• Follow Us on

Home အာဏာရပါတီအသာရရှိရေးရည်ရွယ်ချက်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရွေးကောက်ပွဲမပြုလုပ်ခြင်းဟု ဦးကျော်ဇေယျဝေဖန်

အာဏာရပါတီအသာရရှိရေးရည်ရွယ်ချက်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရွေးကောက်ပွဲမပြုလုပ်ခြင်းဟု ဦးကျော်ဇေယျဝေဖန်

Share this post

ရန်ကုန်၊ ​အောက်တိုဘာ ၁၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရွေးကောက်ပွဲမပြုလုပ်ခြင်းမှာ အာဏာရပါတီအသာရရှိရေးရည်ရွယ် ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှဒုတိယဥက္ကဌဦးကျော်ဇေယျက ဝေဖန်ပြောကြားလိုက်ပါတယ်။
ကိုဗစ်ကြောင့်လဲရွေးကောက်ပွဲ ဧရိယာပိတ်ပင်လိုက်တာမဟုတ်ဘူး။တရားဥပဒေစိုးမိုးမှုအပိုင်းမှာ လုံခြုံ မှုအပိုင်းမှာ အားနည်းလားအားသာလားဆိုတာကအဲ့ဒါသက်သေပဲ။ရခိုင်ကနေရာတွေရှမ်းပြည်ကနေရာတွေ လက်ရှိအာ ဏာရပါတီရဲ့ အနေအထားကမကောင်းဘူးလေ။အဲ့ဒါတွေကလည်းအခုပိတ်တဲ့သဘောမျိုးဖြစ်နေ တယ်။အဖြေကဘာကြောင့်လဲဆိုတာ သေချာကြည့်ရင်ရပါတယ်။အာဏာရပါတီ အစိုးရရဲ့အနေအထားမကောင်းတဲ့အနေအထားဖြစ်နေတဲ့အတွက် ကိုယ့်ရဲ့လုပ်ပိုင်ခွင့်အာဏကို အပြည့်အဝအသုံးချဖို့အတွက် ကိုဘယ်ကိုအားသာစေမယ့်နည်းလမ်းကိုရွေးလိုက်ခြင်းဖြစ်တယ်ဟု ဦးကျော်ဇေယျ က ပြောပါတယ်။
ထို့အပြင် ရွေးကောက်ပွဲကော်မရှင်မှာလည်း အစိုးရ၏ အကြိုက်လိုက်ပါဆောင်ရွက်ပေးသည့်သဘောမျိုးမဖြစ်သင့်ဟု ဦးကျော်ဇေယျကဆိုသည်။
UEC အနေနဲ့လည်း တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုတာက တော့ ဒီလုပ်ရက်ကိုကြည့်ချင်းအားဖြင့် သိနေပါပြီ။UEC ကော်မရှင်နဲ့ပတ်သက်တဲ့ထုတ်ပြန်တဲ့အမိန့်တွေညွန်ကြားချက်တွေ ရွေးကောက်ပွဲကော်မရှင်ရဲ့ သဘောထားနဲ့ပဲထုတ်ပြန်သင့်တယ်။အခုတော့နိုင်ငံတော်သမ္မတကြီးကလည်းထုတ်လိုက် နိုင်ငံတော်အတိုင်ပ င်ခံကပြောတဲ့ဟာကို ဖမ်းပြီးနောက်ကနေအကောင်အထည်ဖော်တာကို ထင်ထင်ရှားရှားတွေ့နေရတဲ့အတွက် ဒီလိုလွှမ်းမိုးမိတာကတော့ တရားမျှတမူမရှိနိုင်ပါဘူးဟု ၄င်းကဝေဖန်သည်။
ထိုသို့ ကြေညာထားသည့် နေရာများအားမည်သည့်အတွက်ကြောင့်ရွေးကောက်ပွဲမပြုလုပ်ရသည်ကို ရှင်းရှင်း လင်းထုတ်ပြန်ထားခြင်းမရှိသည့်အပေါ်လည်း နိုင်ငံရေးပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်လျက်ရှိသည်။
#PeopleMedia #ဦးကျော်ဇေယျ #2020election
(Unicode)
အာဏာရပါတီအသာရရှိရေးရည်ရွယ်ချက်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရွေးကောက်ပွဲမပြုလုပ်ခြင်းဟု ဦးကျော်ဇေယျဝေဖန်
……………………….
ရန်ကုန်၊ ​အောက်တိုဘာ ၁၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရွေးကောက်ပွဲမပြုလုပ်ခြင်းမှာ အာဏာရပါတီအသာရရှိရေးရည်ရွယ် ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှဒုတိယဥက္ကဌဦးကျော်ဇေယျက ဝေဖန်ပြောကြားလိုက်ပါတယ်။
ကိုဗစ်ကြောင့်လဲရွေးကောက်ပွဲ ဧရိယာပိတ်ပင်လိုက်တာမဟုတ်ဘူး။တရားဥပဒေစိုးမိုးမှုအပိုင်းမှာ လုံခြုံ မှုအပိုင်း မှာ အားနည်းလားအားသာလားဆိုတာကအဲ့ဒါသက်သေပဲ။ရခိုင်ကနေရာတွေရှမ်းပြည်ကနေရာတွေ လက်ရှိအာ ဏာရပါတီရဲ့ အနေအထားကမကောင်းဘူးလေ။အဲ့ဒါတွေကလည်းအခုပိတ်တဲ့သဘောမျိုးဖြစ်နေ တယ်။အဖြေကဘာကြောင့်လဲဆိုတာ သေချာကြည့်ရင်ရပါတယ်။အာဏရပါတီ အစိုးရရဲ့အနေအထားမကောင်းတဲ့အနေအထားဖြစ်နေတဲ့အတွက် ကိုယ့်ရဲ့လုပ်ပိုင်ခွင့်အာဏကို အပြည့်အဝအသုံးချဖို့အတွက် ကိုဘယ်ကိုအားသာစေမယ့်နည်းလမ်းကိုရွေးလိုက်ခြင်းဖြစ်တယ်ဟု ဦးကျော်ဇေယျ က ပြောပါတယ်။
ထို့အပြင် ရွေးကောက်ပွဲကော်မရှင်မှာလည်း အစိုးရ၏ အကြိုက်လိုက်ပါဆောင်ရွက်ပေးသည့်သဘောမျိုးမဖြစ်သင့်ဟု ဦးကျော်ဇေယျကဆိုသည်။
UEC အနေနဲ့လည်း တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုတာက တော့ ဒီလုပ်ရက်ကိုကြည့်ချင်းအားဖြင့် သိနေပါပြီ။UEC ကော်မရှင်နဲ့ပတ်သက်တဲ့ထုတ်ပြန်တဲ့အမိန့်တွေညွန်ကြားချက်တွေ ရွေးကောက်ပွဲကော်မရှင်ရဲ့ သဘောထားနဲ့ပဲထုတ်ပြန်သင့်တယ်။အခုတော့နိုင်ငံတော်သမ္မတကြီးကလည်းထုတ်လိုက် နိုင်ငံတော်အတိုင်ပ င်ခံကပြောတဲ့ဟာကို ဖမ်းပြီးနောက်ကနေအကောင်အထည်ဖော်တာကို ထင်ထင်ရှားရှားတွေ့နေရတဲ့အတွက် ဒီလိုလွှမ်းမိုးမိတာကတော့ တရားမျှတမူမရှိနိုင်ပါဘူးဟု ၎င်းကဝေဖန်သည်။