• Follow Us on
Latest News

Home အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ကမ္ဘောဒီယားဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၇ ရက် နေ့၌ လာရောက်မည်၊ ကမ္ဘောဒီယားဝန်ကြီးချုပ်၏ ခရီးစဉ်၌ မြန်မာနိုင်ငံရှိ အထင်ကရ ဘုရားစေတီအချို့ကို သွားရောက်ဖူးမျှော်မည်

အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ကမ္ဘောဒီယားဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၇ ရက် နေ့၌ လာရောက်မည်၊ ကမ္ဘောဒီယားဝန်ကြီးချုပ်၏ ခရီးစဉ်၌ မြန်မာနိုင်ငံရှိ အထင်ကရ ဘုရားစေတီအချို့ကို သွားရောက်ဖူးမျှော်မည်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၇ (People Media)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဖိတ်ကြားချက်ကြောင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ မည့် ကမ္ဘောဒီယားဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၇ ရက်နေ့၌ လာရောက်မည်ဖြစ်ကြောင်း တာဝန်ရှိ သူအချို့က People Media ကို ပြောပါတယ်။

 

ကမ္ဘောဒီယားဝန်ကြီးချုပ်သည် မြန်မာနိုင်ငံ၌ နှစ်ရက်ကြာ လာရောက်မည်ဖြစ်သလို န-စ-ကဥက္ကဋ္ဌအပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ အလားတူ ကမ္ဘောဒီယားဝန်ကြီးချုပ်သည် မြန်မာနိုင်ငံရှိ အထင်ကရ ဘုရားစေတီအချို့ကို သွားရောက်ဖူးမျှော်ရန် ရှိကြောင်းလည်း သိရပါတယ်။

 

ထို့အတူ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့ နံနက်ပိုင်း၌ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကမ္ဘောဒီယားဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပါတယ်။

 

#PeopleMedia #နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်

 

(unicode)


……………………………………………………….

 


 


 


 


 



Share this post