• Follow Us on

Home အာဆီယံအစည်းအဝေးတက်ရောက်ရန် မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားမည်မဟုတ်

အာဆီယံအစည်းအဝေးတက်ရောက်ရန် မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားမည်မဟုတ်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၆ (people Media)

 

မြန်မာနိုင်ငံတွင်း တိုးတက်မှုများနှေးကွေးပြီး ငြိမ်းချမ်းရေးရအောင်ပြန်လည်မတည်ဆောက်နိုင်သည့်အတွက် ယ ခုလအတွင်းကျင်းပမည့် အာဆီယံခေါင်းဆောင်များအစည်းအဝေးတက်ရောက်နိုင်ရေး မြန်မာစစ်အစိုးရခေါင်း ဆောင်ကို ဖိတ်ကြားခြင်းမပြုရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကသဘောတူညီခဲ့ကြောင်းသိရသည်။

 

“မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားမှာ မဟုတ်ပါဘူး။” ဟု ရန်ကုန်အခြေစိုက် အာဆီယံသံတမန်တစ်ဦးကပြောသည်။

 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒေသတွင်းအဆင့်အမြင့်ဆုံးအစည်းအဝေးသို့ တက်ရောက်ခွင့်မပြုခြင်းသည် မြန်မာစစ်အစိုးရကို ဖိအားပေးမှုများပိုမိုကြီးထွားလာခြင်းကို ထုတ်ဖော်ပြသခြင်းဖြစ်သည်။ မြန်မာစစ်အစိုးရသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက တိုင်းပြည်အတွင်း တည်ငြိမ်မှုရရှိစေရေးအတွက် နိုင်ငံတ ကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် မလိုလားသောအစိုးရဖြစ်သည်။

 

မြန်မာစစ်အစိုးရခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အပါအဝင် အာဆီယံ ၁၀ နိုင်ငံမှ နိုင်ငံ ခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အွန်လိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သတင်းရင်းမြစ် များကပြောကြားခဲ့သည်။

 

“အားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေကတစ်ဆင့် မြန်မာနိုင်ငံတွင်းမှာ ဒီမိုကရေစီပြန်မရမချင်း ဒီအစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်ပါလာတာဟာ နိုင်ငံရေးအဆင့်အတန်းအရ ကိုယ်စားပြုမှာ မဟုတ်ပါဘူး။” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက အစည်းအဝေးကျင်းပပြီးနောက် တွစ်တာတွင်ရေးသားခဲ့သည်။

 

အာဆီယံအဖွဲ့သည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ပါဝင်သော ဒေသတွင်းမိတ်ဖက်နိုင်ငံများအစည်းအဝေးဖြစ် သော “နှစ်ပတ်လည်အရှေ့အာရှအစည်းအဝေး” နှင့် လည်းဆက်စပ်သည့် အာဆီယံအစည်းအဝေးနှင့် ဆက် စပ်အစည်းအဝေးများကို အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ အစည်းအဝေးများတွင် လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် COVID-19 ကပ်ရောဂါဘေးမှ ပြန်လည်လွတ်မြောက်ရေး အပါအဝင် ဒေသတွင်းပြဿနာများကို ဆွေးနွေးသွားမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင်းမှ ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ သဘောတူညီ ထားသည့် အချက်ငါးချက်ပါ လမ်းပြမြေပုံကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေသည့်ကြားက မြန်မာစစ် အစိုးရခေါင်းဆောင်ကို အာဆီယံအစည်းအဝေးတက်ရောက်ခွင့်မပြုသည့် ဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့ခြင်ဖြစ် သည်။

 

သြဂုတ်လအတွင်းက ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာဝန်ယူဆွတ်ကို မြန်မာနိုင်ငံဆိုင်ရာအာဆီယံ အ ထူးသံတမန်အဖြစ် အာဆီယံအဖွဲ့က ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှုကို ကြားဝင်ညှိနှိုင်းပေး ရန် တာဝန်ပေးခဲ့သည်။ သို့သော် အာဝန်ယူဆွတ်အနေဖြင့် မြန်မာနိုင်ငံသို့ ယခုသီတင်းပတ်အစောပိုင်းက သွား ရောက်ရန် စီစဉ်ထားသော်လည်း ယခုအချိန်အထိ သွားရောက်ခြင်းမရှိသေးပေ။

 

အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မလေးရှား နိုင်ငံနှင့် နိုင်ငံအချို့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေးသို့ ဖိတ်ကြားခြင်းမပြုရန် တင် ပြခဲ့ကြသည်။ အာဆီယံအဖွဲ့သည် ယင်းကိစ္စနှင့်ပတ်သက်၍ အကြိတ်အနယ်ဆွေးနွေးခဲ့ကြကြောင်း အစည်းအ ဝေးအပြီးတွင် အာဝန်ယူဆွတ်က သတင်းထောက်များကိုပြောသည်။

 

တစ်ချိန်တည်းမှာပင် မြန်မာစစ်အစိုးရအနေဖြင့် အချက်ငါးချက်ပါ အာဆီယံလမ်းပြမြေပုံကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်သွားမည်ဟု ဆုံးဖြတ်ထား ကြောင်း အောက်တိုဘာ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာခဲ့သည်။

 

အာဆီယံအထူးသံတမန် အာဝန်ယူဆွတ်သည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖြုတ်ချခံရသော နိုင်ငံရေးခေါင်းဆောင်အချို့နှင့်တွေ့ဆုံခွင့်ရရှိရန် ထပ်တလဲလဲတောင်းဆိုနေသောကြောင့် အ ထူးသံတမန် အာဝန်ယူဆွတ်၏ ခရီးစဉ်ကို မြန်မာစစ်အစိုးရက အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးနိုင် ခြင်းမရှိကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

Ref: Myanmar military chief to be excluded from ASEAN summit

 

#PeopleMedia

 

(unicode)


………………………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Myanmar military chief to be excluded from ASEAN summit

 

#PeopleMedia


Share this post