• Follow Us on

Home အာဆာ(ARSA)ႏွင့္ ေအေအ(AA)တပ္ဖြဲ႕မ်ား ပူးေပါင္းစစ္ဆင္ေရးဆင္ႏႊဲေနေၾကာင္း The Eastern Link က ေရးသားေဖာ္ျပ

အာဆာ(ARSA)ႏွင့္ ေအေအ(AA)တပ္ဖြဲ႕မ်ား ပူးေပါင္းစစ္ဆင္ေရးဆင္ႏႊဲေနေၾကာင္း The Eastern Link က ေရးသားေဖာ္ျပ

Share this post

နိုင္ခြန္ခ်ာရီ၊ ဇူလိုင္ ၁၀

နိုင္ငံေတာ္အစိုးရကအၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ေၾကညာထားသည့္ ရခိုင္တပ္မေတာ္(AA) ေအေအတပ္ဖြဲ႕ႏွင့္ ရခိုင္ရိုဟင္ဂ်ာကယ္ဆင္ေရးတပ္မေတာ္(ARSA) အာဆာတပ္ဖြဲ႕တို႔ ပူးေပါင္းစစ္ဆင္ေရးဆင္ႏႊဲေနသည္ဟု The Eastern Link ကေဖာ္ျပသည္။

ဘဂၤလားေဒ့ရ္ွအေရွ႕ေတာင္ဘက္မွအႀကီးဆုံးစစ္အေျခစိုက္စခန္းAlikadam ႏွင့္အလြန္ကြာေဝးၿပီး နယ္ျခားေစာင့္ စခန္းမ်ားရွိေသာ္လည္း ကင္းလွည့္ရန္ခက္ခဲသည့္ Naikhyongcheri ခရိုင္ခြဲမွ Dosori ေဒသတြင္ အာဆာအဖြဲ႕ဝင္မ်ားလႈပ္ရွားေနၿပီး စစ္ေရးေလ့က်င့္မႈမ်ားလုပ္ေဆာင္ေနသည္။

Naikhongcheri ခရိုင္ခြဲသည္ ျမန္မာနိုင္ငံႏွင့္ စစ္တေကာင္းေတာင္တန္းေတာင္ဘက္စြန္းတြင္ရွိၿပီး တစ္ဖက္တြင္ ေကာ့က္စ္ဘဇားကမ္းရိုးတန္းလြင္ျပင္ရွိေသာေၾကာင့္ မည္သည့္ေသာင္းက်န္းသူမဆို ေရေၾကာင္းမွလက္နက္သယ္လာနိုင္သည့္ေနရာျဖစ္သည္။

ဘဂၤါလီမြတ္ဆလင္အမ်ားစုပါ၀င္သည့္အာဆာသည္ ဘဂၤလားေဒ့ရ္ွကမ္းရိုးတန္းလြင္ျပင္မ်ားတြင္ေနရာယူထားနိုင္သျဖင့္ ေအေအအဖြဲ႕က အာဆာကို ဆြဲေဆာင္ခဲ့သည္။

ေဖေဖာ္ဝါရီလကုန္ပိုင္း၌ အိႏၵိယႏွင့္ဘဂၤလားေဒ့ရ္ွေထာက္လွမ္းေရးသတင္းမ်ားအရ ေအေအႏွင့္အာဆာတပ္ဖြဲ႕တို႔၏ေခါင္းေဆာင္မ်ားအၾကား တပ္မေတာ္ကိုတိုက္ခိုက္ရန္ ဗ်ဴဟာေျမာက္နားလည္မႈရခဲ့သည္ဟု သိရသည္။

ေအေအအေနျဖင့္ သူတို႔ကို ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဖက္ဒရယ္ေကာင္စီ(UNFC)၏ညွိႏွိုင္းမႈအဖြဲ႕ႏွင့္ ျမန္မာျပည္ေထာင္စုအစိုးရႏွင့္ေဆြးေႏြးညွိႏွိုင္းသည့္ဆက္စပ္အဖြဲ႕မ်ားသို႔၀င္ေရာက္ခြင့္ျပဳရန္ အာဆာကေတာင္းဆိုထားသည္။

