• Follow Us on

Home အာဆာ(ARSA)အဖွဲ့ကို ပါကစ္စတန်အစိုးရထောက်လှမ်းရေးအေဂျင်စီ ISI က လေ့ကျင့်သင်ကြားပေးနေ


Share this post

နယူးဒေလီ၊ သြဂုတ် ၁၇

မြန်မာ-ဘင်္ဂလားဒေ့ရ်္နယ်စပ်တွင်လှုပ်ရှားသည့် အာရကန်ရိုဟင်ဂျာကယ်တင်ခြင်းတပ်မတော်(အာဆာ) အကြမ်းဖက်အဖွဲ့ကို ပါကစ္စတန်အမျိုးသားထောက်လှမ်းရေးအေဂျင်စီ (ISI)က လေ့ကျင်သင်ကြားပေး နေသည်ဟု အိန္ဒိယအခြေစိုက် Economic Times သတင်းစာကဖော်ပြသည်။

ဘင်္ဂလားဒေ့ရ်္နိုင်ငံ၊ ကော့က်စ်ဘဇားခရိုင်ရှိဒုက္ခသည်စခန်းများမှ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ) ကို ဘင်္ဂလားဒေ့ရ်အစိုးရက အကြမ်းဖက်အဖွဲ့ဟုသတ်မှတ်ထားသည့် ဂျမားအူမူဂါဟစ်ဒင်ဘင်္ဂလားဒေ့ရှ်(JMB) အဖွဲ့က လေ့ကျင့်သင်ကြားပေးနေသည်ဟု ယခုနှစ်ဇန်နဝါရီလက သတင်းများတွင်ဖော်ပြခဲ့သည်။


ထိုသတင်းတွင်ပင် ပါကစ္စတန်အမျိုးသားထောက်လှမ်းရေးအေဂျင်စီ (ISI) သည် လေ့ကျင့်သင်ကြားပေး မှုနောက်ကွယ်တွင်ရှိနေကြောင်းဖော်ပြထားပြီး အိန္ဒိယအစိုးရက ဘင်္ဂလားဒေ့ရ်အစိုးရအရာရှိများနှင့် နယ်စပ်လုံခြုံရေးအရာရှိများကို အသိပေးထားကြောင်းလည်းဖော်ပြသည်။



နိုင်ငံတကာအသိုက်အ၀န်းကို ကတ်ရ်္မီးယားဒေသအရေးကိုစောင့်ကြည့်နေသဖြင့် နယ်စပ်ဖြတ်ကျော်အကြမ်း ဖက်မှုကို တတိယတစ်နိုင်ငံအဖြစ်ရွေးချယ်ရန် ပါကစ္စတန်အတွက်ပိုသင့်လျော်သောကြောင့် စခန်းများရှိ ဘင်္ဂါလီများသည် အကြမ်းဖက်အုပ်စုများ၏ပစ်မှတ်ဖြစ်လာသည်ဟု ဝုလ်ဖ်ကပြောသည်။

ယခင်ကလည်း ဘင်္ဂါလီများကို ထိုးဖောက်ရန် ကြိုးစားမှုများရှိသော်လည်း ဘင်္ဂလားဒေ့ရ်္နိုင်ငံက ကာကွယ် နိုင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရ်္လုံခြုံရေးကျွမ်းကျင်သူဗိုလ်မှူးချုပ်ဟောင်း အဗ္ဗဒါ ရာရှစ် ကပြောသည်။

ထိုအရေးကိစ္စများတွင် ဘင်္ဂလားဒေ့ရ်္က အိန္ဒိယနိုင်ငံကို များစွာကူညီဖူးကြောင်း ဒါကာအခြေစိုက် ပဋိပက္ခ၊ ဥပဒေနှင့် ဖွံ့ဖြိုးမှုလေ့လာရေးအင်စတီကျူ့မှရာရှစ်ကပြောသည်။

အစွန်းရောက်အဖွဲ့များကို ထောက်ပံ့ခြင်းအားဖြင့် ပါကစ္စတန်က အိန္ဒိယတွင်တည်ငြိမ်မှုပျက်ပြားစေနိုင် ကြောင်းပြောပြီး ဘင်္ဂလားဒေ့ရ်္နိုင်ငံက ထိုသို့ပျက်ပြားစေရန်လုပ်မည်မဟုတ်ဟုလည်းပြောသည်။

စခန်းများတွင် အစွန်းရောက်ဝါဒပျံ့နှံ့ရန် ကြိုးပမ်းမှုများမအောင်မြင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရ်္နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ရှာရီယာ အာလမ်က DW ကိုပြောသည်။


#PeopleMedia

(unicode)
အာဆာ(ARSA)အဖွဲ့ကို ပါကစ္စတန်အစိုးရထောက်လှမ်းရေးအေဂျင်စီ ISI က လေ့ကျင့်သင်ကြားပေးနေ
………………………………………………………

