• Follow Us on

Home အာကာသထဲလြင့္ေမ်ာေနသည့္ဥကၠာခဲထံမွ နမူနာရယူၿပီးပ်ံတက္ရန္လႊတ္တင္ထားသည့္ အေမရိကန္အာကာ သေလ့လာေရးၿဂိဳဟ္တု၏လုပ္ငန္းစဥ္ေအာင္ျမင္

အာကာသထဲလြင့္ေမ်ာေနသည့္ဥကၠာခဲထံမွ နမူနာရယူၿပီးပ်ံတက္ရန္လႊတ္တင္ထားသည့္ အေမရိကန္အာကာ သေလ့လာေရးၿဂိဳဟ္တု၏လုပ္ငန္းစဥ္ေအာင္ျမင္

Share this post

ဝါ႐ွင္တန္ဒီစီ၊ ေအာက္တိုဘာ ၂၁
 
ဥကၠာခဲတခုေပၚမွမ်က္ႏွာျပင္ေက်ာက္ခဲမ်ားကိုရယူရန္ဒီဇိုင္းေရးဆြဲထားသည့္ အေမရိကန္ျပည္ေထာင္စု၏ အိုဆိုင္းရစ္-ရက္က္စ္ အာကာသယာဥ္က လုပ္ငန္းေအာင္ျမင္ၿပီးဆံုးခဲ့သည္။
 
မီတာ ၅၀၀ က်ယ္သည့္ဘန္ႏူဟူသည့္ဥကၠာခဲႏွင့္ထိေတြ႕ခဲ့ေၾကာင္း ကမာၻႏွင့္ ကီလိုမီတာသန္း ၃၃၀ အကြာ႐ွိအာကာသယာဥ္ကထုတ္လႊတ္သည့္ေရဒီယိုသေကၤတမ်ားကအတည္ျပဳသည္။
 
သို႔ေသာ္ ထိုယာဥ္က မည္သည့္အရာ၀တၳဳမ်ားရယူခဲ့ေၾကာင္းမသိရေသးခင္ အေမရိကန္အာကာသေအဂ်င္စီ (နာဆာ) ဦးေဆာင္လႊတ္တင္ခဲ့သည့္ယာဥ္မွေနာက္ထပ္အခ်က္အလက္မ်ားကို ေစာင့္ဆိုင္းရမည္ျဖစ္သည္။
 
အာကာသယာဥ္အတြက္ရည္မွန္းခ်က္သည္ အနည္းဆံုးဂရမ္ ၆၀ ရယူရန္ျဖစ္ၿပီး ၁ ကီလိုႏွင့္အထက္လည္း ရလာႏိုင္သည္။
 
ဘန္ႏူသည္ အလြန္အမင္းေ႐ွးက်ေသာအာကာသအတြင္းမွအရာ၀တၳဳျဖစ္သျဖင့္ ထိုအရာေပၚမွအစိုင္အခဲ မ်ားႏွင့္အမႈန္မ်ားက လြန္ခဲ့သည့္ႏွစ္သန္းေပါင္း ၄၅၀၀ ေက်ာ္က ေနႏွင့္ၿဂိဳဟ္ႀကီးမ်ားျဖစ္လာေစသည့္ ဓာတုေဗဒအခ်က္အလက္မ်ား ပိုင္ဆိုင္ထားႏိုင္ေၾကာင္း သိပၸံပညာ႐ွင္မ်ားကေျပာသည္။
 
ယာဥ္ေပၚတြင္ နမူနာမ်ားလံုလံုျခံဳျခံဳရလာသည္ဟုယူဆႏိုင္ပါက ထိုယာဥ္သည္ စီစဥ္ထားသည့္အတိုင္း နမူနာမ်ားကို ကမာၻေျမသို႔ ၂၀၂၃ ခုႏွစ္တြင္ ျပန္လာမည္ျဖစ္သည္။
 
အကယ္၍ မပါလာပါက အာကာသမစ္႐ွင္အဖြဲ႔က ယာဥ္ကို ေနာက္တႀကိမ္ထပ္မံေစလႊတ္မည္ျဖစ္သည္။
 
Ref : India-China dispute: India hands over soldier who crossed border
 
#PeopleMedia
 
(unicode)
အာကာသထဲလွင့်မျောနေသည့်ဥက္ကာခဲထံမှ နမူနာရယူပြီးပျံတက်ရန်လွှတ်တင်ထားသည့် အမေရိကန်အာကာ သလေ့လာရေးဂြိုဟ်တု၏လုပ်ငန်းစဉ်အောင်မြင်
…………………………………………………
 
ဝါရှင်တန်ဒီစီ၊ အောက်တိုဘာ ၂၁
 
ဥက္ကာခဲတခုပေါ်မှမျက်နှာပြင်ကျောက်ခဲများကိုရယူရန်ဒီဇိုင်းရေးဆွဲထားသည့် အမေရိကန်ပြည်ထောင်စု၏ အိုဆိုင်းရစ်-ရက်က်စ် အာကာသယာဉ်က လုပ်ငန်းအောင်မြင်ပြီးဆုံးခဲ့သည်။
 
မီတာ ၅၀၀ ကျယ်သည့်ဘန်နူဟူသည့်ဥက္ကာခဲနှင့်ထိတွေ့ခဲ့ကြောင်း ကမ္ဘာနှင့် ကီလိုမီတာသန်း ၃၃၀ အကွာရှိအာကာသယာဉ်ကထုတ်လွှတ်သည့်ရေဒီယိုသင်္ကေတများကအတည်ပြုသည်။
 
သို့သော် ထိုယာဉ်က မည်သည့်အရာဝတ္ထုများရယူခဲ့ကြောင်းမသိရသေးခင် အမေရိကန်အာကာသအေဂျင်စီ (နာဆာ) ဦးဆောင်လွှတ်တင်ခဲ့သည့်ယာဉ်မှနောက်ထပ်အချက်အလက်များကို စောင့်ဆိုင်းရမည်ဖြစ်သည်။
 
အာကာသယာဉ်အတွက်ရည်မှန်းချက်သည် အနည်းဆုံးဂရမ် ၆၀ ရယူရန်ဖြစ်ပြီး ၁ ကီလိုနှင့်အထက်လည်း ရလာနိုင်သည်။
 
ဘန်နူသည် အလွန်အမင်းရှေးကျသောအာကာသအတွင်းမှအရာဝတ္ထုဖြစ်သဖြင့် ထိုအရာပေါ်မှအစိုင်အခဲ များနှင့်အမှုန်များက လွန်ခဲ့သည့်နှစ်သန်းပေါင်း ၄၅၀၀ ကျော်က နေနှင့်ဂြိုဟ်ကြီးများဖြစ်လာစေသည့် ဓာတုဗေဒအချက်အလက်များ ပိုင်ဆိုင်ထားနိုင်ကြောင်း သိပ္ပံပညာရှင်များကပြောသည်။
 
ယာဉ်ပေါ်တွင် နမူနာများလုံလုံခြုံခြုံရလာသည်ဟုယူဆနိုင်ပါက ထိုယာဉ်သည် စီစဉ်ထားသည့်အတိုင်း နမူနာများကို ကမ္ဘာမြေသို့ ၂၀၂၃ ခုနှစ်တွင် ပြန်လာမည်ဖြစ်သည်။
 
အကယ်၍ မပါလာပါက အာကာသမစ်ရှင်အဖွဲ့က ယာဉ်ကို နောက်တကြိမ်ထပ်မံစေလွှတ်မည်ဖြစ်သည်။
 
Ref : India-China dispute: India hands over soldier who crossed border
 
#PeopleMedia

Share this post