ထို႔ေၾကာင့္ အာဆာသည္ ရခိုင္ေျမာက္ပိုင္းကို အစၥလာမ္မစ္နိုင္ငံေတာ္အျဖစ္ခြဲထြက္ရန္အစီအစဥ္ကို ဆက္လုပ္ရန္ဆႏၵမရွိေၾကာင္း၊ ျမန္မာနိုင္ငံမွတိုင္းရင္းသားလက္နက္ကိုင္မ်ားႏွင့္လက္တြဲလိုေၾကာင္းျပသေနသည္ဟု The Eastern Link က သုံးသပ္သည္။

[Unicode]
အာဆာ(ARSA)နှင့် အေအေ(AA)တပ်ဖွဲ့များ ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲနေကြောင်း The Eastern Link က ရေးသားဖော်ပြ
……………………………………………………………………..

နိုင်ခွန်ချာရီ၊ ဇူလိုင် ၁၀

နိုင်ငံတော်အစိုးရကအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားသည့် ရခိုင်တပ်မတော်(AA) အေအေတပ်ဖွဲ့နှင့် ရခိုင်ရိုဟင်ဂျာကယ်ဆင်ရေးတပ်မတော်(ARSA) အာဆာတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲနေသည်ဟု The Eastern Link ကဖော်ပြသည်။

ဘင်္ဂလားဒေ့ရ်ှအရှေ့တောင်ဘက်မှအကြီးဆုံးစစ်အခြေစိုက်စခန်းAlikadam နှင့်အလွန်ကွာဝေးပြီး နယ်ခြားစောင့် စခန်းများရှိသော်လည်း ကင်းလှည့်ရန်ခက်ခဲသည့် Naikhyongcheri ခရိုင်ခွဲမှ Dosori ဒေသတွင် အာဆာအဖွဲ့ဝင်များလှုပ်ရှားနေပြီး စစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်နေသည်။

Naikhongcheri ခရိုင်ခွဲသည် မြန်မာနိုင်ငံနှင့် စစ်တကောင်းတောင်တန်းတောင်ဘက်စွန်းတွင်ရှိပြီး တစ်ဖက်တွင် ကော့က်စ်ဘဇားကမ်းရိုးတန်းလွင်ပြင်ရှိသောကြောင့် မည်သည့်သောင်းကျန်းသူမဆို ရေကြောင်းမှလက်နက်သယ်လာနိုင်သည့်နေရာဖြစ်သည်။

ဘင်္ဂါလီမွတ်ဆလင်အများစုပါဝင်သည့်အာဆာသည် ဘင်္ဂလားဒေ့ရ်ှကမ်းရိုးတန်းလွင်ပြင်များတွင်နေရာယူထားနိုင်သဖြင့် အေအေအဖွဲ့က အာဆာကို ဆွဲဆောင်ခဲ့သည်။

ဖေဖော်ဝါရီလကုန်ပိုင်း၌ အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရ်ှထောက်လှမ်းရေးသတင်းများအရ အေအေနှင့်အာဆာတပ်ဖွဲ့တို့၏ခေါင်းဆောင်များအကြား တပ်မတော်ကိုတိုက်ခိုက်ရန် ဗျူဟာမြောက်နားလည်မှုရခဲ့သည်ဟု သိရသည်။

အေအေအနေဖြင့် သူတို့ကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)၏ညှိနှိုင်းမှုအဖွဲ့နှင့် မြန်မာပြည်ထောင်စုအစိုးရနှင့်ဆွေးနွေးညှိနှိုင်းသည့်ဆက်စပ်အဖွဲ့များသို့ဝင်ရောက်ခွင့်ပြုရန် အာဆာကတောင်းဆိုထားသည်။

ထို့ကြောင့် အာဆာသည် ရခိုင်မြောက်ပိုင်းကို အစ္စလာမ်မစ်နိုင်ငံတော်အဖြစ်ခွဲထွက်ရန်အစီအစဉ်ကို ဆက်လုပ်ရန်ဆန္ဒမရှိကြောင်း၊ မြန်မာနိုင်ငံမှတိုင်းရင်းသားလက်နက်ကိုင်များနှင့်လက်တွဲလိုကြောင်းပြသနေသည်ဟု The Eastern Link က သုံးသပ်သည်။

Ref : ARSA – Arakan Army Set up Joint Operations

#PeopleMedia


Share this post