• Follow Us on

Home အာဏာစြန္႔ရန္ျပင္ဆင္ထားဟု ထရမ့္အရိပ္အေယာင္ျပ

အာဏာစြန္႔ရန္ျပင္ဆင္ထားဟု ထရမ့္အရိပ္အေယာင္ျပ

Share this post

ဝါ႐ွင္တန္၊ ႏို၀င္ဘာ ၂၇

ေ႐ြးေကာက္ပြဲႀကီးၾကပ္ေရးအဖြဲ႕က ဂ်ိဳး ဘိုင္ဒန္ကို အေမရိကန္သမၼတသစ္အျဖစ္ တရား၀င္အတည္ျပဳပါက အိမ္ျဖဴေတာ္မွထြက္ခြာရန္ ျပင္ဆင္ထားေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္ကေျပာသည္။

ႏို၀င္ဘာ ၃ ရက္ သမၼတေ႐ြးေကာက္ပြဲတြင္ ႐ွံဳးနိမ့္ေၾကာင္း သမၼတထရမ့္က ၀န္မခံေသးဘဲ အ႐ွံဳးကို၀န္ခံရန္ခ က္ခဲလိမ့္မည္ဟု ၾကာသပေတးေန႔တြင္ သတင္းေထာက္မ်ားကိုေျပာသည္။

အေမရိကန္သမၼတမ်ားကိုေ႐ြးခ်ယ္ရန္အသံုးျပဳေသာေ႐ြးေကာက္ပြဲႀကီးၾကပ္ေရးစနစ္အရ မစၥတာ ဘိုင္ဒန္က ၃၀၆ မဲရထားၿပီး မစၥတာ ထရမ့္က ၂၃၂ မဲရထားသည္။

ရလဒ္သည္ သမၼတျဖစ္ရန္ အနည္းဆံုးလိုအပ္ေသာ ၂၇၀ ထက္ပိုမ်ားေနၿပီး မဲအေရအတြက္လည္း ၆ သန္းေက်ာ္ပိုမ်ားထားသည္။

ဒီဇင္ဘာလတြင္ မဲရလဒ္ကို ေ႐ြးေကာက္ပြဲႀကီးၾကပ္ေရးအဖြဲက အတည္ျပဳမည္ျဖစ္ၿပီး ဇန္နဝါရီ ၂၀ ရက္တြင္ ဘိုင္ဒန္က သမၼတအျဖစ္က်မ္းက်ိန္ရန္႐ွိေနသည္။

ယခုတပတ္အတြင္း အာဏာလႊဲေျပာင္းေရးကိစၥရပ္မ်ားတရား၀င္စတင္ရန္ သမၼတ ထရမ့္က သေဘာတူခဲ့သည္။

Ref : US election: Trump signals he is prepared to leave White House

#PeopleMedia

(unicode)
အာဏာစွန့်ရန်ပြင်ဆင်ထားဟု ထရမ့်အရိပ်အယောင်ပြ
…………………………………..

ဝါရှင်တန်၊ နိုဝင်ဘာ ၂၇

ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့က ဂျိုး ဘိုင်ဒန်ကို အမေရိကန်သမ္မတသစ်အဖြစ် တရားဝင်အတည်ပြုပါက အိမ်ဖြူတော်မှထွက်ခွာရန် ပြင်ဆင်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကပြောသည်။

နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ကြောင်း သမ္မတထရမ့်က ဝန်မခံသေးဘဲ အရှုံးကိုဝန်ခံရန်ခ က်ခဲလိမ့်မည်ဟု ကြာသပတေးနေ့တွင် သတင်းထောက်များကိုပြောသည်။

အမေရိကန်သမ္မတများကိုရွေးချယ်ရန်အသုံးပြုသောရွေးကောက်ပွဲကြီးကြပ်ရေးစနစ်အရ မစ္စတာ ဘိုင်ဒန်က ၃၀၆ မဲရထားပြီး မစ္စတာ ထရမ့်က ၂၃၂ မဲရထားသည်။

ရလဒ်သည် သမ္မတဖြစ်ရန် အနည်းဆုံးလိုအပ်သော ၂၇၀ ထက်ပိုများနေပြီး မဲအရေအတွက်လည်း ၆ သန်းကျော်ပိုများထားသည်။

ဒီဇင်ဘာလတွင် မဲရလဒ်ကို ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲက အတည်ပြုမည်ဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက်တွင် ဘိုင်ဒန်က သမ္မတအဖြစ်ကျမ်းကျိန်ရန်ရှိနေသည်။

ယခုတပတ်အတွင်း အာဏာလွှဲပြောင်းရေးကိစ္စရပ်များတရားဝင်စတင်ရန် သမ္မတ ထရမ့်က သဘောတူခဲ့သည်။

Ref : US election: Trump signals he is prepared to leave White House

#PeopleMedia


Share this post