• Follow Us on

Home အာဆီယံလွှတ်တော်ညီလာခံ၌ န-စ-က မှ ကိုယ်စားလှယ်ကို လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုခြင်းအပေါ် CRPH ကန့်ကွက်၊ CRPH ကိုယ်စားလှယ်များကို တက်ရောက်ခွင့်မပေးခြင်းသည် နိုင်ငံရေးသတ္တိကြောင်မှုအား ရွေးချယ်ခြင်းဖြစ်ကြောင်းဆို

အာဆီယံလွှတ်တော်ညီလာခံ၌ န-စ-က မှ ကိုယ်စားလှယ်ကို လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုခြင်းအပေါ် CRPH ကန့်ကွက်၊ CRPH ကိုယ်စားလှယ်များကို တက်ရောက်ခွင့်မပေးခြင်းသည် နိုင်ငံရေးသတ္တိကြောင်မှုအား ရွေးချယ်ခြင်းဖြစ်ကြောင်းဆို

Share this post

နေပြည်တော်၊ သြဂုတ် ၂၃ (People Media)

 

(၄၂) ကြိမ်မြောက်အာဆီယံပါလီမန်များညီလာခံ (AIPA) အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှ ကိုယ်စားလှယ်လောင်းများတင်သွင်းမှုအပေါ် လက်ခံခြင်းမရှိဘဲ န-စ-က မှ ကိုယ်စားလှယ်အား အစည်းအဝေးအား တက်ရောက်ခွင့်ပြုပေးသည့်အပေါ်တွင် ကန့်ကွက်ကြောင်း (CRPH) မှ သဘောထားကြေငြာချက်အား ထုတ်ပြန်လိုက်ပါတယ်။

 

CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ အဖွဲ့ဝင်များဖြစ်သည့် ဒေါ်မြတ်သီတာ ထွန်းနှင့် ဦးစည်သူမောင်တို့မှ တက်ရောက်ရန် အမည်စာရင်း တင်သွင်းမှုအပေါ် ဘရူနိုင်းဥပဒေပြုကောင်စီ ဥက္ကဋ္ဌ H.E. Pehin Dato Abdul Rahman Taib သည် CRPH အပေါ် အကြောင်းပြန်ခြင်းမရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

 

အဆိုပါကဲ့သို့ CRPH မှ ကိုယ်စားလှယ်လောင်းများကို တက်ရောက်ခွင့်မပေးခြင်းသည် AIPA ဥက္ကဋ္ဌ၏ လုပ် ဆောင်မှုသည် အာဆီယံလွှတ်တော်အသိုက်အဝန်းအား ဒီမိုကရေစီစံနှုန်းနှင့်မညီသော၊ ကိုယ်စားပြုနိုင်မှု မရှိသည့် လမ်းစဉ်တစ်ခုသို့ ဦးတည်စေကြောင်း ထုတ်ပြန်ပါတယ်။

 

ထို့အပြင် CRPH အား တက်ရောက်ခွင့်ပြုချင်းမရှိဘဲ န-စ-က ကောင်စီမှ လူပုဂ္ဂိုလ်တစ်ဦးအား လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုပေးခြင်းသည် ဒီမိုကရေစီကိုကျော်လွန်ပြီး အာဏာရှင်စနစ်ကို ရွေးချယ်ခြင်း၊ လိုက်နာရမည့် နိုင်ငံရေးစည်းမျဉ်းကို ကျော်လွန်ပြီး နိုင်ငံရေးသတ္တိကြောင်မှုကို ရွေးချယ်ခဲ့ခြင်းသာဖြစ်ကြောင်းထုတ်ပြန်ပါတယ်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့အား ချန်လှပ်ထားခြင်းသည် AIPA ၏ လွှတ်တော်ဆိုင်ရာလွတ်လပ်မှုနှင့် ကမ္ဘာ့ လွှတ်တော်အသိုက်အဝန်းအကြား ၎င်း၏ ရပ်တည်မှုကို ဝမ်းနည်းဖွယ် ထိခိုက်စေလိမ့်မည်ဖြစ်ပြီး အထက်ပါ ကဲ့သို့ ပြုမူလုပ်ဆောင်မှုသည် (၄၂) ကြိမ်မြောက် AIPA ညီလာခံသည် ရှက်ဖွယ်တစ်ခုအဖြစ် မှတ်တမ်းဝင်သွား မည်ဖြစ်ကြောင်း ပါရှိပါတယ်။

 

(၄၂) ကြိမ်မြောက်အာဆီယံပါလီမန်များညီလာခံ (AIPA) အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှ ကိုယ်စားလှယ်လောင်းများတင်သွင်းမှုအပေါ် လက်ခံခြင်းမရှိဘဲ န-စ-က ကောင်စီမှ ကိုယ်စားလှယ်လောင်းအား အစည်းအဝေးအားတက်ရောက်ခွင့်ပြုပေးခြင်းသည် နားလည်မှု တစ်စုံတစ်ရာလွဲချော်ခဲ့ခြင်းဖြစ်ပါက အလျင်အမြန်ရှင်းလင်းရန်လိုအပ်ပြီး မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စား လှယ်အဖွဲ့အား ဖိတ်ခေါ်ရန် ဆုံးဖြတ်ခဲ့ပါက အစည်းအဝေးသို့ အလေးထားစွာဖြင့် ပါဝင်တက်ရောက်ရန် အဆင်သင့်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိပါတယ်။

 

#PeopleMedia #AIPA #CRPH #နစက

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 



Share this post