• Follow Us on

Home အာဆီယံ-ရုရှား ရေတပ်ဆိုင်ရာလေ့ကျင့်ခန်းသို့ တက်ရောက်ခဲ့သော တပ်မတော်(ရေ)မှ စစ်ရေယာဉ် (ကျန်စစ် သား) ပြန်လည်ရောက်ရှိ

အာဆီယံ-ရုရှား ရေတပ်ဆိုင်ရာလေ့ကျင့်ခန်းသို့ တက်ရောက်ခဲ့သော တပ်မတော်(ရေ)မှ စစ်ရေယာဉ် (ကျန်စစ် သား) ပြန်လည်ရောက်ရှိ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၇ (People Media)

 

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကမ်းလွန်ပင်လယ်ပြင်တွင် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက် အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-ရုရှား ရေတပ်ဆိုင်ရာလေ့ကျင့်ခန်း ASEAN-RUSSIA Naval Exercise(ARNEX-2021) သို့ တက် ရောက်ခဲ့သော တပ်မတော်(ရေ)မှ ဗိုလ်မှူးချုပ် ဇော်ဇော်လတ် ဦးဆောင်သည့် စစ်ရေယာဉ်(ကျန်စစ်သား)သည် ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အာဆီယံ-ရုရှားရေတပ်ဆိုင်ရာလေ့ကျင့်ခန်းသို့ တက်ရောက်ရန်အတွက် စစ်ရေယာဉ်(ကျန်စစ်သား) သည် နိုဝင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာခဲ့ပြီး၊ ASEAN-RUSSIA Naval Exercise (ARNEX-2021) ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

စစ်ရေယာဉ်(ကျန်စစ်သား)သည် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ အာဆီယံနှင့် ရုရှားရေတပ်တို့မှ စစ်ရေ ယာဉ်များ၊ လေယာဉ်/ရဟတ်ယာဉ်များနှင့်အတူ ဆူမတြား ကမ်းလွန်ပင်လယ်ပြင်တွင် ရေယာဉ်များပုံပြု မောင်းနှင်ခြင်း၊ သံသယ ဖြစ်ဖွယ်ရေယာဉ် များအား ရှာဖွေထောက်လှမ်းခြင်းနှင့် ရေယာဉ်ပေါ်သို့ တက်ရောက် ရှာဖွေစီးနင်းခြင်း၊ အချက်ပြဆက်သွယ်ခြင်း၊ ကာကင်းထုတ် ချီတက်ခြင်း ၊ ပျက်စီးထိန်းဆောင်ရွက်မှု၊ စစ်နည်း ဗျူဟာဆိုင်ရာသင်ခန်းစာများ အပြန်အလှန်မေးမြန်းခြင်း၊ ပင်လယ်ပြင် ထောက်ပံ့ဖြည့်တင်းရေးဆောင်ရွက်ခြင်း၊ ရေယာဉ်များပေါ်သို့ ရဟတ်ယာဉ်ဆင်းသက် ခြင်း၊ ညအချိန်ရေယာဉ်အုပ်လိုက် ချီတက်ခုတ်မောင်းခြင်း၊ ရှာဖွေ ကယ်ဆယ်ရေးစသည့် လေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အာဆီယံ-ရုရှား ရေတပ်ဆိုင်ရာလေ့ကျင့်ခန်း ASEAN-RUSSIA Naval Exercise (ARNEX- 2021)တွင် မြန်မာ နိုင်ငံမှ စစ်ရေယာဉ်(ကျန်စစ်သား)၊ ရုရှားနိုင်ငံမှ ဖျက်သင်္ဘော Admiral Panteleyev တို့ အပါအဝင် အင်ဒိုနီး ရှား၊ မလေးရှား၊ ဘရူနိုင်း၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ စစ်ရေယာဉ် ၈ စီး၊ ရဟတ်ယာဉ် ၃ စင်းနှင့် ပင်လယ်ရေကြောင်းကင်းထောက်လေယာဉ် ၁ စင်းတို့ ပါဝင်ခဲ့ကြပြီး လာအို၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံ တို့မှ  လေ့လာသူကိုယ်စားလှယ်များ စေလွှတ်တက်ရောက်ခဲ့ကြသည်။ ယခု လေ့ကျင့်ခန်းသည် ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား နှစ်ပေါင်း ၃၀ ကြာ ဆက်ဆံရေးခိုင်မြဲသည့် အထိမ်းအမှတ်အဖြစ် ဒေသတွင်းတည် ငြိမ်အေးချမ်းမှု၊ လုံခြုံမှုနှင့်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ရရှိရန် လေ့ကျင့်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံနှင့် မဟာဗျူဟာမြောက် အာဆီယံမိတ်ဖက်နိုင်ငံများအကြား သမိုင်းစာမျက်နှာသစ်တစ်ခု ဖွင့် လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အာဆီယံ-ရုရှားရေတပ်များ ပူးတွဲလေ့ကျင့်သည့် ပထမဦးဆုံးသော ရေတပ်လေ့ ကျင့်ခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

 

Photo – Russian Mission to ASEAN

 

#PeopleMedia #တပ်မတော်ရေ

 

(unicode)


……………………………………………………

 


 


 


 


 


 

Photo – Russian Mission to ASEAN

 



Share this post