• Follow Us on

Home အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ပရက်ဆခုန် မြန်မာနိုင်ငံကိုလာရောက်ရန် ရက်သတ်မှတ်

အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ပရက်ဆခုန် မြန်မာနိုင်ငံကိုလာရောက်ရန် ရက်သတ်မှတ်

Share this post

နိုင်ငံတကာ၊ မတ် ၃

 

အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ပရက်ဆခုန်ဟာ သူ့ရဲ့ပထမဦးဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို မတ်လ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ သွားရောက်မယ်လို့သိပါတယ်။

 

ဒီခရီးစဉ်နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်ကို ကမ္ဘောဒီးယားနိုင်ငံခြားရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ကြေညာခဲ့တာဖြစ်ပါတယ်။

 

ပရက်ဆခုန်အနေနဲ့ မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေမြှင့်တင်ဆောင်ရွက်ပေးနိုင်ဖို့အတွက် မတ်လဒုတိယပတ်ထဲမှာ မြန်မာနိုင်ငံကိုသွားရောက်မှာဖြစ် တဲ့အကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံကိုလာရောက်မယ့်ရက်ကို ဆွေးနွေးသတ်မှတ်ပြီးသွားပြီလို့ သိရပါတယ်။ အခုလာမယ့်ခရီးစဉ်ဟာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အာဆီယံခေါင်းဆောင်တွေချမှတ်ခဲ့တဲ့ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်အောင်လို့ စီစဉ်ဆောင်ရွက်တဲ့ခရီးစဉ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

Ref: Prak Sokhon, ASEAN Chair’s special envoy to visit Myanmar this month, dates fixed

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 

Ref: Prak Sokhon, ASEAN Chair’s special envoy to visit Myanmar this month, dates fixed

 

#PeopleMedia


Share this post