• Follow Us on

Home အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံနိုင်ရေး ကြိုးပမ်းစီစဉ်ဆောင်ရွက်နေကြောင်း (PPST) ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင်နိုင်အောင်မင်းဆို

အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံနိုင်ရေး ကြိုးပမ်းစီစဉ်ဆောင်ရွက်နေကြောင်း (PPST) ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင်နိုင်အောင်မင်းဆို

Share this post

နေပြည်တော်၊ မတ် ၁၁

 

အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံနိုင်ရေးအတွက် ကြိုးပမ်းစီစဉ်ဆောင်ရွက်နေကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောသည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး (၂၅/၂၀၂၂)ကို ယနေ့ နံနက်ပိုင်းတွင် Video Conferencing ဖြင့် ကျင်းပခဲ့ရာ PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“အာဆီယံ အထူးကိုယ်စားလှယ်က မိမိတို့ NCA-D EAO တို့နဲ့ တွေ့ဆုံဖို့ရှိကြောင်း ကြားသိရပါတယ်။ မိမိတို့ အနေနဲ့ အာဆီယံအထူးကိုယ်စားလှယ်က တွေ့ဆုံလိုခြင်းနဲ့ ပတ်သက်လို့ ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ တွေ့ ဆုံနိုင်ရေးအတွက်လည်း ကြိုးပမ်းစီစဉ်ဆောင်ရွက်နေပါတယ်” ဟု PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောသည်။

 

ယခုနှစ်ရက်တာ အစည်းအဝေးတွင် PPST၏ နိုင်ငံရေး ဦးတည်ချက်(၇)ရပ်ကို အခြေခံသည့် နိုင်ငံရေးလမ်းပြ မြေပုံ (၇) ရပ်ကို အတည်ပြုနိုင်ရေး ဆွေးနွေးညှိနှိုင်းသွားရန် စီစဉ်ထားသကဲ့သို့ ပြည်တွင်းစစ်ဘေးရှောင်များ အတွက် အထူးလိုအပ်သည့် လူသားချင်းစနာမှုဆိုင်ရာ အထောက်အပံ့များ ပိုမိုပံ့ပေးနိုင်ရေးအတွက် ဆွေးနွေး ညှိနှိုင်းနည်းလမ်းရှာပြီး ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောသည်။

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 

#PeopleMedia


Share this post