• Follow Us on

Home အသံထက်ငါးဆမြန်သော ဟိုက်ပါဆောနစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားပြော

အသံထက်ငါးဆမြန်သော ဟိုက်ပါဆောနစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၉ (People Media)

 

စက်တင်ဘာလ ၂၈ ရက်နေ့ကပစ်လွှတ်ခဲ့သော ဒုံးကျည်မှာ ဟိုက်ပါဆောနစ် (hypersonic weapon) လက် နက်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ပြောဆိုလိုက်သည်။

 

အရှေ့အာရှတွင် လက်နက်ပြိုင်ဆိုင်မှုများ မြင့်တက်လာသည်ကို စိုးရိမ်ပူပန်နေကြစဉ် ဒေသတွင်းအစိုးရများက ပြစ်တင်ရှုတ်ချခဲ့သည့် ယင်းဒုံးကျည်စမ်းသပ်ပစ်ခတ်မှု ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

 

ဟိုက်ပါဆောနစ်လက်နက် (hypersonic weapon) မှာ အသံထက်ငါးဆမြန်သောလက်နက်ဖြစ်ပြီး တစ်နာရီ လျှင် ကီလိုမီတာ ၆,၂၀၀ ပျံသန်းနိုင်စွမ်းရှိသည့်လက်နက်ဖြစ်သည်။

 

တရုတ်၊ ရုရှားနှင့် အမေရိကန်တို့သည် လက်နက်ထုတ်လုပ်ရေးတွင် အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီး အပြိင်အဆိုင်လက်နက်ထုတ်လုပ်လျက်ရှိသည်။

 

အဆိုပါဒုံးကျည်ပစ်ခတ်မှုကို “ကိုရီးယားကျွန်းဆွယ်တွင် နိုင်ငံရေးတည်ငြိမ်မှုရရှိရေးမှာ အလွန်အရေးကြီးနေ သည့်အချိန်၌ စိတ်မကောင်းဖွယ်ရာအဖြစ်အပျက်ဖြစ်ပေါ်လာခြင်း” အဖြစ် ရည်ညွှန်းပြောဆိုပြီး တောင်ကိုရီး ယားကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့ကထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင် ယင်းဒုံးကျည်ပစ်ခတ်မှုကို ပြစ်တင်ရှုတ်ချခဲ့သည်။

 

မြောက်ကိုရီးယား၏ ဟွာဆောင်-၈ (Hwasong-8) ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း၊ ဒုံး ကျည်မှာပဲ့ထိန်းစနစ်နှင့် အသံထက်ငါးဆမြန်သော ဟိုက်ပါဆောနစ်ဒုံးကျည်ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုး ရက စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကြေညာခဲ့သည်။

 

တောင်ကိုရီးယားနိုင်ငံကမူ မြောက်ကိုရီးယားမှပစ်လွှတ်လိုက်သောဒုံးကျည်၏ စွမ်းဆောင်နိုင်မှုကို အသေးစိတ် ဆန်းစစ်လေ့လာရာတွင် “၎င်းတို့ကြေညာထားသည့် ဟိုင်ပါဆောနစ်တစ်ဝက်ဖြစ်သော ၂.၅ မက်ချ်ဖြစ်သော အ သံထက် ၂.၅ ဆသာမြန်ကြောင်း၊ တစ်နည်းအားဖြင့် တစ်နာရီလျှင် ၃,၀၈၇ ကီလိုမီတာသာပျံသန်းနိုင်စွမ်းရှိ ကြောင်း ပြောကြားလိုက်သည်။

 

ကိုရီးယားကျွန်းဆယ်တွင်ဖြစ်ပွားလာနိုင်သောစစ်ပွဲတစ်ခုအတွက်မျှော်မှန်း၍ အတားအဆီးတစ်ခုအဖြစ် လက် နက်ထုတ်လုပ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာမြောက်ကိုရီးယား သံ အမတ်ကြီး ကင်ဆောင်က ဒုံးကျည်မပစ်ခင်ကတည်းက ထုတ်ဖော်ပြောကြားခဲ့သည်။

 

“စစ်ပွဲကို ထိန်းချုပ်ထားပါတယ်။ အဲဒီလိုထိန်းချုပ်ထားတာဟာ မြောက်ကိုရီးယားနိုင်ငံကို အမေရိကန်က သနား ကြင်နာလို့မဟုတ်ဘဲ ကျွန်တော်တို့နိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲဖို့ ကြိုးပမ်းရာမှာ ရန်လိုတဲ့တပ်တွေကို ထိန်းချုပ် ထားနိုင်တဲ့ အားကိုးအားထားပြုလောက်တဲ့အဟန့်အတားတစ်ခုကို ကျွန်တော်တို့နိုင်ငံက ထုတ်လုပ်ထားနိုင်လို့ ပါပဲ။” ဟု သံ အမတ်ကြီးကင်ဆောင်က ကုလသမဂ္ဂအထွေထွေညီလာခံတွင် အင်္ဂါနေ့ကပြောကြားခဲ့သည်။

 

မြောက်ကိုရီးယားဒုံးကျည်သည် အသံထက် ၂.၅ ဆသာပျံသန်းနိုင်စွမ်းရှိပြီး ဒုံးကျည်ပစ်လွှတ်မှုမှာလည်း အောင် မြင်ဖွယ်ရာမရှိကြောင်း တောင်ကိုရီးယားဂိုယောင်းမြို့ရှိ ကိုရီးယားလေကြောင်းတက္ကသိုလ်မှ ဒုံးကျည်ကျွမ်းကျင် သူတစ်ဦးဖြစ်သော ချောင်ယောင်ကွမ်ကပြောသည်။

 

“မြောက်ကိုရီးယားရဲ့ ဒုံးကျည်နည်းပညာဟာ အမေရိကန်၊ ရုရှားနဲ့ တရုတ်နိုင်ငံတွေက ဒုံးကျည်နည်းပညာတွေ လို အရည်အချင်းမပြည့်မီပါဘူး။ လောလောဆယ် တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံကို ပစ်မှတ်ထားနိုင်တဲ့ တာတို ပစ်ဒုံးကျည်တွေကိုထုတ်လုပ်ဖို့ ရည်ရွယ်ထားပုံရပါတယ်” ဟု ၎င်းကပြောသည်။

 

Ref: North Korea says it has tested hypersonic missile

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 

Ref: North Korea says it has tested hypersonic missile

 

#PeopleMedia


Share this post