• Follow Us on

Home အာဆီယံထိပ်သီးအစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် တက်ရောက်ဖြစ်/မဖြစ် မသေချာကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆို

အာဆီယံထိပ်သီးအစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် တက်ရောက်ဖြစ်/မဖြစ် မသေချာကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆို

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၅ (People Media)

 

အောက်တိုဘာ ၂၆ ရက်နေ့မှ စတင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တက်ရောက်ဖြစ်/မဖြစ် မသေချာကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန် ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

 

အထက်ပါကဲ့သို့ မတက်ရောက်ခြင်းအဓိကအကြောင်းအရင်းသည် အာဆီယံနိုင်ငံခေါင်းဆောင်များအစည်း အဝေးဖြစ်သည့်အတွက် နိုင်ငံခေါင်းဆောင်များကိုသာ ဖိတ်ကြားရမည်ဖြစ်သော်လည်း ယင်းသို့ ဖိတ်ကြား ခြင်းမရှိဘဲ နိုင်ခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိသူတစ်ဦးကိုသာ ဖိတ်ကြားခြင်းကြောင့် တက်ရောက်ရန် မသေချာခြင်းဖြစ်ကြောင်းဆိုသည်။

 

ယင်းသို့ မတက်ရောက်သည့် အဓိကအကြောင်းအရင်းသည် အာဆီယံနိုင်ငံတချို့၏ ပဋိဉာဉ်ချိုးဖောက်မှု ကြောင့် ယင်းသို့ တက်ရောက်ရန်မသေချာခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

 

“သူတို့အနေနဲ့က ဘယ်သူကို တက်ပါလို့ ဖိတ်ခေါ်ခွင့်မရှိပါဘူး။ နိုင်ငံခေါင်းဆောင်တွေလုပ်တဲ့ အစည်းအဝေး နိုင်ငံခေါင်းဆောင်တွေကိုပဲ ဖိတ်ရမယ်။ ဒါကို တူညီဆန္ဒမရှိပဲနဲ့ ဆောင်ရွက်လာတာဖြစ်တယ်။ ဒါကို ကိုယ်ကိုယ့် တန်းတူညီတူအဖြစ်ထားတဲ့ မထားတဲ့ ကန့်သတ်ချက်ကြောင့် နိုင်ငံအချို့ရဲ့ ပဋိဉာဉ်ချိုးဖောက်မှုကြောင့် တန်း တူရည်တူမထားတဲ့ အစည်းအဝေးကိုသွားပြီးတော့ တက်ရောက်တာက ပိုပြီးတော့ မြန်မာနိုင်ငံရဲ့ အချုပ်ခြာ အာဏာကို ပိုပြီးတော့ စော်ကားရာကျတယ်။ မိမိရဲ့ နိုင်ငံတည်ရှိမှုအပေါ်မှာ ပိုပြီးတော့ ချိုးဖောက်ရာရောက် တယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

အဆိုပါကဲ့သို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား  ဖိတ်ကြားခြင်းမရှိသည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြီးခဲ့ သည့်ရက်ပိုင်းက ထုတ်ပြန်ကြေငြာချက် ထုတ်ပြန်ထားသည်။

 

#PeopleMedia #နိုင်ငံခြား #MOFA #ဗိုလ်ချုပ်ဇော်မင်းထွန်း

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 



Share this post