးစီးရန်အတွက် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများဖြစ်ပေါ်လျက်ရှိပြီး ကြုံတွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများနှင့် သက်ဆိုင်ရာဝန်ကြီးချုပ်များ အနေဖြင့် ကျော်လွှားနိုင်ရေး အတတ်နိုင်ဆုံးဖြေရှင်း ဆောင်ရွက်ကြရန်လိုပြီး အဆင့်ဆင့်တာဝန်ယူမှုနှင့် တာ ဝန်ခံမှုရှိရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ထို့ပြင် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း ရှေ့နောက်ညီညွှတ်မှုနှင့် အလျင်အမြန် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဦးစားပေးအလိုက် ခွဲခြားပြီး လက်တွေ့ကျကျဆောင်ရွက်သွားရန် လိုမည်ဖြစ် ကြောင်း၊ မိမိတို့တက်ညီလက်ညီဖြင့် ကြိုးပမ်းဆောင်ရွက်ပါက အောင်မြင်မှု မလွဲဧကန်ရရှိနိုင်မည်ဖြစ်သည့် အတွက် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ပေါင်းစည်းဆောင်ရွက်မှု နည်းလမ်းဖြင့် ဆောင်ရွက် သွားကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြားသည်။

 

#PeopleMedia

 

(unicode)


……………………………………….

 


 


 


 


 


 


 

#PeopleMedia


Share this post