• Follow Us on

Home အသံထက်ငါးဆမြန်သောလက်နက်များထုတ်လုပ်မှု အမေရိကန်လေတပ်အတွင်းဝန် ဝေဖန်

အသံထက်ငါးဆမြန်သောလက်နက်များထုတ်လုပ်မှု အမေရိကန်လေတပ်အတွင်းဝန် ဝေဖန်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၃ (People Media)

 

အမေရိကန်လေတပ်တွင် လက်ရှိဆောင်ရွက်နေသည့် အသံထက်ငါးဆမြန်သောလက်နက်များ hypersonic weapons ထုတ်လုပ်ရေးကို သဘောကျနှစ်ခြိုက်မှုမရှိကြောင်းနှင့် လက်ရှိထုတ်လုပ်နေသောလက်နက်များမှာ လေတပ်၏လိုအပ်ချက်နှင့် ကိုက်ညီမှုရှိမရှိမသိရကြောင်း လေတပ်အတွင်းဝန် (Air Force Secretary) ဖရန့် ကန်ဒယ်လ်က စက်တင်ဘာလ ၂၀ ရက်နေ့ကပြောသည်။

 

လေတပ်ကဆောင်ရွက်နေသော အသံထက်ငါးဆမြန်သောလက်နက်များထုတ်လုပ်မှုမှာ တိုးတက်သော်လည်း လိုအပ်သလောက်မြန်ဆန်မှုမရှိကြောင်း ဖရန့်ကန်ဒယ်လ်က လေတပ်အစည်းအရုံး၏ လေတပ်၊ အာကာသနှင့် ဆိုင်ဘာညီလာခံတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

 

၎င်းအပြင် မည်သည့်စစ်ဆင်ရေးတွင် အဆိုပါအသံထက်ငါးဆမြန်သောလက်နက်များကို အသုံးပြုမည်၊ စစ်ဆင် ရေးတွင်မည်ကဲ့သို့အသုံးပြုမည်၊ လက်ရှိထုတ်လုပ်မှုတွင်အသုံးပြုနေသောနည်းပညာများမှာ လေတပ်၏ရည်မှန်း ချက်များအောင်မြင်စွာဆောင်ရွက်နိုင်ရန် အထောက်အကူ ပြုမည်မပြုမည်ကို အမေရိကန်လေတပ်က အသေး စိတ်ချပြထားခြင်းမရှိသေးကြောင်း ၎င်းကပြောသည်။

 

“တရုတ်တို့ ရုရှားတို့က သူတို့ထုတ်လုပ်နေတဲ့ အသံထက်ငါးဆမြန်တဲ့လက်နက်တွေနဲ့ ဘာလုပ်ချင်တယ်ဆို တာ ကျွန်တော့်အနေနဲ့ အတော်လေး ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ပါတယ်။ ကျွန်တော်တို့ကိုင် တွယ်ဆောင်ရွက်ချင်တဲ့အရာတွေ၊ အသံထက်ငါးဆမြန်တဲ့လက်နက်တွေဟာ အမေရိကန်အတွက် ဘာ့ကြောင့် ကုန်ရကျိုးနပ်တယ်ဆိုတာတွေကို အကြောင်းပြချက်တွေသတ်မှတ်ထားဖို့လိုပါတယ်။ ကျွန်တော့်အတွက်တော့ အခုအချိန်အထိ ပဟေဠိဖြစ်နေတုန်းပဲ။ အခုအချိန်အထိ ဆောင်ရွက်ခဲ့တဲ့ ဆန်းစစ်လေ့လာမှုတွေအားလုံး လက် ရှိစီမံကိန်းနဲ့  ဆက်စပ်မှုရှိတယ်၊ သဘာဝကျတယ်လို့ မမြင်မိသေးဘူး။” ဟု ၎င်းက ပြောသည်။

 

လေတပ်ကထုတ်လုပ်နေသည့် အသံထက်ငါးဆမြန်သောလက်နက်များကို ပုံမှန်စစ်ဆင်ရေးများတွင် ထည့်သွင်း ပေါင်းစပ်အသုံးပြုနိုင်ရေးတိကျသေချာအောင်ဆောင်ရွက်ရန်အတွက် ထပ်မံဆောင်ရွက်စရာများရှိသေးကြောင်း လေကြောင်းတိုက်ခိုက်ရေးဌာနချုပ်အကြီးအကဲဗိုလ်ချုပ်ကြီးမာ့ခ်ကယ်လီက လေတပ်အတွင်းဝန် ဖရန့်ကန် ဒယ်လ်၏စကားကို ထောက်ခံပြောဆိုခဲ့သည်။

 

“သူပြောတာမှန်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စစ်ဆင်ရေးအယူအဆသဘောထားနဲ့ပက်သက်ပြီး ရှင်းလင်း ပြတ်သားပြီး ကောင်းကောင်းနားလည်သဘောပေါက်တဲ့ ရှေ့ဆက်လုပ်မယ့်အရာတွေကို တိကျသေချာအောင် ဆောင်ရွက်ဖို့လိုပါတယ်။ အပစ်ခလုတ်ကို မညှစ်ခင်တိကျသေချာအောင်လုပ်ဖို့လိုပါတယ်။” ဟု ဗိုလ်ချုပ်ကြီး မာ့ခ်ကယ်လီက ပြောသည်။

 

Ref: Air Force’s top civilian hints at changes to hypersonic weapons programs

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 

Ref: Air Force’s top civilian hints at changes to hypersonic weapons programs

 

#PeopleMedia


Share this post