• Follow Us on

Home အသတ္ခံရတဲ့ ေက်ာင္းသားႏွစ္ဦးအတြက္ ေကအိုင္ေအမွ တစ္ဦးလွ်င္ ဂ႐ုဏာေၾကး သိန္းႏွစ္ရာစီေပး

အသတ္ခံရတဲ့ ေက်ာင္းသားႏွစ္ဦးအတြက္ ေကအိုင္ေအမွ တစ္ဦးလွ်င္ ဂ႐ုဏာေၾကး သိန္းႏွစ္ရာစီေပး

Share this post

ျမစ္ႀကီးနား၊ ဇူလိုင္ ၂၅

ေကအိုင္ေအတပ္ဖြဲ႕၀င္အခ်ိဳ႕ရဲ႕ သတ္ျဖတ္ျခင္းခံရတဲ့ ေက်ာင္းသားလူငယ္ေတြအတြက္ ဂ႐ုဏာေၾကးအျဖစ္ တစ္ဦးကို ေငြက်ပ္သိန္းႏွစ္ရာ ေပးအပ္ခဲ့တယ္လို႔ အသတ္ခံလိုက့္ရတဲ့ ေက်ာင္းသားတစ္ဦးျဖစ္သူ ေမာင္သန့္ဇင္ေအာင္ရဲ႕ဖခင္ျဖစ္သူ ဦးအိုက္ဆန္းက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ကို နစ္နာေၾကးဆိုၿပီး ကေလးႏွစ္ေယာက္အတြက္ တစ္ေယာက္ကို သိန္းႏွစ္ရာစီေပးပါတယ္။ လူမွားသတ္မိလိုက္တဲ့အတြက္လည္း ေက်နပ္ေအာင္ ေတာင္းပန္ေပးပါတယ္။ အေလာင္းေတြကိုေတာ့ ျပန္လြဲေပးဖို႔ ကြၽန္ေတာ္တို႔ဘက္က ေတာင္းဆိုခဲ့ေပမယ့္ နယ္ေျမအေျခအေန အခက္အခဲေၾကာင့္ အခုလမကုန္ခင္ အေလာင္းေတြလြဲေပးဖို႔ႀကိဳးစားေပးမယ္လို႔ ေျပာတယ္။ သူတို႔ကအေမွာင္ထဲကလူ ၿပီးေတာ့ ကြၽန္ေတာ္တို႔က ဒီမွာလည္း အလုပ္က လုပ္စားကိုင္စားရအုန္းမွာဆိုေတာ့ သူတို႔ေပးတာနဲ႕ပဲ ေက်နပ္ခဲ့ရတာပါ ဘယ္တတ္နိုင္ပါ့မလဲဗ်ာ ” ဟု ဦးအိုက္ဆန္းက ေျပာပါတယ္။

ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူေက်း႐ြာအနီး ေမာ္သွ်န္ေက်း႐ြာတြင္ ရပ္မိရပ္ဖေတြ ဘာသာေရးဆရာေတြနဲ႕ ၾကားခံေဆြးေႏြးၿပီး တစ္ေယာက္ကိုေငြက်ပ္သိန္းႏွစ္ရာ ဂ႐ုဏာေၾကးအျဖစ္ေပးခဲ့တယ္လို႔ သိရပါတယ္။

ဆယ္ဇင္းေက်း႐ြာနဲ႕ ပါဟုတ္ႀကီးေက်း႐ြာဟာ ဆိုင္ကယ္ျဖင့္ သြားပါက နာရီ၀က္ခန့္သာ ေမာင္းႏွင္ရၿပီး အသတ္ခံလိုက္ရတဲ့ ေမာင္သန့္ဇင္ေအာင္နဲ႕ ေမာင္ေဇာ္မ်ိဳးဦးတို႔ကို ကခ်င္ျပည္နယ္ ဆယ္ဇင္းေက်း႐ြာကေန ဇူလိုင္လ ၆ရက္ေန႕ညက ေကအိုင္ေအအဖြဲ႕ ဖမ္းဆီးေခၚေဆာင္သြားၾကတာ ျဖစ္ပါတယ္။

