• Follow Us on

Home အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံမှုသည် တစ်ရက်နောက်ဆုတ်ခြင်းဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးပွဲပျက်ခြင်းမဟုတ်ကြောင်း အမျိုးသားတိုးတက်ရေးပါတီ ပြောဆို

အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံမှုသည် တစ်ရက်နောက်ဆုတ်ခြင်းဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးပွဲပျက်ခြင်းမဟုတ်ကြောင်း အမျိုးသားတိုးတက်ရေးပါတီ ပြောဆို

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၂ (People Media)

 

ယနေ့ မွန်းလွဲပိုင်း၌ နေပြည်တော်ရှိ UEC ရုံး၌ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ Mr. Erywan Yusof နှင့် နိုင်ငံရေးပါတီ ၈ ပါတီတို့ တွေ့ဆုံရန် စီစဉ်ထားမှုသည် ပွဲပျက်ခြင်းမဟုတ်ဘဲ တစ်ရက်နောက်ဆုတ်ခြင်းသာ ဖြစ်တယ်လို့ အမျိုးသားတိုးတက်ရေးပါတီအတွင်းရေးမှူး ဦးအောင်ဖြိုးကျော်က ပြောပါတယ်။

 

“တွေ့ဆုံဆွေးနွေးပွဲက မပျက်ပါဘူး။ မနက်ဖြန်ကို ရွေ့လိုက်တာတာပါ” ဟု အဆိုပါ အစည်းအဝေးသို့ တက် ရောက်မည့် အမျိုးသားတိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးအောင်ဖြိုးကျော်က ပြောပါတယ်။

 

မူလက အဆိုပါတွေ့ဆုံမှုကို ယနေ့ မွန်းလွဲပိုင်း၌ တွေ့ဆုံရန် စီစဉ်ထားခဲ့သော်လည်း တွေ့ဆုံမှု မဖြစ်ပေါ်ခဲ့ သည့် အခြေအနေမှန်ကို People Media အနေဖြင့် စုံစမ်းဆဲသာ ဖြစ်ပါတယ်။

 

တွေ့ဆုံပွဲကို ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ရခိုင်ဦးဆောင်ပါတီ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီစသည့်ဖြင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရပါ တယ်။

 

ထိုကဲ့သို့ တွေ့ဆုံပွဲရွေ့ဆိုင်းသည့်ဖြစ်စဉ်အပါအဝင် ဖိတ်ကြားထားသည့် နိုင်ငံရေးပါတီစာရင်းကို အတိအကျ ဖော်ပြနိုင်ရန် People Media က သက်ဆိုင်ရာ တာဝန်ရှိသူများထံ မေးမြန်းထားသော်လည်း ဖြေဆိုပေးထား ခြင်း မရှိသေးပါဘူး။

 

Photo – Credit

 

#PeopleMedia #အာဆီယံအထူးကိုယ်စားလှယ် #UEC #USDP

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post