• Follow Us on
Latest News

Home အာဆီယံကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းနေရဆဲဖြစ်၊ ဒေါ်အောင်ဆန်းစု ကြည်အပါအဝင် အခြားသော ဖမ်းဆီးခံရသူများနှင့် တွေ့ဆုံရေး ကန့်သတ်ချက်ရှိနိုင်ဟု န-စ-က ပြောဆို

အာဆီယံကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းနေရဆဲဖြစ်၊ ဒေါ်အောင်ဆန်းစု ကြည်အပါအဝင် အခြားသော ဖမ်းဆီးခံရသူများနှင့် တွေ့ဆုံရေး ကန့်သတ်ချက်ရှိနိုင်ဟု န-စ-က ပြောဆို

Share this post

ရန်ကုန်၊ အောက်တိုဘာ ၅ (People Media)

 

အာဆီယံအဖွဲ့၏ မြန်မာ့အရေးအထူးသံတမန် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof သည် မြန်မာနိုင်ငံ လာရောက်ရေးအတွက် နှစ်ဖက်ညှိနှိုင်းနေရဆဲဖြစ်တယ်လို့ တပ်မတော်သတင်းမှန်အဖွဲ့က ပြော ပါတယ်။

 

အလားတူ အဆိုပါ အထူးသံတမန်သည် မြန်မာနိုင်ငံသို့ လာရောက်ပါကလည်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူများနှင့် တွေ့ဆုံနိုင်ရေး အကန့်အသတ်များရှိနိုင်တယ်လို့ သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

 

“အာဆီယံအထူးကိုယ်စားလှယ်လာရောက်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ တရား ဥပဒေအရ အမှုရင်ဆိုင်နေရဆဲသူများနှင့် တွေ့ဆုံနိုင်ရေး စိစစ်ပေးရန် ကန့်သတ်ချက်များရှိနိုင်ပါသည်” လို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောဆိုထားတာလည်းဖြစ်ပါတယ်။

 

လက်ရှိအချိန်၌ မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအနေဖြင့် ဖိအားပေးဆောင်ရွက်ရန် နိုင်ငံတကာက တိုက်တွန်းမှုများ ရှိနေပါတယ်။

 

#PeopleMedia #ဒေါ်အောင်ဆန်းစုကြည်

 

(unicode)


……………………………………………………………………

 


 


 


 


 


 



Share this post