ဒီလိုအေၾကာင္းမဲ့ သတ္ျဖစ္တဲ့ လုပ္ရပ္မ်ိဳးေတြ ဆက္တိုက္ ျဖစ္လာမယ္ဆိုရင္ လူမ်ိဳးေရး ပဋိပကၡ ျပႆနာ သယ္ေဆာင္လာတာမ်ိဳးေတြ မျဖစ္လာဘူးလို႔ေတာ့မေျပာနိုင္ဘူး။ ဒါ့ေၾကာင့္ ေနာက္ေနာင္မွာဒီလိုမ်ိဳး ထပ္မျဖစ္ေအာင္ ဘက္ေပါင္းစုံကေနဝိုင္း၀န္းၿပီး ထိန္းေၾကာင္းဖို႔ လိုအပ္တယ္လို႔ တိုင္းလိုင္(ရွမ္းနီ)အမ်ိဳးသားဖြံၿဖိဳးတိုးတက္ေရးပါတီ ဥကၠဌ စိုင္းဇင္ေမာင္လြင္က ေျပာပါတယ္။

“ ေကအိုင္ေအနဲ႕ ကေလးမိဘေတြနဲ႕အဆင္ေျပသြားတယ္ဆိုရင္ ေကာင္းတာေပါ့ဗ်ာ။ တစ္ဖက္ကေနၾကည့္ခဲ့မယ္ဆိုရင္လည္း ဒီလိုလုပ္ရပ္မ်ိဳးက ဆက္တိုက္ျဖစ္လာမယ္ဆိုရင္ လူမ်ိဳးေရးပဋိပကၡ့ျပသနာသယ္ေဆာင္လာတာမ်ိဳးေတြ မျဖစ္လာဘူးလို႔ေတာ့မေျပာနိုင္ဘူး ကြၽန္ေတာ္တို႔ဘက္ကေတာ့ လူမ်ိဳးေရးပဋိပကၡျဖစ္ေအာင္ တြန္းအားေပးေနမွာ မဟုတ္ဘူး” ဟု ၎ကေျပာပါတယ္။

ေက်ာင္းသားေတြ အသတ္ခံလိုက္ရတဲ့ကိစၥနဲ႕ ပတ္သက္ၿပီး ဂ႐ုဏာေၾကးအျဖစ္ တစ္ဦးကို သိန္းႏွစ္ရာစီ ေပးလိုက္တာျဖစ္ၿပီး ေကအိုင္ေအအဖြဲ႕အေနနဲ႕ ျပစ္မႈက်ဴးလြန္သူေတြကို ခရိုင္အဆင့္တရား႐ုံးနဲ႕ စစ္ေဆးအေရးယူၿပီး အျပစ္ေပး ေဆာင္႐ြက္သြားမယ္လို႔လည္း သိရပါတယ္။

သက္ေနာင္

#PeopleMedia #KIA

[Unicode]

အသတ်ခံရတဲ့ ကျောင်းသားနှစ်ဦးအတွက် ကေအိုင်အေမှ တစ်ဦးလျှင် ဂရုဏာကြေးသိန်းနှစ်ရာစီပေး
…………………………………………………………………………

မြစ်ကြီးနား၊ ဇူလိုင် ၂၅

ကေအိုင်အေတပ်ဖွဲ့၀င်အချို့ရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ ကျောင်းသားလူငယ်တွေအတွက် ဂရုဏာကြေးအဖြစ် တစ်ဦးကို ငွေကျပ်သိန်းနှစ်ရာ ပေးအပ်ခဲ့တယ်လို့ အသတ်ခံလိုက့်ရတဲ့ ကျောင်းသားတစ်ဦးဖြစ်သူ မောင်သန့်ဇင်အောင်ရဲ့ဖခင်ဖြစ်သူ ဦးအိုက်ဆန်းက ပြောပါတယ်။

