• Follow Us on

Home အာဆီယံခေါင်းဆောင်များ မြန်မာနှင့်အတူ ရပ်တည်ရန် ဒူတာတေးပြော

အာဆီယံခေါင်းဆောင်များ မြန်မာနှင့်အတူ ရပ်တည်ရန် ဒူတာတေးပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၇ (People Media)

 

အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးအတွက် ၎င်းတို့၏စည်းလုံးညီ ညွတ်မှုစွာ ကြိုးပမ်းဆောင်ရွက်နေမှုကို ရပ်တန့်မပစ်ရန်လိုအပ်ကြောင်း ပြောဆိုရင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူ တာတေးက မြန်မာနိုင်ငံ နိုင်ငံရေးအရှုပ်အထွေးများတွင်ပါဝင်ပတ်သက်နေရသည့်ကာလအတွင်း မြန်မာနိုင်ငံနှင့် အတူရပ်တည်ရန် အာဆီယံခေါင်းဆောင်များကို တိုက်တွန်းလိုက်သည်။

 

အောက်တိုဘာလ ၂၆ ရက်နေ့က ၃၈ ကြိမ်နှင့် ၃၉ ကြိမ်မြောက် အာဆီယံအစည်းအဝေး ကျင်းပနေချိန်တွင် ဖိလစ်ပိုင်သမ္မတ၏ မလက်ကာနန်နန်းတော်မှ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ သမ္မတနန်းတော်အမှု ဆောင်အရာရှိချုပ်က “မြန်မာပြည်သူများ၏ အကျိုးစီးပွားအလို့ငှာ မြန်မာနိုင်ငံသည် ဝရုန်းသုန်းကားအခြေအ နေမှ ငြိမ်းချမ်းသောအဆုံးသတ်မှုတစ်ခုဆီသို့ ဆိုက်ရောက်သွားလိမ့်မည်ဖြစ်ကြောင်း” ပြောဆိုခဲ့သည်။

 

မြန်မာ့နိုင်ငံရေးကစားသူများအနေဖြင့် အပြုသဘောဆောင်သည့်ဆွေးနွေးမှုများပြုလုပ်ရမည်ဖြစ်ပြီး ယင်းသို့ပြု လုပ်နိုင်ရန်အတွက် အာဆီယံအထူးသံတမန်ဖြစ်သော ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး အျားဝန်ယူဆွတ်ကို ဝင်ရောက်ခွင့်ပေးရမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတက ပြောဆိုခဲ့သည်။

 

ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးယူဆွတ်သည် မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွန်ခဲ့သည့် ကိုး လမှ ယခုအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရသော အစိုးရခေါင်းဆောင်များကို တွေ့ဆုံခွင့်ရရှိရန် ကြိုးစားခဲ့ ရာ ၎င်းအား လက်ရှိစစ်အစိုးရက ပြည်ဝင်ခွင့်မပြုခဲ့ပေ။

 

ဘရူနိုင်းက အိမ်ရှင်အဖြစ်ဦးဆောင်ကျင်းပခဲ့သည့် အာဆီယံအစည်းအဝေးကို မြန်မာကိုယ်စားလှယ်မပါဘဲ ကျင်းပခဲ့ကြသည်။ မြန်မာစစ်အစိုးရခေါင်းဆောင်ကို အာဆီယံအစည်းအဝေးတက်ရောက်ခွင့်မပြုသည့်အတွက် ဆန္ဒပြသည့်အနေဖြင့် မြန်မာဘက်က ကိုယ်စားလှယ်စေလွှတ်ခြင်းမရှိခဲ့ကြောင်းသိရသည်။

 

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ ဧပြီလအ တွင်းကသဘောတူညီထားခဲ့သော ငြိမ်းချမ်းရေးအစီအစဉ်ကို မြန်မာဘက်က အကောင်အထည်ဆောင်ရွက်ရန် ပျက်ကွက်မှုကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေးတက်ရောက်ခွင့် ဖိတ်ကြားခြင်းမ ပြုရန် အာဆီယံအဖွဲ့က ဆုံးဖြတ်ခဲ့ြ့ခင်းဖြစ်သည်။

 

Ref: Duterte to Asean: ‘Stand with Myanmar’

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 

Ref: Duterte to Asean: ‘Stand with Myanmar’

 

#PeopleMedia


Share this post