• Follow Us on

Home အာဂျင်တီးနားနိုင်ငံ တရားရုံးမှ မြန်မာအစိုးရအား တရားစွဲဆိုမှုကို လက်ခံခြင်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၃ ပါတီ သဘောထားထုတ်ပြန်

အာဂျင်တီးနားနိုင်ငံ တရားရုံးမှ မြန်မာအစိုးရအား တရားစွဲဆိုမှုကို လက်ခံခြင်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၃ ပါတီ သဘောထားထုတ်ပြန်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၇ (People Media)

 

အချုပ်ခြာအာဏာအား ထိပါးသည့် အာဂျင်တီးနားနိုင်ငံ၏ တရားရုံးမှ ထုတ်ပြန်ချက်အပေါ် ကန့်ကွက်ကြောင်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၃ ပါတီ ဒီဇင်ဘာ ၆ ရက်ပါ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်ပါ တယ်။

 

အဆိုပါ ကြေငြာချက်တွင် ရေးသားဖော်ပြထားရာမှာ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့ဟု အမည်တပ်ထားသည့် ဘင်္ဂါလီလူမျိုးများဖြင့်ဖွဲ့စည်းထားသောအဖွဲ့နှင့် ရခိုင်ပြည်နယ်ပဋိပက္ခများအတွင်းမှ လွတ်မြောက်လာသည်ဟု ဆိုသည် အမျိုးသမီး ၆ ဦးတို့မှ မြန်မာနိုင်ငံအစိုးရအဆက်ဆက်မှ တာဝန်ရှိသူများနှင့် တပ်မတော်အပေါ် လူမျိုး သုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု စသည့်ခေါင်းစဉ်များဖြင့် တရားစွဲဆိုမှုအတွက် စစ်ဆေးရန် အာဂျင်တီးနား နိုင်ငံတရားရုံးမှ သဘောတူကြောင်း ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြပါရှိပါတယ်။

 

အထက်ပါ ဖော်ပြချက်များသည် နိုင်ငံတော်၏ အချုပ်ခြာအာဏာအား ပိုင်နက်နယ်မြေများကို တည်တံ့ခိုင်မြဲရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက်တာဝန်အရ အရေးယူဆောင်ရွက်မှုများကို လစ်လျူရှု၍ လူ့အခွင့်အရေး အကြောင်းပြကာ လူမျိုးသုဉ်းသတ်ဖြတ်မှုခေါင်းစဉ်ဖြင့် ပုံဖော်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ရေးသားထား ပါတယ်။

 

ထိုသို့ဆောင်ရွက်သော်လည်း နိုင်ငံတကာတရားရုံးများတွင်လည်းကောင်း အာဂျင်တီးနားနိုင်ငံ၏ တရားရုံး အပါအဝင် ပြည်ပနိုင်ငံများ၏ တရားရုံးများ၏ တရားစွဲဆိုခြင်းများသည် နိုင်ငံသားအားလုံး၏ အမျိုးသားရေး ဂုဏ်သိက္ခာအားထိခိုက်စေပြီး အချုပ်ခြာအာဏာအား ပိုင်နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်ခြင်း ကျူးကျော်ထိပါးခြင်းဖြစ်ကြောင်းဖော်ပြပါရှိပါတယ်။

 

ထိုသို့လုပ်ဆောင်ချက်များနှင့် ပတ်သက်၍  ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၃ ခုမှ လုံးဝလက်ခံနိုင် ခြင်းမရှိ၍ တရားစွဲခြင်းအား အသိအမှတ်မပြုကြောင်း ယင်းအပေါ်တွင် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ရေးသားထားပါတယ်။

 

အထက်ပါ တရားစွဲဆိုမှုနှင့်ပတ်သက်၍ နိုင်ငံတော်၏အချုပ်ခြာအာဏာအားလည်းကောင်း နိုင်ငံသားများ၏ တရားမျှတသော အကျိုးစီးပွားများအတွက်လည်းကောင်း စုစည်းညီညွတ်စွာ တွန်းလှန်ကာကွယ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

 

#PeopleMedia #USDP

 

(unicode)


……………………………………………………….

 


 


 


 


 


 


 


 

#PeopleMedia #USDP


Share this post