နယူးဒေလီ၊ ဩဂုတ် ၁၇

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်လှုပ်ရှားသည့် အာရကန်ရိုဟင်ဂျာကယ်တင်ခြင်းတပ်မတော်(အာဆာ) အကြမ်းဖက်အဖွဲ့ကို ပါကစ္စတန်အမျိုးသားထောက်လှမ်းရေးအေဂျင်စီ (ISI)က လေ့ကျင်သင်ကြားပေး နေသည်ဟု အိန္ဒိယအခြေစိုက် Economic Times သတင်းစာကဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့က်စ်ဘဇားခရိုင်ရှိဒုက္ခသည်စခန်းများမှ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ) ကို ဘင်္ဂလားဒေ့ရှ်အစိုးရက အကြမ်းဖက်အဖွဲ့ဟုသတ်မှတ်ထားသည့် ဂျမားအူမူဂါဟစ်ဒင်ဘင်္ဂလားဒေ့ရှ်(JMB) အဖွဲ့က လေ့ကျင့်သင်ကြားပေးနေသည်ဟု ယခုနှစ်ဇန်နဝါရီလက သတင်းများတွင်ဖော်ပြခဲ့သည်။

ပင်လယ်ကွေ့တစ်နိုင်ငံနှင့်မလေးရှားနိုင်ငံတို့က အမေရိကန်ဒေါ်လာ ၁၁၇၀၀၀ ထောက်ပံ့မှုနှင့် JMB အဖွဲ့က ဘင်္ဂါလီအယောက် ၄၀ ကိုလေ့ကျင့်သင်ကြားပေးခဲ့ကြောင်း DW သတင်းအေဂျင်စီကဖော်ပြသည်။

ထိုသတင်းတွင်ပင် ပါကစ္စတန်အမျိုးသားထောက်လှမ်းရေးအေဂျင်စီ (ISI) သည် လေ့ကျင့်သင်ကြားပေး မှုနောက်ကွယ်တွင်ရှိနေကြောင်းဖော်ပြထားပြီး အိန္ဒိယအစိုးရက ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိများနှင့် နယ်စပ်လုံခြုံရေးအရာရှိများကို အသိပေးထားကြောင်းလည်းဖော်ပြသည်။

ISI ပါဝင်နိုင်ကြောင်း ဘရပ်ဆဲလ်မြို့တွင်အခြေစိုက်သည့် တောင်အာရှဒီမိုကရတ်တစ်ဖိုရမ်မှ အကဲခတ်သူ ဆစ်ဖရိုင်း အိုဝုလ်ဖ်ကပြောသည်။

ISI ၏အဓိကရည်မှန်းချက်သည် ဒေသတွင်းနိုင်ငံအချို့၌တည်ငြိမ်မှုပျက်ပြားစေရန်ဖြစ်ပြီး အိန္ဒိယနှင့်အာဖဂန် နစ္စတန်တို့ထိပ်ဆုံးတွင်ရှိနေကြောင်း ဝုလ်ဖ်ကပြောသည်။

နိုင်ငံတကာအသိုက်အဝန်းကို ကတ်ရှ်မီးယားဒေသအရေးကိုစောင့်ကြည့်နေသဖြင့် နယ်စပ်ဖြတ်ကျော်အကြမ်း ဖက်မှုကို တတိယတစ်နိုင်ငံအဖြစ်ရွေးချယ်ရန် ပါကစ္စတန်အတွက်ပိုသင့်လျော်သောကြောင့် စခန်းများရှိ ဘင်္ဂါလီများသည် အကြမ်းဖက်အုပ်စုများ၏ပစ်မှတ်ဖြစ်လာသည်ဟု ဝုလ်ဖ်ကပြောသည်။

ယခင်ကလည်း ဘင်္ဂါလီများကို ထိုးဖောက်ရန် ကြိုးစားမှုများရှိသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကာကွယ် နိုင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်လုံခြုံရေးကျွမ်းကျင်သူဗိုလ်မှူးချုပ်ဟောင်း အဗ္ဗဒါ ရာရှစ် ကပြောသည်။

ထိုအရေးကိစ္စများတွင် ဘင်္ဂလားဒေ့ရှ်က အိန္ဒိယနိုင်ငံကို များစွာကူညီဖူးကြောင်း ဒါကာအခြေစိုက် ပဋိပက္ခ၊ ဥပဒေနှင့် ဖွံ့ဖြိုးမှုလေ့လာရေးအင်စတီကျူ့မှရာရှစ်ကပြောသည်။

အစွန်းရောက်အဖွဲ့များကို ထောက်ပံ့ခြင်းအားဖြင့် ပါကစ္စတန်က အိန္ဒိယတွင်တည်ငြိမ်မှုပျက်ပြားစေနိုင် ကြောင်းပြောပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထိုသို့ပျက်ပြားစေရန်လုပ်မည်မဟုတ်ဟုလည်းပြောသည်။

စခန်းများတွင် အစွန်းရောက်ဝါဒပျံ့နှံ့ရန် ကြိုးပမ်းမှုများမအောင်မြင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး ရှာရီယာ အာလမ်က DW ကိုပြောသည်။

Ref : ISI-backs ARSA in Myanmar; India-Bangladesh security agencies fight back jointly

#PeopleMedia


Share this post