“ကျွန်တော်တို့ကို နစ်နာကြေးဆိုပြီး ကလေးနှစ်ယောက်အတွက် တစ်ယောက်ကို သိန်းနှစ်ရာစီပေးပါတယ်။ လူမှားသတ်မိလိုက်တဲ့အတွက်လည်း ကျေနပ်အောင် တောင်းပန်ပေးပါတယ်။ အလောင်းတွေကိုတော့ ပြန်လွဲပေးဖို့ ကျွန်တော်တို့ဘက်က တောင်းဆိုခဲ့ပေမယ့် နယ်မြေအခြေအနေ အခက်အခဲကြောင့် အခုလမကုန်ခင် အလောင်းတွေလွဲပေးဖို့ကြိုးစားပေးမယ်လို့ ပြောတယ်။ သူတို့ကအမှောင်ထဲကလူ ပြီးတော့ ကျွန်တော်တို့က ဒီမှာလည်း အလုပ်က လုပ်စားကိုင်စားရအုန်းမှာဆိုတော့ သူတို့ပေးတာနဲ့ပဲ ကျေနပ်ခဲ့ရတာပါ ဘယ်တတ်နိုင်ပါ့မလဲဗျာ ” ဟု ဦးအိုက်ဆန်းက ပြောပါတယ်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအနီး မော်သျှန်ကျေးရွာတွင် ရပ်မိရပ်ဖတွေ ဘာသာရေးဆရာတွေနဲ့ ကြားခံဆွေးနွေးပြီး တစ်ယောက်ကိုငွေကျပ်သိန်းနှစ်ရာ ဂရုဏာကြေးအဖြစ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆယ်ဇင်းကျေးရွာနဲ့ ပါဟုတ်ကြီးကျေးရွာဟာ ဆိုင်ကယ်ဖြင့် သွားပါက နာရီ၀က်ခန့်သာ မောင်းနှင်ရပြီး အသတ်ခံလိုက်ရတဲ့ မောင်သန့်ဇင်အောင်နဲ့ မောင်ဇော်မျိုးဦးတို့ကို ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာကနေ ဇူလိုင်လ ၆ရက်နေ့ညက ကေအိုင်အေအဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြတာ ဖြစ်ပါတယ်။

ဒီလိုအကြောင်းမဲ့ သတ်ဖြစ်တဲ့ လုပ်ရပ်မျိုးတွေ ဆက်တိုက် ဖြစ်လာမယ်ဆိုရင် လူမျိုးရေး ပဋိပက္ခ ပြဿနာ သယ်ဆောင်လာတာမျိုးတွေ မဖြစ်လာဘူးလို့တော့မပြောနိုင်ဘူး။ ဒါ့ကြောင့် နောက်နောင်မှာဒီလိုမျိုး ထပ်မဖြစ်အောင် ဘက်ပေါင်းစုံကနေဝိုင်း၀န်းပြီး ထိန်းကြောင်းဖို့ လိုအပ်တယ်လို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ စိုင်းဇင်မောင်လွင်က ပြောပါတယ်။

“ ကေအိုင်အေနဲ့ ကလေးမိဘတွေနဲ့အဆင်ပြေသွားတယ်ဆိုရင် ကောင်းတာပေါ့ဗျာ။ တစ်ဖက်ကနေကြည့်ခဲ့မယ်ဆိုရင်လည်း ဒီလိုလုပ်ရပ်မျိုးက ဆက်တိုက်ဖြစ်လာမယ်ဆိုရင် လူမျိုးရေးပဋိပက္ခ့ပြသနာသယ်ဆောင်လာတာမျိုးတွေ မဖြစ်လာဘူးလို့တော့မပြောနိုင်ဘူး ကျွန်တော်တို့ဘက်ကတော့ လူမျိုးရေးပဋိပက္ခဖြစ်အောင် တွန်းအားပေးနေမှာ မဟုတ်ဘူး” ဟု ၎င်းကပြောပါတယ်။

ကျောင်းသားတွေ အသတ်ခံလိုက်ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဂရုဏာကြေးအဖြစ် တစ်ဦးကို သိန်းနှစ်ရာစီ ပေးလိုက်တာဖြစ်ပြီး ကေအိုင်အေအဖွဲ့အနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို ခရိုင်အဆင့်တရားရုံးနဲ့ စစ်ဆေးအရေးယူပြီး အပြစ်ပေး ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

သက်နောင်

#PeopleMedia #KIA


Share this post